စက်တင်ဘာလအတွက် ၁၂လရာသီခွင်တားရော့ဗေဒင် (Part-3)

Astrology
စက်တင်ဘာလအတွက် ၁၂လရာသီခွင်တားရော့ဗေဒင် (Part-3)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စက်တင်ဘာလအတွက် ၁၂လရာသီခွင်တားရော့ဗေဒင် (Part-3) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စက်တင်ဘာလအတွက် ၁၂လရာသီခွင်တားရော့ဗေဒင် (Part-3)

Aquarius

September ရဲ့ လူမှုရေးနဲ့အလုပ်အကိုင်မှာ ဘုံတူညီသောအချက်တစ်ခုရှိတယ်ဆို ဒါဟာ ပိုပြီးလက်တွေ့ဆန်လာဖို့ပါ ။ ယခင်လတွေမှာ အဆင်ပြေဖို့ကြိုးစားနေသော်လည်း ချဥ်းကပ်ခဲ့သောနည်းလမ်းဟာ အနည်းငယ် Deceptive ဖြစ်ခဲ့တယ် ။ အခုကာလမှာတော့ ဒါတွေကောင်းကောင်းမြင်လာပြီ ။

ပြင်သင့်တာတွေပြင်မယ် ၊ အရမ်းကြီးအဝေးကိုမမျှော်တော့ပဲ တစ်လှမ်းဆီသာသွားဖို့ ဆုံးဖြတ်လာတော့မယ် ။ ဒါဟာ အားသာချက်ပါ ။ September ရဲ့အားအင်ကိုက Aquarius တွေပိုပြီး Grounded ဖြစ်နိုင်လေ အကျိုးရှိလေဆိုတာမျိုးမို့ ဆန္ဒထက် ဖြစ်သင့်တာ ပိုဦးစားပေးတာကောင်းတယ် ။

လွန်ခဲ့သော August မှာလည်း လုပ်သင့်တာတွေပဲဦးစားပေးခဲ့တယ်လို့ ငြင်းစရာရှိတယ် ။ မတူပါဘူး ၊ ဒီတစ်ခေါက်က လက်တွေ့ဆန်သင့်ကြောင်း စိတ်ထဲတကယ်လက်ခံလာနိုင်ပြီး အားတက်သရောလုပ်ကိုင်လာနိုင်တာမျိုးပါ ။ Same Approach တော့ဖြစ်ရင်ဖြစ်မယ် ၊ Different Result ပေးပါလိမ့်မယ် ။

လူမှုရေးပိုင်းကိုဘယ်လိုသက်ရောက်လဲဆို အရင်လတွေမှာ တချို့သောတွေ့ဆုံပွဲတွေ ၊ ပျော်ပွဲတွေ စိတ်ထဲမကြည်လင်တာတွေကြောင့် ငြင်းပယ်ခဲ့နိုင်တယ် ။ ဒါတွေရဲ့ရလာဒ်တွေ သိသာလာပြီ ။ စိတ်မပါလည်းသွားသင့်ရင် သွားမယ်လို့ဆုံးဖြတ်ထားတယ် ။ အများကြီးမဟုတ်တောင် Social Energy တွေပြန်ရနေပြီပြောရမယ် ။ အပျော်အပါးကိစ္စတော့ မတိုက်တွန်းပေမယ့် Network ကြီးတဲ့သူမျိုးနဲ့ ရင်းနှီးအောင်ပြုပါ ။ အကျိုးအမြတ် အကူအညီရလိမ့်မယ် ။

Aquarius Single တွေအတွက် အချစ်ရေးဟာ တော်တော်လေး Concrete ဖြစ်လာနေပါတယ် ။ လက်တွေ့ဆန်ခြင်းသာအဖြေလို့ ဆုံးဖြတ်ထားတယ် ။ ဒီတော့ ငြင်းပယ်သင့်သူငြင်းပယ်ပြီး ရွေးသင့်တယ်လို့ဦးနှောက်ကလက်ခံရင် နှလုံးသားကို Approve ပေးတော့မယ် ။ ဖြစ်နိုင်ရင် ၁၆ ရက်နေ့နောက်ပိုင်းထိတော့ စောင့်ပါ ။

