ပန်းနာရင်ကျပ် ရောဂါအတွက်

Health Knowledge
ပန်းနာရင်ကျပ် ရောဂါအတွက်

ပန်းနာရင်ကျပ် ပြင်းထန်ချိန်မှာလူနာကအစာစားချင်စိတ်ကုန်နေတတ်ပါတယ်။ဒါကို အတင်းစားဖို့မတိုက်တွန်းပါနဲ့။ရေနွေးထဲ သံပရာရဘ်နဲ့ပျားရည်အရောကိုနှစ်နာရီခြားတစ်ခါ နည်းနည်းချင်းတိုက်ပေးနိုင်ပါတယ်။ အခြားသစ်စီးဖျော်ရည်နဲ့ ဟင်းသီးဟင်းရွက်ဖျော်ရည်အချို့ကိုမကြာခဏတိုက်ပေးလို့ရပါတယ်

ရေနွေးနွေးနဲ့ရေချိုးခြင်း(သို့)ရေပတ်တိုက်ခြင်းပြုလုပ်ပါ။မနက်ပိုင်း နေပူစာလှုံပေးခြင်းကအဆုတ်ကိုကောင်းမွန်စေပါတယ်။ပျားရည်က ပန်းနာအတွက်ကောင်းပါတယ်၊ပျားရည်ကို နွားနို့(သို့)ရေနွေးနဲ့ရောပေးခြင်းကချွဲသလိပ်ပျော်စေပြီး အသက်ရှုလမ်းကြောင်းကိုရှင်းလင်းစေလို့ သက်သာရာရစေပါတယ်။

မုန်လာဥနီအရည် ခွက်ရဲ့ သုံးချိုးနှစ်ချိုးမှာဟင်းနုနယ်အရည် သုံးချိုးတစ်ချိုးရောတဲ့ဖျော်ရည် တစ်ရက်(3)ကြိမ်တိုက်လိုက်ပါ။

ကြက်သွန်နီအရည်ခွက်ရဲ့ လေးပုံတစ်ပုံပျားရည် လဖက်ရည်တစ်ဇွန်း ၊ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြူးပြီးဖျော်သောက်ပါ၊ ရင်ကျပ်ချွဲကျပ်တာသိသိသာသာသက်သာစေပါတယ်။

နွားနို့တစ်ခွက်ထဲနနွင်းတစ်ဇွန်းထည့်ပြီးကျိုချက်ပါ။ ဘာအစာမှမစားချိန်တစ်ရက်နှစ်ခွက်မှသုံးခွက်ထိသောက်ပေးပါ။ပန်းနာရင်ကျပ်အတွက်နနွင်းကဆေးစွမ်းကောင်းတစ်လက်ပါ။

ပျားရည်ကို နွားနို့/ရေနွေးနဲ့ရောပြီးမကြာခဏသောက်ပေးတါက အသက်ရှူလမ်းကြောင်းပြဿနာကို သက်သာစေပါတယ်။

ကြက်သွန်ဖြူ…..နွားနို့ထဲကြက်သွန်ဖြူအမွှာတွေထည့်ပြုတ်ပြီးနေ့စဉ်သောက်ပေးပါက ဖြစ်ခါစရင်ကျပ်ပန်းနာကိုချက်ချင်းပျောက်ကင်းစေသည်။
ကြက်သွန်ဖြူ 10/12မွှာကိုနွားနို့50mlနဲ့မိနစ်(30)ကြာမီးနွေးနွေးနဲ့အပူပေးပါ။မွေပြီးတစ်ခါသောက်နှစ်ဇွန်းသောက်ရင်ကိုထူးထူးခြားခြားခံစားရသက်သာလာပါမယ်တစ်မေ့နှစ်ကြိမ်သောက်ပါ။

ရေနွေးထဲပျားရည်တစ်ဇွန်းထည့်ပြီးမကြာခဏသောက်ပေးပါ အသက်ရှုချောင်စေပါတယ်။ပင်စိမ်း၊ဇီယာရွက်၊ခွေးသေးပန်းရွက် သုံးမျိုးဆတူရာ ဆားနည်းနည်းထည့်အရည်ညစ်ပြီးတစ်ခါသောက်အကြမ်းပန်းကန်တစ်ဝက်သောက်ပါ။

ကွမ်းစားဂမုန်း

ကွမ်းစားဂမုန်းဥကို အခြောက်လှန်းအမှုန့်ပြု၍အမှုန့်ဇွန်း သုံးပုံတစ်ပုံနှင့်ပျားရည်တစ်ဇွန်းနဲ့ရောမွေနည်းနည်းချင်းလျက်စားပါ၊ရေနွေးပူပူလေးသောက်ပေးလိုက်ပါ။

မိဿလင်ဥ

မိဿလင်ဥ ၁၀ကျပ်သားကိုပါးပါးလှီး၊ရှောက်သီးတစ်လုံးအရည်ညစ်ထည့်နယ်ပြီးအခြောက်လှန်းအမှုန့်ပြုလုပ်ပါ။တစ်ခါစား မန်ကျည်းစေ့(2)စေ့စာရှောက်ရည်နှင့်သောက်ပါ။

မုန်ညင်းဆီ

ရင်ခေါင်းတစ်ခုလုံးကို မုန်ညင်းဆီနဲ့ပရုတ်ရောထားတာလိမ်းပေးပါအဝတ်ထူလေးအုပ်ထားပါ၊ချွဲသလိပ်များပျော်ပြီး အသက်ရှူချောင်လာပါမည်။

ကရဝေးစေ့

ရေနွေးပွက်ပွက်ဆူထဲ ကရဝေးအစေ့ည်းနည်းထည့်ပါ၊အပေါ်ကမျက်နှာသုတ်ပဝါထူထူလေးအုပ်ပြီးရေနွေးငွေ့ရှူသွင်းပါ အဆုတ်လေပြွန်ရောင်ခြင်းကိုသက်သာစေသည်။ရေနွေးအိတ်ကို ရင်ဘတ်နဲ့ဝမ်းဗိုက်ပေါ်တင်ပေးပါ။

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။