ကြက်ကြော်မစားဖူးကြတဲ့ မသန်မစွမ်းကလေးတွေအတွက် ကုသိုလ်လေးတစ်ခုပြုလုပ်ခဲ့တဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံ

Celebrity Local News
ကြက်ကြော်မစားဖူးကြတဲ့ မသန်မစွမ်းကလေးတွေအတွက် ကုသိုလ်လေးတစ်ခုပြုလုပ်ခဲ့တဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံ

သရုပ်ဆောင် စမိုင်းလ်ကတော့ အနုပညာလောကကို ဝင်ရောက်ခဲ့ပြီးပြီးချင်းမှာပဲ ရုပ်ရှင်ဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ရင်း သူမရဲ့ တမူထူးခြားတဲ့ ကာရိုက်တာ အကျင့်လေးကြောင့် ပရိသတ်တွေ သတိထားမိပြီး အားပေးခဲ့ကြတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အနုပညာနယ်ပယ်ကနေထွက်ခွာသွားပြီး ခင်ပွန်းဖြစ်သူနဲ့အတူ နိုင်ငံခြားမှာအခြေချနေထိုင်ဖို့ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် စမိုင်းလ်တို့က အမေရိကန်နိုင်ငံမှာ တန်ဖိုးကြီးစံအိမ်ကြီးတစ်ခုကို ဝယ်ယူထားပြီး ကျိကျိတက်ချမ်းသာတဲ့ အခြေအနေကို ရောက်ရှိနေတဲ့ သူဌေးမကြီးတယောက်ဖြစ်လို့နေပါပြီ။သူတို့ဟာငယ်စဉ်ဘဝကရုန်းကန်ရကြောင်းကို အမြဲပြောပြ လေ့ရှိတာပါ။ သူမနဲ့သူမခင်ပွန်းတို့ရဲ့ငယ်စဉ်ကတည်းက တူတူကြိုးစားမှုတွေကြောင့်ယခုလိုအောင်မြင်နေတဲ့သူတွေဖြစ်လာတာပါ။

အခုတစ်ခါမှာတော့ ကြက်ကြော်တစ်ခါမှမစားဖူးတဲ့ မသန်မစွမ်းကလေးငယ်တွေကို တစ်နေ့တာအာဟာရ ဒါနပြုလုပ်ဖြစ်ခဲ့တဲ့ ပုံရိပ်လေးတွေကိုဝေမျှပေးလာတာပဲဖြစ်ပါတယ်။”ယနေ့ကုသိုလ် မသန်စွမ်းကလေးငယ်တွေကျောင်းအာဟာရတစ်နေ့တာ.. ကြက်ကြော်မစားဖူးဘူးဆိုလို့ကြက်ကြော်လေးနဲ့ရေခဲမုန့်ကျွေး ” ဆိုပြီး သူမရဲ့ facebook အကောင့်ကနေ ဝေမျှပေးလာတာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။