Relationship မှာလည်း အဆင်မပြေတာတွေ ပြန်ပြီး Make Up လုပ်လာနိုင်တော့မယ် ။ ကိုယ့်လက်တွဲဖော်ဟာ ကိုယ့်အကူအညီလိုအပ်သောကာလဖြစ်လို့ ကောင်းစွာသော Support ပေးရတတ်တယ် ။ သူ့မနိုင်ဝန်ကို ကိုယ့်အကြံဥာဏ် အရည်အချင်း ဦးဆောင်မှုတွေနဲ့ဖြေရှင်းပေးရတာမျိုးပေါ့ ။ ရလာဒ်အနေနဲ့ သူကိုယ့်တန်ဖိုးကို ပိုပြီးသဘောပေါက်လာမှာပါ ။

ကျန်းမာရေးနဲ့ပတ်သက်လို့တော့ စိတ်ပူပါတယ် ။ စိတ်အားပြင်းသော်လည်း ခန္ဓာကိုယ်ကပြန်ပြန်နားပေးဖို့လိုတယ် ။ အစာအိမ်နဲ့ဝမ်းဗိုက်တဝိုက် အညံ့လေးတွေပေါ်လာတတ်ပြီး ငွေကုန်ရတတ်တယ် ။ September ဟာ မှန်ကန်သောလမ်းကြောင်း ၊ မှန်ကန်သော Motivation တွေနဲ့ အောင်မြင်မှုဖက်ကိုဦးလှည့်လာနိုင်သော ကာလဖြစ်ပါလိမ့်မယ် ။

ပညာသစ်တွေထိတွေ့ရမယ် အစပျိုးဆဲမို့ စိတ်တော့မလောစေချင်ဘူး ။ ဒီတစ်လအတွင်း ဖြစ်လာသောအလေ့အကျင့် ၊ တက်ဖြစ်သောသင်တန်း ၊ စတင်သောအလုပ်အကိုင်တွေဟာ နောက်နှစ်တွေအထိအကျိုးပေးတတ်တယ် ။ ကျန်ခဲ့သော August မှာ စိတ်တိုင်းမကျတာတွေထားခဲ့ပြီး Humble အဖြစ်ဆုံးစတင်ပါလို့ အကြံကောင်းပေးပါတယ် ။

Libra

မိခင်ဖြစ်သော Venus ကြယ်လမ်းကြောင်း ပြန်ပြီး Direct ဖြစ်လာတာနဲ့အတူ Libra ရဲ့အမှောင်ရိပ်ကျနေသော တစ်နည်းအားဖြင့် ငြိမ်သက်နေသောအစိတ်အပိုင်းတွေ ပြန်ပြီးလှုပ်ရှားလာကြဖို့ရှိတယ် ။ Creativity တွေပြန်စီးဆင်းလာမယ် ၊ အကောင်းမြင်စိတ်တွေ ပြန်ပြီးလက်ခံယူလာရဖို့ရှိတယ် ။

ဒီရက်ပိုင်းတွေမှာ စိတ်အလိုမကျစရာတွေ ထူးထူးခြားခြား Emotional ဖြစ်နေတာ စက်တင်ဘာထဲရောက်ပြီမို့ တဖြည်းဖြည်းပြန်ပြီးသက်သာတော့မှာပါ (ချက်ချင်းတော့မဟုတ်သေး)။ အချစ်ရေးမှာဆိုလည်း ငြိမ်းချမ်းရေးတွေလာပါပြီ ။ ကိုယ့်ချစ်သူနဲ့လက်ရှိမပြေလည်ဘူး ၊ ညှိနှိုင်းမရနေဘူးဆို ဒီလဆန်းပိုင်းတွေမှာတင်ပဲ Compromise တစ်ခုရှာတွေ့ပါလိမ့်မယ် ။

