ဘဝကို သုညကပြန်စရတဲ့ဘဝကို ဂုဏ်ယူစွာရွေးချယ်ခဲ့ပြီးဖြစ်လို့ နောင်တမရဘူးဆိုတဲ့ ဖြူဖြူကျော်သိန်း

Celebrity Local News
ဘဝကို သုညကပြန်စရတဲ့ဘဝကို ဂုဏ်ယူစွာရွေးချယ်ခဲ့ပြီးဖြစ်လို့ နောင်တမရဘူးဆိုတဲ့ ဖြူဖြူကျော်သိန်း

မြန်မာနိုင်ငံရဲ့ အသံပါဝါအားကောင်းတဲ့ အဆိုတော်ဖြူဖြူကျော်သိန်းနဲ့ ပရိသတ်ကို တရင်းတနှီးမိတ်ဆက်ပေးဖိုမလိုလောက် ဘူးထင်ပါတယ်။ဖြူဖြူကျော်သိန်းကိုတော့ “မိုးခါးရေ”သီချင်းဖြင့် ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားအောင်မြင်ကျော်ကြားနေတဲ့ အဆိုတော်တစ်လက်ပဲဖြစ်ပါတယ်။ ဖြူဖြူကျော်သိန်းကတော့ဖက်ရှင်အမိုက်စားအဝတ်အစားတွေဝတ်တာကြောင့် ပရိသတ်ရဲ့ အချစ်ကိုခံရတဲ့အဆိုတော်တစ်လက်ဆိုလည်းမမှားပါဘူး။

ဖြူဖြူကျော်သိန်းက အားလုံးသိပြီးတဲ့အတိုင်း ဆန်းသစ်တဲ့ အနုပညာဖန်တီးမှုတွေနဲ့ မြန်မာ့ဂီတလောကမှာ ထိပ်တန်းနေရာ ရယူထားနိုင်တဲ့ အဆိုရှင်တစ်ဦးပါ။အဆိုတော် ဖြူ ဖြူကျော်သိန်းက မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုအရေးယူခံထားရတာကြောင့် ဘေးကင်းရာကိုတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

အခုခါမှာတော့ သီချင်းအသစ်နဲ့ ပက်သက်ပီး ပရိသတ်ကြီးကို အသိပေးလာတာပဲဖြစ်ပါတယ် မဖြူက “Hello!ခုတလော ဖြူ YouTube မှာ သီချင်းလေးတွေ ခပ်စိတ်စိတ်တက်လာရင် မျက်စိ မနောက်ကြနဲ့နော် ©YouTube technical & policy issueကြောင့်အရင်တင်ထားဖူးတဲ့ သီချင်းအတော်များများ ပျက်သွားတာ မို့…ဖြူ team က ကြိုးစားပမ်းစား ပြန်တင်ပေးနေတာပါ။ သီချင်း နဲ့အတူ အရင်ရခဲ့ဖူးတဲ့ views, reacts & comments အကုန်ပျက်သွားတာမို့ စိတ်တော့မကောင်းဘူးရယ် ဒါပေမယ့်

၂၀၂၁ တည်းက ဘဝကိုတောင် သုညကပြန်စရတဲ့လမ်းကို ဂုဏ်ယူစွာရွေးခဲ့ပြီးသားမို့…အကျင့်တော့ရနေပါပြီလေ အရင်ကအားပေးဖူးတဲ့ ပရိသတ်ရော၊ ခုမှသိလို့ သီချင်း သစ်လိုအားပေးတဲ့ ပရိသတ်တွေ‌ရော အားလုံးကို ကျေးဇူးပါ” ဆိုပြီး သူမရဲ့သီချင်းသစ်တွေနဲ့ပက်သက်ပြီးပြောပြပေးလာတာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။