ဂေါ်ရခါးညွှန့်စားခြင်းဖြင့်ရရှိလာမည့်ကျန်းမာရေးအကျိုးကျေးဇူးများ

Health Knowledge
ဂေါ်ရခါးညွှန့်စားခြင်းဖြင့်ရရှိလာမည့်ကျန်းမာရေးအကျိုးကျေးဇူးများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂေါ်ရခါးညွှန့်စားခြင်းဖြင့်ရရှိလာမည့်ကျန်းမာရေးအကျိုးကျေးဇူးများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂေါ်ရခါးညွှန့်စားခြင်းဖြင့်ရရှိလာမည့်ကျန်းမာရေးအကျိုးကျေးဇူးများ

ဂေါ်ရခါးညွှန့်ဟာ နှလုံးအတွက် အထောက်အကူဖြစ်ပြီး ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။ ဂေါ်ရခါးညွှန့်မှာပါဝင်တဲ့အာဟာရဓာတ်တွေက ခန္ဓာကိုယ်အတွက်အကျိုးကျေးဇူးအများကြီးရနိုင်ပါတယ်။

(၁) နှလုံးကျန်းမာစေခြင်း

သွေးထဲမှာ အမိုင်နိုအက်ဆစ်များနေခြင်းဟာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းဖြစ်ပွားနိုင်ချေများပါတယ်။ Folate နဲ့ Vitamin B ပါဝင်ခြင်းကြောင့် နှလုံးကျန်းမာစေပါတယ်။

(၂) ကင်ဆာဆဲလ်တွေကိုတိုက်ဖျက်နိုင်ခြင်း

Antioxidants တစ်မျိုးဖြစ်တဲ့ ဗီတာမင်စီပါဝင်ခြင်းကြောင့် free radicals တွေကို တိုက်ဖျက်နိုင်ပြီး ကင်ဆာဖြစ်ပွားနိုင်ချေလျော့ကျစေပါတယ်။

(၃) စွမ်းအင်တိုးစေခြင်း

Manganese ပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်ထဲရောက်တဲ့အခါ protein နဲ့ fat ကနေ စွမ်းအင်အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။

(၄) ဝမ်းချုပ်ခြင်းကိုကာကွယ်နိုင်ခြင်း

Nike
အမျှင်ဓာတ်ပါဝင်မှုကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အူမကြီးကို ပုံမှန်လှုပ်ရှားမှုဖြစ်စေပါတယ်။

(၅) သိုင်းဂျွိုက်ကျန်းမာရေးကိုအထောက်အကူပြုခြင်း

copper ပါဝင်ခြင်းက သိုင်းဂျွိုက်ကျန်းမာရေးနဲ့ ဆက်စပ်နေတာမို့ သိုင်းဂျွိုက်ကိုကျန်းမာစေပါတယ်။ ဟော်မုန်းထုတ်လုပ်ခြင်း နဲ့ စုပ်ယူခြင်းတွေကို အဓိက ပြုလုပ်ပါတယ်။

(၆) ဝက်ခြံထွက်ခြင်းကိုကာကွယ်နိုင်ခြင်း

အရေပြားမှာ အဆီထုတ်လုပ်မှု ဟော်မုန်းကိုထိန်းချုပ်နိုင်တဲ့ zinc ပါဝင်ခြင်းကြောင့် ဝက်ခြံထွက်ခြင်းကို သက်သာစေနိုင်ပါတယ်။

(၇) အရိုးသန်မာစေခြင်း

Vitamin K ဟာ အရိုးပွရောဂါနဲ့ဆက်စပ်နေပြီး Vitamin K ကြောင့် အရိုးတွေကို သန်မာစေတယ်လို့ဆိုပါတယ်။

(၈) သွေးဖိအားကိုထိန်းပေးနိုင်ခြင်း

Potassium ပါဝင်ခြင်းကြောင့် သွေးဖိအားကို ထိန်းပေးနိုင်ပါတယ်။

(၉) ဦးနှောက်မှတ်ဉာဏ်ကောင်းစေခြင်း

Vitamin B6 က ဘယ်လိုအသက်အရွယ်မှာမဆို မှတ်ဉာဏ်တိုးစေတယ်လို့ဆိုပါတယ်။

ဂေါ်ရခါးညွှန့်မှာ Vitamin B6 ပါဝင်ခြင်းကြောင့်ဦးနှောက်မှတ်ဉာဏ်ကောင်းစေပါတယ်။

(၁၀) ကြွက်သားနာကျင်ခြင်းကိုကာကွယ်ပေးခြင်း

ကြွက်သားနာကျင်ခြင်းကို ကူညီပေးနိုင်တဲ့ Magnesium ပါဝင်တာကြောင့် ကြွက်သားနာကျင်ခြင်းတွေကို သက်သာစေပါတယ်။

ရေးသားသူ – Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။