ချိန်ခွင်လေးတွေစိတ်ကြိုက် တစ်ဖက်လူလည်းမနစ်နာ ၊ ကိုယ်လည်းအေးချမ်းတယ်ဆိုတဲ့ Solution ပေါ့ ။ September ရဲ့ Mindset ဟာ အကြည်ဓာတ်ကိုထိန်းထားနိုင်ဖို့ပါ ။ စိတ်ကြည်လင်နေတဲ့အခါ ကိုယ့်အရည်အသွေးတွေ အတောက်ပနိုင်ဆုံးလို့သိရမယ် ။ Venus ပေးထားသော လက်ဆောင်ပါးချိုင့်လေးတွေ ပေါ်အောင်ပြုံးပါ ။

Single တွေအတွက် စန်းပွင့်သောကာလဖြစ်ပြီး ရွေးချယ်စရာတွေများတတ်တယ် ။ ဒီနေရာတော့ Gut Feeling ကိုမယုံပါနဲ့ ။ ကောင်းသောရွေးချယ်မှုထဲ စိတ်ထားမကောင်းသူ ၊ ဟန်ဆောင်မျက်နှာဖုံးတွေပါနေတယ် ။ အလိုက်သိရုံ စကားပြောအဆင်ချောရုံနဲ့ ပစ်မကြွေလိုက်ပဲ လက်တွေ့အဆန်ဆုံးဆုံးဖြတ်ပါ ။

Relationship ရှိသူတွေအတွက် သာယာငြိမ်းချမ်းမှုတွေလာနေပါပြီ ။ အမျိုးသမီးဖက်က မှန်သောစကား အောင်မြင်သောကာလဖြစ်ပါလိမ့်မယ် ။ ညှိယူချင်တာကို Reasonable ဖြစ်အောင်ပြောပါ ။ လက်ရှိမပြေလည်သူတွေလည်း ပြေလည်လာအောင် ၊ အဆင်ပြေပြီးသားသူလည်း ပိုပြီးအဆင်ပြေလာအောင် နွမ်းပါးသူမိသားစုကို ထမင်းစားရိတ် ၊ ဆေးဝါးစားရိတ်စသဖြင့် ငွေကြေးထောက်ပံ့ပေးသင့်တယ် ။

Libra ကျန်းမာရေးအကောင်းဖက်ရှိနေတာ ဝမ်းသာစရာပါ ။ လက်ရှိခြူခြာနေသူတွေ Physical Health မှာ Improvement တွေမြင်နေရပြီ ။ ကြံဖန်စိုးရိမ်စရာကတော့ Mental Health ပါ ။ Social ပိုင်းပြန် Active ဖြစ်လာသော်လည်း လူတွေရဲ့အဆိုးအပြစ်တွေ မြင်လွယ်နေတယ် ။ အိမ်နဲ့အခန့်မသင့် စကားလွန်တတ်တယ် ။ ကြင်နာတတ်သောစိတ် အမြဲရှာယူပါ ။

September ရဲ့အလုပ်အကိုင် Theme ဟာ Hard work ဖြစ်ပါတယ် ။ အရင်ကြိုးစားခဲ့တာတွေ အသီးအပွင့်မြင်လာရပြီ ။ အခုမှစမယ်ဆိုလည်း လမ်းတွေပြန်ပွင့်လာပြီ ။ အပြိုင်တော့များမယ် ။ ကံကတော့အခွင့်အရေးပဲချပေးမှာမို့လို့ ကိုယ်ကကြိုးစားဖို့တော့လိုမယ် ။ ပညာသင်ကိစ္စ ၊ ပြည်ပအလုပ်ကိစ္စ ၊ စပ်တူကိစ္စ ၊ စာချုပ်စာတမ်းနဲ့လုပ်ကိုင်ရသောအရာတွေ အကျိုးပေးပါတယ် ။

