သိန်း(၆)ထောင် ကျော်အကုန်အကျခံပြီး ဂေဟာက ကလေးတွေအတွက် ၃ ထပ်တိုက်ကြီးဆောက်လုပ်တော့မဲ့ ခိုင်နှင်းဝေ

Celebrity Local News
သိန်း(၆)ထောင် ကျော်အကုန်အကျခံပြီး ဂေဟာက ကလေးတွေအတွက် ၃ ထပ်တိုက်ကြီးဆောက်လုပ်တော့မဲ့ ခိုင်နှင်းဝေ

မြန်မာပြည်ကရှားရှားပါးပါး သရုပ်ဆောင် ပရဟိတသမားတစ် ယောက်ဖြစ်တဲ့ မင်းသမီးချော ခိုင်နှင်းဝေနဲ့ အထွေအထူးမိတ်ဆက်ပေးဖို့လိုမယ်မထင်ပါဘူးနော်။ ခိုင်နှင်းဝေဟာ သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေ တဖက်နဲ့ (၇) ရက်သားသမီးတွေအကျိုးကို သယ်ပိုးဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။အနုပညာလောကမှာအောင်မြင်မှုတွေရရှိခဲ့ပြီး နာမည်ကြီးသရုပ်ဆောင်တယောက်ဖြစ်ပေမဲ့ အခုချိန်မှာတော့ အနုပညာလှုပ်ရှားမှုတွေထက် ပရဟိတလုပ်ငန်းတွေ မိဘမဲ့ကလေးစောင့်ရှောက်တာတွေမှာ အချိန်ပိုပေးပြီးလုပ်ကိုင်နေတာလည်းတွေ့ရပါတယ်။

အခုတစ်ခါမှာလည်း ဂေဟာက ကလေးတွေအတွက် ၃ ထပ်တိုက်ကြီး ဆောက်လုပ်တော့မဲ့အကြောင်း ပရိသတ်တွေကိုပြောပြပေးလာတာပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေက
“(စုစုပေါင်း တန်ဘိုးငွေ သိန်း(၆) ထောင် ဝန်းကျင်ခန့် ရှိ) အသင်းပိုင် အဖြစ် ဝယ်ယူထားသော (၄၀”၆၀) မြေနေရာ နှင့် (၃) ထပ်ဆောင် အဆောက်အဦး အသစ်အတွက် စာချုပ်များ ချုပ်ဆိုဖြစ်ခဲ့ပါတယ်…ဂေဟာတည်ထောင်ခဲ့သော (၆) နှစ်တာ ကာလအတွင်း မှာ လှူဒါန်းပေးကြတဲ့ ခုနှစ်ရက် သားသမီး အလှူရှင်များ အားလုံး ကိုလဲ အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်…ပီတိဖြစ်ရတဲ့ ကြည်နူးမှုလေးကိုလဲ အားလုံးအတွက် ဝေမျှပေးဖြစ်ပါတယ်ရှင်

အသင်းပိုင် (၃)ထပ်ဆောင် အဆောက်အဦး ဆောက်လုပ်ဘို့ အတွက် ခြံလေး စ,ရှင်းဖြစ်ပါတယ်ရှင်…ခုနှစ်ရက် သားသမီး များ အားလုံး ရဲ့ ပါရမီ ကုသိုလ် များ ဖြစ်တာမို့ ပီတိလေးများလဲ အထူးပဲ ဖြစ်ရပါတယ်…ခိုကိုးရာ အမှန် နေရာလေးများ ဖြစ်ရဘို့ အတွက်လဲ အများကြီး ဆက်ကြိုးစားသွားပါမယ်ရှင်.” ဆိုပြီး ပရိသတ်တွေ ပီတိဖြစ်စေရန် ဝေမျှပေးလာခဲ့ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။