အိမ်နဲ့ ပိုင်ဆိုင်မှုအားလုံးကို ရောင်းချပြီး ကမ္ဘာပတ်နေတဲ့ စုံတွဲ

International News
အိမ်နဲ့ ပိုင်ဆိုင်မှုအားလုံးကို ရောင်းချပြီး ကမ္ဘာပတ်နေတဲ့ စုံတွဲ

ဖလော်ရီဒါပြည်နယ်က အငြိမ်းစားစုံတွဲတစ်တွဲဟာ ကမ္ဘာ့ပတ်ရင်း သူတို့ရဲ့နေ့စဉ်ဘဝကို ဖြတ်သန်းချင်ခဲ့တာပါ။ ဂျွန် နဲ့ဘီဗ် မာတင်ဆိုတဲ့ အဲဒီစုံတွဲဟာ ကမ္ဘာပတ်ခရီးထွက်ဖို့အတွက် သူတို့ရဲ့အိမ်နဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို ရောင်းချခဲ့ပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာမှာ ဖလော်ရီဒါပြည်နယ်က အငြိမ်းစားအသိုင်းအဝိုင်းဆီ သူတို့ရဲ့နေအိမ်ကို ရောင်းချခဲ့ပြီး သူတို့ရဲ့ပရိဘောဂနဲ့ ပစ္စည်းတွေကို ပရဟိတတွေဆီ လှူဒါန်းခဲ့ပါတယ်။ အခုအချိန်အထိ သူတို့စုံတွဲဟာ ဘဟားမား၊ ဗီယက်နမ်၊ ဘရာဇီး၊ မက္ကဆီကို၊ ရိုမေးနီးယား၊ အင်ဒိုနီးရှား၊ ကိုလံဘီယာ၊ ဂွါတီမာလာ၊ ဂရိနဲ့ နယူးဇီလန်နိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၉၂ နိုင်ငံလည်ပတ်ပြီးပါပြီ။

သားသမီး ၅ ဦးနဲ့ မြေး ၈ ယောက်ရှိတဲ့ သူတို့စုံတွဲဟာ သူတို့ရဲ့သားသမီးတွေကို သူတို့ ခရီးထွက်မှာဖြစ်တယ်လို့ ပြောခဲ့တာပါ။ ဒါဟာ သူတို့ရဲ့တစ်သက်တာခရီးအဖြစ်လည်း သုံးနှုန်းပြောဆိုခဲ့ပြီး ဘဝကို အကောင်းဆုံးနေထိုင်မှာဖြစ်လို့ သူတို့တွေအတွက် ကလေးတွေက ဝမ်းသာပီတိဖြစ်ကြပါတယ်။

သူတို့စုံတွဲက မြေးတွေ အရွယ်ရောက်လာတဲ့အချိန်ကျ သူတို့နဲ့အတူ ခရီးထွက်ဖို့လည်း မျှော်လင့်နေပါတယ်။ “မြေးတွေကို ကမ္ဘာပတ်ခရီးထွက်ဖို့ လက်ဆောင်ပေးချင်တယ်။ သူတို့ရဲ့ဘဝကို ပြောင်းလဲပေးချင်ပြီး ကမ္ဘာအနှံ့ သူတို့လေးတွေကို ခေါ်သွားရဖို့ မျှော်လင့်တယ်” လို့ ဘီဗ်က ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။