ခရီးသွားတစ်ဦး အင်စတာဂရမ်မှာ နာမည်ကြီးတဲ့ ကောင်းကင်လှေကား တက်ရင်း အမြင့် ပေ ၃၀၀ ကနေ ပြုတ်ကျthayဆုံးခဲ့ရ

International News
ခရီးသွားတစ်ဦး အင်စတာဂရမ်မှာ နာမည်ကြီးတဲ့ ကောင်းကင်လှေကား တက်ရင်း အမြင့် ပေ ၃၀၀ ကနေ ပြုတ်ကျthayဆုံးခဲ့ရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခရီးသွားတစ်ဦး အင်စတာဂရမ်မှာ နာမည်ကြီးတဲ့ ကောင်းကင်လှေကား တက်ရင်း အမြင့် ပေ ၃၀၀ ကနေ ပြုတ်ကျthayဆုံးခဲ့ရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခရီးသွားတစ်ဦး အင်စတာဂရမ်မှာ နာမည်ကြီးတဲ့ ကောင်းကင်လှေကား တက်ရင်း အမြင့် ပေ ၃၀၀ ကနေ ပြုတ်ကျthayဆုံးခဲ့ရ

အသက် ၄၂ နှစ်အရွယ် ဗြိတိန်အမျိုးသားတစ်ဦးဟာ အင်စတာဂရမ်မှာ နာမည်ကြီးနေတဲ့ နေရာဖြစ်တဲ့ ဩစတြီးယားနိုင်ငံရဲ့ Duchstein တောင်မှာရှိတဲ့ လှေကားတံတားပေါ်တက်ရင်း ချော်ကျပြီး အမြင့်ပေ ၃၀၀ ကနေ ပြုတ်ကျthayဆုံးသွားခဲ့ရပါတယ်။ အမည်မသိ အဲဒီအမျိုးသားက အောက်ချိုင့်ဝှမ်းထဲ ပြုတ်ကျခဲ့ချိန်မှာ သူ တစ်ယောက်တည်း အဲ့ဒီတံတားပေါ်မှာ ရှိနေခဲ့တာပါ။

မတော်တဆမှုဖြစ်တယ်ဆိုတာ သိရပြီးနောက် ရဟတ်ယာဉ်နှစ်စင်းနဲ့ အနီးနားက ရဲစခန်း ၂ ခုရဲ့ရဲအရာရှိတွေက အဲ့ဒီအမျိုးသားရဲ့အလောင်းကို ချောက်ထဲကနေ ဆယ်ယူခဲ့ရပါတယ်။ ဒီမတော်တဆမှုဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က ဖြစ်ပွားခဲ့တာပါ။

“ကောင်းကင်လှေကား”လို့ လူသိများတဲ့ အဲ့ဒီလှေကားတံတားက Donnerkogel တောင်ရဲ့နိမ့်ကျတဲ့အပိုင်းကနေ ပေ၆၇၄၀ မြင့်တဲ့တောင်ထွတ်ပါတဲ့ မြင့်မားတဲ့အပိုင်းအထိ ချိတ်ဆက်ထားတာပါ။ အဲ့ဒီသံလှေကားကို Duchstein ဒေသခရီးသွားဝဘ်ဆိုဒ်က တောင်တက်ဝါသနာရှင်တွေအတွက် Zwieselalm မှာ ထိပ်တန်းဆွဲဆောင်မှုအသစ်အနေနဲ့ ပရိုမုတ်လုပ်ခဲ့တာပါ။

အဲ့ဒီလှေကားတက်ဖူးတဲ့ ထောင်ပေါင်းများစွာသော ခရီးသွားတွေက သူ့တို့ရဲ့အတွေ့အကြုံကို အင်စတာဂရမ်မှာ မျှဝေရင်းနဲ့ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ထားတဲ့နေရာဖြစ်ခဲ့ပြီး “ကောင်းကင်လှေကား” အဖြစ် အမည်တွင်ခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။