Pisces

September ဟာ Emotional နဲ့စတင်မယ့်တစ်လတာလို့ သတ်မှတ်ပါတယ် ။ ဒီကာလထဲမှာ အလှည့်အပြောင်းတွေကြုံတတ်သလို အများကြီး Adjust ပြန်လုပ်ဖြစ်ဖို့ရှိတယ် ။ နည်းလမ်းတစ်ခုမှာ Fixed မဖြစ်နေတတ်ဘူး ။ ဒီအစား မတူသောအတွေးတွေ ၊ ချဥ်းကပ်ပုံတွေ အမျိုးမျိုးတီထွင်ကြံဆနေတတ်လို့ Flexible ဖြစ်ဖို့လိုသောကာလ ဖြစ်ပါလိမ့်မယ် ။

လူမှုရေးဖက်မှာ ဘယ်လို Changes တွေမျှော်လင့်ထားရမလဲ? ကိုယ်ထင်တာတွေအမှန်ဆိုတာ သဘောပေါက်လာရတတ်တယ် ။ ဒီလူမကောင်းဘူးလို့စိတ်ထင့်ရင် သူ့အနီးအနား စကားအပြောအဆိုကစလို့ ဂရုစိုက်ပါ ။ လတ်တလောမှာ လူသစ်တွေတွေ့ဆုံရတတ်သော်လည်း မရင့်ကျက်သောသူ ၊ မယုံကြည်သင့်သူ ၊ Energy မကိုက်ညီသူတွေပဲ ဖြစ်နေတတ်တယ် ။

အလုပ်အကိုင်နဲ့စီးပွားရေးမှာ အတက်ဖက်ပြန်ရောက်လာပါပြီ ။ နောက်ကောက်ကျတယ်ခံစားနေရရင် ပြန်ပြီးအရှိန်တင် Catch Up လုပ်လာတော့မယ် ။ ငွေပိုဝင်သလို အကြောင်းတစ်ခုနဲ့ ပြန်ထွက်နေဖို့ရှိသေးတယ် ။ ကိုယ်ပိုင်စီးပွားတွေ ၊ စပ်တူကိစ္စတွေမှာ ကိုယ်ကတော့ဦးဆောင်ရမယ် ပိုလည်းအားစိုက်ထုတ်ပေးရတတ်တယ် ။ ကောင်းသောရလာဒ်တွေ ရလာမှာပါ ။

အချစ်ရေးဖက်ကိုကြည့်ရအောင် ။ တစ်ကိုယ်ထဲသမားတွေအနေနဲ့ Flirting သဘော Casual ပုံစံလေးတွေတော့ ရှိနေမယ် ။ အချစ်ရေးက ပထမဦးစားပေးဖြစ်ဖို့မရှိဘူး ။ ဒီအစား ငွေရှာဖို့ပဲအားသန်နေမယ် ။ ဘယ်အလုပ်တွေလုပ်ရမလဲ ဘာတွေစမ်းသပ်သင့်လဲ ဒီလိုအနာဂတ်အစီအစဥ်တွေ ၊ ငွေရပေါက်တွေမှာပဲ အချိန်တွေမြုပ်နှံပါလိမ့်မယ် ။

Relationship ရှိသူတွေအတွက်တော့ စိတ်ပူသင့်တာလေးတွေရှိတယ် ။ မကိုက်ညီတာကြီးကို အတင်းအကျပ်လုပ်ယူနေရတယ် ၊ ရုန်းထွက်ချင်တာလား အဆင်ပြေချင်တာလား မပြတ်မသားကြီးဖြစ်နေရတတ်တယ် ။ စိတ်ခံစားချက်ဦးစားပေးခြင်းကြောင့် ကတောက်ကဆရှိတတ်တယ် ။ အထိအတွေ့ပိုင်းဆိုင်ရာအားကောင်းပါတယ် ၊ Harmony ဖြစ်ဖို့မှာတော့ နည်းနည်းနဲ့ခပ်လှမ်းလှမ်းလေးကချစ်ရင် ပို Healthy ဖြစ်နိုင်ပါတယ် ။

