ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ယနေ့ညနေတွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲနှင့်ပတ်သတ်ပြီး တရားဝင်တောင်းပန်မှုတစ်ခုကို ပြုလုပ်

Local News

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ယနေ့ညနေတွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲနှင့်ပတ်သတ်ပြီး တရားဝင်တောင်းပန်မှုတစ်ခုကိုပြုလုပ်သည့် စာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ယင်းစာအပြည့်အစုံမှာ – 

သို့

မြန်မာလုံးဆိုင်ရာဆရာ/ဆရာမများအဖွဲ့ချုပ်

အကြောင်းအရာ။ ။ အနူးအညွတ် တောင်းပန်ခြင်း

၁။ အထက်ပါအကြောင်းအရာနှင့် ပတ်သတ်ပြိး (၁၁.၁၁.၂၀၂၀) ရက်နေ့ (၁၄:၀၀) အချိန်မှ (၁၆:၃၀) အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် ရန်ကုန်ရုံးခွဲ (သံလွင်လမ်း)၌ ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး၏ သတင်းစာရှင်းလင်းပွဲ၌ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ၏ အားနည်းချက်များကို ဖော်ပြခဲ့ရာ၌ စာပိုဒ်(၁) အဆုံးပိုင်းတွင် “ ဆရာဆရာမ အများစုသည် NLD ထောက်ခံသူများသာဖြစ်ကြပြီး ကြားနေဆရာ၊ ဆရာမများ မဖြစ်သည်ကို တွေ့ရပါသည်။ “ ဟုကွန်ပျူတာ တာဝန်ခံက မှားယွင်းစာ ရိုက်နှိပ်ဖော်ပြခဲ့ပါသည်။

၂။ ဖော်ပြပါစာသားမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်နှင့် ရန်ကုန်တိုင်း ဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သဘောထားလုံး၀မဟုတ်ပါ။ စာသားအမှန်မှာ “ဆရာ ဆရာမအများစုသည် NLD ပါတီမှ ဆောင်ရွက်သော ရွေးကောက်ပွဲအတွက် ကြားနေဆောင်ရွက်နေသော ဆရာ၊ ဆရာမများသာ ဖြစ်သည် ကိုတွေ့ရပါသည်။ “ ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါသဖြင့် မြန်မာတစ်နိုင်ငံလုံးမှ ဆရာ၊ ဆရာမများ အားလုံးကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ  ရန်ကုန်တိုင်းဒေသကြီးမှ တာဝန်ရှိသူများ အားလုံး၏ကိုယ်စား အနူးအညွတ် တောင်းပန်အပ်ပါသည်။ 

ဟုဖော်ပြထားပါသည်။ 

မိုးနတ်မင်း ပရိတ်သတ်ကြီးရော ဘယ်လိုထင်ပါသလဲ။ စကားလုံး အဓိပ္ပါယ်က ဒီလောက်ကွာနေတာ တကယ် ကွန်ပျူတာသမား အမှားရောဖြစ်နိုင်ပါ့မလား။ ဒီလိုတောင်းပန်တာလေးနဲ့ရော ကျေနပ်နိုင်ပါ့မလား။ ဖြေပေးသွားကြပါဦးနော်။

Leave a Reply