မန္တလေးမှာ ဒူးရင်းသီး အလုံး(၃၀၀)ကျော်စတုဒီသာ ကျွေးဖို့စတင်စီစဉ်နေတဲ့ မင်းသမီးပိုးကြာဖြူခင်

Celebrity Local News
မန္တလေးမှာ ဒူးရင်းသီး အလုံး(၃၀၀)ကျော်စတုဒီသာ ကျွေးဖို့စတင်စီစဉ်နေတဲ့ မင်းသမီးပိုးကြာဖြူခင်

မင်းသမီးချောလေး ပိုးကြာဖြူခင် ကတော့ ပီပြင်လွန်းလှတဲ့သရုပ်ဆောင် ကောင်းတစ်ယောက် အနေနဲ့ပရိသတ် ရဲ့ ချစ်ခင် အားပေး ဝန်းရံမှုကို ရရှိ ထား တဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် တစ်ယောက်ပဲ ဖြစ်ပါ တယ်။ MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေမှာကျရာဇာတ်ရုပ် ဇာတ်ကောင်တိုင်းကို အကောင်းဆုံး ပီပြင်အောင် ပုံဖော် သရုပ်ဆောင်နိုင် တာကြောင့် ပရိသတ်ရဲ့ ချစ်ခင်မှုကို ရရှိ ထားခဲ့ကြတဲ့ဇာတ်လမ်းတွဲမင်းသမီးတွေ ထဲမှာ ပိုးကြာ ဖြူခင်ဟာလည်း ထိပ်ဆုံးကနေပါဝင်နေတဲ့ ပရိသတ်ချစ်ရတဲ့ မင်းသမီးလေး တစ်လက်ဖြစ် ပါတယ်။

လူငယ်ပရိသတ် သာမက လူကြီးပရိသတ်တွေရဲ့ အချစ်တွေကိုပါ ပိုင်ဆိုင်ရယူ ထားနိုင်သူလေးလည်း ဖြစ်ပါတယ်။ ပိုးကြာဖြူခင်ကလည်းပရိသတ်နဲ့ အမြဲအဆက်မပြတ် ရှိသူလေး ဖစ်ပြီး သူမရဲ့ လူမူ့ကွန်ရက် ဖေ့ဘုတ်စ်စာမျက်နှာထက် ကနေ သူမရဲ့ နေ့စဉ် လှုပ်ရှားမှုလေးတွေနဲ့အလှူအတန်း ပြုလုပ် ဖစ်တာတွေကို အလှပုံတွေကို အမြဲလိုလို မျှဝေဖော်ပလေ့ရှိပါတယ်။

အခုတစ်ခါမှာတော့ ပိုးကြာဖြူခင်က ဒူးရင်းသီး စတုဒီသာကျွေးချင်တဲ့စိတ်ဖြစ်လာတာကြောင့် မန္တလေးမှာ ဒူးရင်းသီး အလုံး(၃၀၀)ကျော် စတုဒီသာကျွေးဖို့စီစဉ်နေကြောင်းပြောပြလာတာပဲဖြစ်ပါတယ်။ သူမက “ဒူးရင်းသီးလက်ကား မန္တလေးဘယ်နားမှာ ရနိုင်လဲဟင် အလုံး ၃၀၀ အထက်လိုချင်တာပါ ဒူးရင်းသီးစတုဒီသာနိုင်သလောက်လေး ကျွေးချင်လို့ပါ အသီးရောင်းတဲ့ဒိုင်လေးတွေ အသိလေးတွေ ရှိရင် မန့်ပေးကြပါဦးရှင် ကျွေးဖြစ်ရင် ခုလာမဲ့ စနေနဲ့တနင်္ဂနွေ ထဲက တရက်ရက်ကိုကျွေးမှာပါရှင်” ဆိုပြီး faceboook ကတစ်ဆင့်ပရိသတ်ကြီးကိုအသိပေးလာတာပဲဖြစ်ပါတယ်။

ရေးသားသူ -Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။