ကျန်းမာရေးဂရုစိုက်သင့်သောကာလ ဖြစ်ပါတယ် ။ ပင်ပန်းလွယ်နေတတ်တယ် ။ အသက်ရှူမဝဖြစ်ခြင်း ၊ အအေးမိခြင်း ၊ အဆုတ် ၊ လည်ချောင်းနဲ့ပတ်သက်လို့ အညံ့ရှိတတ်တယ် ။ ခြေထောက်အအေးမခံသင့်ဘူး ။ September ဟာ Focus လုပ်ချင်တာ/လုပ်ရမှာတွေ သိပ်များနိုင်ပါတယ် ။ စိတ်များရမယ် ၊ အိပ်ချိန် အနားယူချိန်ရှိဖို့လိုပါတယ် ။

ဘယ်လိုအကောင်းဆုံးဖြတ်သန်းနိုင်မလဲဆို လိုအပ်တာတွေဦးစားပေးပါ ။ Needs တွေကိုအရင်ဖြည့်ပြီးမှ ကျန်တဲ့ Wants တွေမှာ အချိန်မျှသုံးစေချင်တယ် ။ Emotional ဖြစ်ပြီး စိတ်လိုက်မာန်ပါဖြစ်နိုင်သောကြောင့် Rush ဖြစ်သော Decision တွေရှောင်ပါ ။ ငွေကြေးကိစ္စတွေမှာ အကျိုးအမြတ်ပဲမြင်ပြီး မသေချာပဲရင်းနှီးမြုပ်နှံမှုမပြုသင့်ပါဘူး

Taurus

September ရဲ့ကံကောင်းခြင်းတွေဟာ Taurus အတွက်များစွာစီးဆင်းမှုပြုပါတယ် ။ ဒီတစ်လရဲ့ Priority ဟာ ကိုယ်တိုင်ပဲဖြစ်နေပြီး ကိုယ်မှတဆင့် အနားရှိသူတွေအပေါ် မျှဝေပေးနိုင်ပါလိမ့်မယ် ။ Retrograde များသောကာလမှာ စိန်ခေါ်မှုကတော့ရှောင်မရဘူး သို့သော် အခက်အခဲကြုံရင်တောင် ပိုကောင်းတဲ့အရာတွေအစားထိုးဖို့ဖြစ်လာတာလို့ ယုံထားလို့ရတယ် ။ ဘာတွေသိထားသင့်လဲ ကြည့်ရအောင် ။

ဦးဆုံးအနေနဲ့ အလုပ်အကိုင် ။ လုပ်ငန်းပိုင်း ကိုယ်ပိုင်စီးပွားတွေမှာ ပိုပြီး Fit In ဖြစ်လာနေပါပြီ ။ တဖြည်းဖြည်းတွန်းနေတဲ့တံခါးတွေ ခပ်ဟဟပွင့်လာနေပြီပြောရမယ် ။ အကြံဉာဏ်တောင်းယူပါ ၊ ဘေးကလာသော Perspective ဟာ အများကြီးအကူအညီဖြစ်စေလိမ့်မယ် ။ ငွေပိုဝင်မယ် ၊ မှန်ကန်တဲ့ Trend ကိုရွေးနိုင်မယ် ။ လုပ်အားမှာတော့ စပ်တူကိစ္စတွေထက်စာရင် ကိုယ်စိုးကိုယ်ပိုင်ရှိတာတွေက ပိုခရီးရောက်ပါလိမ့်မယ် ။

လူမှုရေး – Social ပိုင်းနဲ့ပတ်သက်လို့ မကြေလည်စရာတွေအတိတ်မှာကြုံခဲ့ရင် ကြေလည်နိုင်သွားဖို့ရှိပြီ ။ ကိုယ့်စိတ်ပျော်ရွှင်မှုလောက် ဘယ်အရာမှအရေးမပါဘူးလို့ ကောင်းကောင်းကြီးလက်ခံလာမယ် ။ Moving On လုပ်နိုင်သော Energy မို့ ဒီရက်တွေမှာတော့ အိပ်မက်ကဖြစ်စေ ၊ သတင်းစကားကဖြစ်စေ ပြန်ပြီးအမှတ်ရလာတတ်တယ် ။ မထင်ပဲလာဆက်သွယ်တာမျိုးလည်း မျှော်လင့်ထားပါ ။

