မဖြစ်စေတဲ့ကိစ္စတွေမဖြစ်ရအောင် ပြုလုပ်ရသောအလှူ

Astrology
မဖြစ်စေတဲ့ကိစ္စတွေမဖြစ်ရအောင် ပြုလုပ်ရသောအလှူ

ကျွန်တော့်အဘ မင်းသိင်္ခပြောခဲ့ဖူးတဲ့နည်းလေး ရှိပါတယ်။ဘာကိစ္စပဲဖြစ်ဖြစ် မိမိမဖြစ်စေလိုတဲ့ကိစ္စတွေကို စာရွက်တစ်ရွက်ပေါ်မှာရေးပြီး မုန့်ဆီကြော်ကြားမှာ ညှပ်ပြီးမြတ်စွာဘုရားရှင်ကိုဆွမ်းတော်ကပ်လှူရင်းသစ္စာပြု တိုင်တည်ရမယ် မုန့်ဆီကြော်အရေအတွက်ကလည်း မ ဂဏန်းအရေအတွက်ဖြစ်ရမယ်လို့ လမ်းပြသွားဖူးပါတယ်။

နောက်ပြီး ပညတ်သွားရာ ဓါတ်သက်ပါဖို့မရွေးမုန့်ကို မ ဂဏန်းအရေအတွက်နဲ့စီစဥ်ပြီး
မိမိရဲ့ဓါတ်ပုံပေါ်မှာတင်ရင်း ဆွမ်းကပ်သစ္စာဆိုပေးရတယ်လို့ဆိုပါတယ်။

ဥပမာ ဦးတိုး ဒေါ်စိုးတို့၏သား ကြာသပတေးသား မောင်မိုးရာထူးတိုး အရွေးမခံရချင်ပါ ။ရာထူးတို့မည့်အဖွဲ့ထဲ အမည်စာရင်းထဲ မပါ။ချင်ပါ စသည်ဖြင့် ရေးထားပါ ထိုစာရွက်လေးကိုနှစ်ခေါက်ခေါက်ပြီး မုန့်ဆီကြော် ၃ခု သို့မဟုတ် ၅ ခုသို့မဟုတ် ၇ ခု စသည်ဖြင့် မ ဂဏန်းအရေအတွက်ကြားတွင် ရေးထားသောစာရွက်ခေါက်လေးကိုညှပ်ထားပြီး နေအိမ်ဘုရားမှာဖြစ်စေ တန်ခိုးကြီး ဘုရားစေတီမှာဖြစ်စေဆွမ်းကပ် သစ္စာပြုပါ။မောင်စိုး၏ လတ်တလော ရိုက်ကူးထားသောဓါတ်ပုံပေါ်တွင် ကြွေးပန်းကန်တစ်ချပ်ခံ၍မရွေးမုန့် ၃ ခု သို့မဟုတ် ၅ ခု သို့မဟုတ် ၇ ခုတင်၍ ဆွမ်းကပ်ဆုတောင်းသစ္စာပြုပါမဖြစ်စေချင်သောကိစ္စများကြုံလာတိုင်းလှူဒါန်းနိုင်ပါတယ် ။ကံတရားရဲ့အထောက်အပံ့ကောင်းတွေနဲ့ကြုံရတတ်ပါတယ်ခင်ဗျာ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။