အကြပ်အတည်းကြားမှာထပ်မလွဲမှားဖို့ ယတြာ

Astrology
အကြပ်အတည်းကြားမှာထပ်မလွဲမှားဖို့ ယတြာ

အခုတခါမှာတော့ နေ့စဉ်နေ့အလိုက် ရှောင်သင့်သော အလုပ်ကိစ္စနှင့် မလွှဲမရှောင်သာ လုပ်ရပါမည်ဆိုပါက ယတြာပြုသင့်ကြောင်းလေးကို ပရိသတ်အား ကျွန်တော် ပေးလိုက်ပါသည် ။

(၁)တနင်္ဂနွေနေ့တွင် အထည်အလိပ် ၊ ထီး ၊ ထီ ၊ ဖိနပ် ရောင်းဝယ်ရေးလုပ်ငန်း စကားပြောလိုက ရှောင်သင့်ပါသည် ။ ဝယ်လိုပါကလည်း ရှောင်သင့်ပါသည် ။
မလွှဲမရှောင်သာ ရောင်းဝယ်မှု ပြုလိုပါကမြတ်စွာဘုရားအား မုန့်ဟင်းခါးဆွမ်း လှူဒါန်းပြီး မိမိ လက်ရှိဝတ်ထားသော အဝတ်များကို ရေစိမ်ပြီးမှ ပြုလျှင် ပို၍ အဆင်ပြေပါလိမ့်မည် ။

(၂)တနင်္လာနေ့တွင် အိမ်တက်ခြင်း ၊ အိမ် ရောင်းခြင်း ၊ အလုပ်သစ်လျှောက်လွှာပေးပို့ခြင်းမှာ မထင်မှတ်သော အခက်အခဲကို ကြုံဆုံရတတ်ပါသည် ။
အကယ်၍ မဖြစ်မနေဆောင်ရွက်ရမည်ဆိုပါက ဆွမ်းထမင်းပေါ်တွင် နို့ဆီဆမ်းပြီး လှူရပါမည် ။ ပြီးနောက် မိမိအိမ်တွင်သုံးသော အိုးခွက်အချို့ ရေဆေးပြီးမှ ဆောင်ရွက်သင့်၏ ။

(၃)အင်္ဂါနေ့တွင် ငွေကြေးချေးငှား အပေးအယူ စာချုပ်ချုပ်ဆိုခြင်း ၊ ဆွေးနွေးခြင်းတို့ ပြုလုပ်ပါက မထင်မှတ်ဘဲ ပျက်ပြယ်တတ်၏ ။
မလွှဲမရှောင်သာ ပြုလုပ်ရမည်ဆိုပါက အုန်းထမင်း နှင့် သောက်တော်ရေ လှူဒါန်းပြီး ကိတ်မုန့်ကို ချေမွပြီး မိမိ အိမ်နောက်သို့ ပစ်လိုက်ခြင်းဖြင့် အဆင်ပြေနိုင်ပါလိမ့် မည် ။

(၄)ဗုဒ္ဓဟူးနေ့တွင် ဆေးဝါးကိစ္စ ၊ စက်ပစ္စည်းကိစ္စ ၊အင်္ဂါနံရောင်းဝယ်မှု ၊စာချုပ်ကိစ္စများ ဆောင်ရွက်ပါက ထိရောက်သေချာမှုမရှိ ပျက်ပြယ်တတ်လေသည် ။
မလွှဲမရှောင်သာ ကြုံရပါက အင်ကြင်းပန်းရလျှင် အင်ကြင်းပန်းလှူပါ ။ မရပါက ကိတ်မုန့် လေးနှင့်အတူ အနီရောင် ဖယောင်းတိုင်မီး ပူဇော်သင့်၏ ။ ပြီးနောက် ဆေးဘူးကွဲအဟောင်းများနှင့် ဆားအနည်းငယ်ကို အိမ်နောက် အမှိုက်ပုံးသို့ ထည့်ခြင်းဖြင့် သင့်တော်သော အောင်မြင်မှုရနိုင်ပါမည် ။

(၅)ကြာသပတေးနေ့တွင် သာမန်အရပ်သားများ ရုံးလုပ်ငန်းတွင် တွေ့ဆုံရခြင်း ၊ သားရေးသမီးရေးကိစ္စ ဆွေးနွေးခြင်း ၊ ရွှေနှင့် ရေထွက်ပစ္စည်း လုပ်ငန်းကိစ္စ ဆွေးနွေးခြင်း ရှောင်သင့်၏ ။ မလွှဲမရှောင်သာ ပြုလုပ်ရမည်ဆိုပါက ကြာဆံ ၊ ခေါက်ဆွဲကို ဆွမ်းအဖြစ် လှူဒါန်းပြီး မိမိအိမ်နောက်ရှိ ရေကန် ၊ ရေအိုးများ ဆေးကြောပြုပြင်ပြီး အသုံးပြုခြင်းဖြင့် အပျက်သဘောများ ကြေပျက်ပြီး အဆင်ပြေမှုရနိုင်ပါလိမ့်မည် ။

(၆)သောကြာနေ့တွင် ပညာရေးကိစ္စ ဆွေးနွေးတိုင်ပင်ခြင်း ၊ မုန့်နှင့် မုန့်မျိုးစုံ ထုတ်လုပ်ဖြန့်ချီမှု စတင်ခြင်းများကို ရှောင်သင့်ပါသည် ။ အကယ်၍ မလွှဲမရှောင်သာ လုပ်ရမည်ဆိုပါက ဆီးယိုထုပ်ကို ဖောက်ပြီး ဘုရားနှင့် သံဃာများကို လှူဒါန်းခြင်း ပြုလုပ်ပေးရပါမည် ။ အိမ်ရှိ ပဲ ၊ ပေါက်ပေါက် လက်(၅)ဆုပ်ကို နောက်ဖေးအမှိုက်ပုံးသို့ ပစ်ထည့်ခဲ့ခြင်းဖြင့် အဆင်ပြေမှု ရနိုင်ပါသည် ။

(၇)စနေနေ့တွင် နိုင်ငံခြားခရီးသွားရန်ကိစ္စ ၊အနုပညာ နှင့် အလှကုန်ထုတ်လုပ်ဖြန့်ချိမှု စတင်မည်ဆိုပါက ရှောင်သင့်၏ ။ မလွဲမရှောင်သာ ပြုလုပ်လိုပါက ဘုရားကို လက်ဖက်သုပ်လှူဒါန်းပြီး နောက်ဖေးမှာ သစ်သီးတစ်လုံးကို ထုချေပြီး အိမ်နောက် အမှိုက်ပုံးသို့ ပစ်ထည့်ခြင်းဖြင့် အဆင်ပြေနိုင်ပါလိမ့်မည် ။ ထိုသို့လုပ်ရာတွင် နံနက် ​၆နာရီ နှင့် ၇း၃၀နာရီကြား အပြီး ပြုလုပ်သင့်ပါသည်။

အခြေအနေအမျိုးမျိုး အကျပ်အတည်းကြားမှ ထပ်မံလွဲချော် ခက်ခဲမှု မကြုံရလေအောင်အကြံပြု တင်ပြလိုက်ရခြင်းဖြစ်၏ ။ မည်သို့အလုပ်မဆို စိတ်ကောင်း စေတနာကောင်းထားပြီး ကံ ၊ ဥာဏ် ၊ ဝီရိယကိုမျှတစွာ အသုံးပြုနိုင်ပါက အောင်မြင်မည်မှာ မလွဲပေ ။ ချမ်းသာသုခပြည့်ဝပါစေ ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။