ဒီအခါမှာ ကိုယ့်စိတ်မှာထူးထူးခြားခြား React မလုပ်မိတော့ဘူး ။ ချစ်လည်းမချစ်ဘူး မုန်းလည်းမမုန်းဘူး ။ ဘယ်တုန်းကမှမပတ်သက်ခဲ့သလို စိတ်ရဲ့ရင့်ကျက်ခြင်းကို သတိထားမိလာဖို့ရှိတယ် ။ အချစ်ရေးမှာလည်း ထပ်တူသဘောပဲသက်ရောက်တယ် ။ မတူတာတစ်ခုက အချစ်ဟောင်းနဲ့ပတ်သက်သောဒဏ်ရာ ပိုပြီးအားထုတ်ရနိုင်သေးတယ် ။ ခက်တော့ခက်မယ် သို့သော် Reality ကိုလက်ခံရဲသွားရင် စက်တင်ဘာမှာပဲ စိတ်နာကျင်မှုတွေထားခဲ့နိုင်တော့မယ် ။

Taurus Single တွေအတွက် ပိုပြီးကံကောင်းသောလဖြစ်ပါတယ် ။ စိတ်သွားတိုင်းကိုယ်ပါနေတယ် ။ အလုပ်နဲ့ပတ်သက်လို့လည်း Mood ကောင်းနေသလို ငွေရွှင်သောကာလမို့ နှလုံးသားရေးစိတ်ကြည်နေတာ မထူးဆန်းပါဘူး ။ ချစ်တဲ့သူအပေါ် ပိုချစ်နေဖို့ရှိတယ် ။ လက်ဆောင်လေးတွေပေးဖို့ တကူးတကဖုန်းခေါ်ပြီး ချစ်စကားတွေပြောဖို့ ၊ ဆုံတွေ့ဖို့ချိန်းဆိုနေနိုင်တယ် ။

Relationship တွေမှာလည်း ကောင်းသောအလှည့်အပြောင်းတွေ ရှိနေပါတယ် ။ ပျင်းရိဖွယ်အခြေအနေ မထူးဇာတ်ကြီးဖြစ်နေရင် ဘေးကိစ္စတစ်ခုကြောင့် ပြသနာကိုတည့်တည့်ဖြေရှင်းရတတ်တယ် ။ ကိုယ်ဖြစ်ချင်တာကိုထုတ်ပြောပါ သတ္တိရှိမှတော့ရမယ် ။ ရလာဒ်ဟာအကောင်းဖက်ရှိတာမို့ အထိအရှတော့ရှိမယ် ၊ သို့သော် ကိုယ့်ဆန္ဒတွေဖြစ်လာပါလိမ့်မယ် ။

သတိထားစရာလေးတွေက မိသားစုကိစ္စရယ် ၊ ကျန်းမာရေးရယ်ဖြစ်ပါတယ် ။ မိသားစုနဲ့ပတ်သက်လို့ Challenging ကာလတစ်ခု ကျော်ဖြတ်ရတတ်တယ် ။ အိမ်စီးပွား သို့မဟုတ် မိသားစုဝင်ကျန်းမာရေးကြောင့် ကိုယ်ဦးဆောင်ဖြေရှင်းပေးရတတ်တယ် ။ စိုးရိမ်စရာတော့မရှိပါဘူး ။ ကျန်းမာရေးမှာတော့ တရှောင်ရှောင်လို့ပဲမြင်ပါတယ် ။ ဖြစ်လားဆိုတော့လည်းမဖြစ်ဘူး ၊ ကောင်းနေလားဆိုလည်း သတိတော့ထားနေရတယ် ။ ဒီလို Energy မျိုးပဲရှိလို့ မပေါ့ဆဘူးဆို အေးအေးဆေးဆေးပါပဲ ။

ရေးသားသူ –ELLIE

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။