Birthday show ပွဲကို လက်မှတ်တစ်စောင်ကို တစ်သိန်းနဲ့ရောင်းလို့ အကြီးအကျယ်ဝေဖန်ခံနေရတဲ့ စိုင်းစိုင်းခမ်းလှိုင်

Celebrity Local News
Birthday show ပွဲကို လက်မှတ်တစ်စောင်ကို တစ်သိန်းနဲ့ရောင်းလို့ အကြီးအကျယ်ဝေဖန်ခံနေရတဲ့ စိုင်းစိုင်းခမ်းလှိုင်

အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ကတော့ ဂီတလောကမှာ အတော်ကြာကျင်လည်ခဲ့ပြီး အောင်မြင်မှုကိုရေရှည် ကြာကြာထိန်းသိမ်းနိုင်တဲ့ ထိ်ပတန်း ဟစ်ဟော့အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ လူကြီးလူငယ်မရွေး ကြိုက်ကြတဲ့ သီချင်းတွေကို ရေးစပ်သီဆိုလေ့ရှိသူဖြစ်ပါတယ်။ စိုင်းစိုင်းက ဂီတလောကမှာသာမက ရုပ်ရှင်လောကမှာလည်း အောင်မြင်မှုတွေရရှိခဲ့ပါသေးတယ်။ သကြ်န်ရုပ်ရှင် ” ပိတောက်ကတဲ့ဂီတ” ဇာတ်လမ်းတွဲမှာဆိုရင် ပိုးမမှီသာနဲ့ အတူတွဲသရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေတခဲနက်အားပေးခဲ့ကြပြီး အောင်မြင်ခဲ့တာဖြစ်ပါတယ်။

ပိတောက်ကတဲ့ဂီတ ( Padauk Musical ) Official Trailer - YouTube

အခုတစ်ခါမှာတော့ စိုင်းစိုင်းခမ်းလှိုင် မွေးနေ့ ဖြစ်သည့် ဧပြီ ၁၀ ရက်တွင် ရန်ကုန်မြို့ Inya Lake Garden ၌ Show ပွဲ ပြုလုပ်မည်ဖြစ်ပြီး ဝင်ကြေးအဖြစ် တစ်ဦးလျှင် ငွေကျပ် တစ်သိန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါတယ်။အဆိုတော် စိုင်းစိုင်းခမ်းလှိုင် မွေးနေ့ ဖြစ်သည့် ဧပြီ ၁၀ ရက်တွင် မွေးနေ့ အမှတ်တရ Show ပွဲအား အမှတ် ၃၇-B ၊ ဦးထွန်းငြိမ်းလမ်း၊ Inya Lake Garden Compound Mayangone တွင်ပြုလုပ်မည်ဖြစ်ပြီး လက် မှတ်များအား ဧပြီလ အစပိုင်းမှ စတင်ကာ ရောင်းချလျက်ရှိကြောင်း သိရသည်။

လက်မှတ်များအား အွန်လိုင်းမှ ရောင်း ချလျှက်ရှိကာ လက်မှတ်များဝယ်ယူနိုင်မည်ဖြစ်ပြီး ဝယ်ယူနိုင်မည့် KBZ Pay, KBZ Bank Account, AYA Bank Account နှင့် CB Bank Account များ၏ ဖုန်းနံပါတ်များမှာ လူမှုကွန်ရက်စာ မျက်နှာများတွင် ပျံ့နှံ့လျှက်ရှိသည်။ငွေလွှဲစလစ်တွင် မှတ်ချက်အနေဖြင့် April 10 ဟု ရေးပေးရန်နှင့် ငွေလွှဲစလစ်ပို့ ပေးရန်လိုကြောင်း သိရသည်။

“လက်မှတ်က တစ်သိန်းပါ။ဝင်ကြေးပါ။ ကျန်တာဘာမှ မပါပါဘူး။ဝင်ကြေးတစ်သိန်း က Stand ပါ။လူသုံးထောင်ဆံ့ပါတယ်” ဟု Inya Lake Garden မှ စုံစမ်းသိရှိရသည်။
ဧပြီ ၁၀ ရက်တွင် Show ပွဲ ပြုလုပ်မည်ကို စိုင်းစိုင်းခမ်းလှိုင်၏ Fan Group များမှ စတင်ပျံ့နှံ့သွားခြင်းဖြစ်ကြောင်း သိရ သည်။

“မကြည့်ရတာ ကြာပြီလေ။လက်မှတ် လည်း မှာပြီးပါပြီ။စိုင်းစိုင်းဖန်တွေ ကနေ မွေးနေ့ရှိုးလုပ်မယ်ဆိုတာကို သိရလို့ လိုက်စုံစမ်းကြည့်ရင်း သိသွားတာပါ” ဟု ဧပြီ ၁၀ ရက်တွင် ရန်ကုန်မြို့ Inya Lake Garden ၌ ပြုလုပ်မည့် Show ပွဲ လက် မှတ်ဝယ်ယူခဲ့သူတစ်ဦးက ပြောကြားသည်။အဆိုတော် စိုင်းစိုင်းခမ်းလှိုင်မှာ ၂၀၀၄ ခုနှစ်မှစတင်ကာ Birthday Show အား ပြု လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် နောက်ဆုံး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခု Show ပွဲ လက်မှတ် မှာ ၎င်းပြုလုပ်ခဲ့သည့်ပွဲများအနက် ဈေးအကြီးဆုံးဖြစ် ကြောင်းသိရသည်။

ရေးသားသူ –Hall of Fame

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။