ငှက်ပျောဖူး ကျန်းမာရေးအကျိုးပြုပုံ

Health Knowledge
ငှက်ပျောဖူး ကျန်းမာရေးအကျိုးပြုပုံ

ကူးစက်ရောဂါတွေကို ကာကွယ်ပေးတယ်

ငှက်ပျောဖူးမှာ ethanol ပါဝင်နေတာကြောင့် ဘက်တီးရီးယားတွေ ပေါက်ဖွားတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အနာကျက်စေနိုင်သလို ကူးစက်တတ်တဲ့ ရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတယ်။ငှက်ပျောဖူးက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချိုရှိသူတွေ စားပေးလို့ရပါတယ်။

နောက်ထပ် အကျိုးကျေးဇူး တစ်ရပ်က ဟီမိုဂလိုဘင် ပမာဏကို မြင့်တက်စေတာကြောင့် သွေးနီဥဆဲလ် ထုတ်လုပ်မှုကို တိုးစေပါတယ်။ သွေးအားနည်းရောဂါ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

နို့ထွက်များစေတယ်

နို့တိုက် မေမေတွေ နို့ထွက်များစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒါတင်မကသေးပါဘူး။ ငှက်ပျောဖူးက သွေးတအားဆင်းတာ၊ ကိုယ်ဝန်ဆောင်စဉ် ဝမ်းချုပ်တာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ သားအိမ်ကိုလည်း ကျန်းမာစေပါတယ်။ အမျှင်ဓာတ် ကြွယ်ဝမှုက ဝမ်းမှန်စေဖို့ ထောက်ကူပေးပါတယ်။

ဓာတ်တိုးပစ္စည်းတွေကို တိုက်ထုတ်ပေးတယ်

ငှက်ပျောဖူးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် ကင်ဆာ အပါအဝင် နာတာရှ​ည်ရောဂါတွေကို ကာကွယ်ပေးပါတယ်။ အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

ဝိတ်ကျစေတယ်

ငှက်ပျောဖူးက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အဆာခံစေနိုင်ပြီး ကိုယ်အလေးချိန်ကျစေဖို့ ထောက်ပံ့ပေးပါတယ်။ အခြောက်ခံထားတဲ့ ငှက်ပျောဖူးကို ရေနွေးထဲ စိမ်သောက်တာကလည်း ဝိတ်ကျစေဖို့ ထောက်ကူပေးမှာပါ။

စိတ်ခံစားမှု ကောင်းစေတယ်

ငှက်ပျောဖူးမှာ မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် စိတ်ပူပန်တာ၊ စိတ်ဓာတ်ကျတာကို သက်သာစေပြီး စိတ်ခံစားမှု ကောင်းမွန်စေနိုင်ပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်

ငှက်ပျောဖူးမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ အူနံရံတွေကို ကျန်းမာစေပြီး အာဟာရ စုပ်ယူမှု ကောင်းစေသလို ဝမ်းချုပ်တာလည်း ကင်းစေပါတယ်။မပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ကလည်း အူတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

ဒါတွေအပြင် ငှက်ပျောဖူးက ဗီတာမင် A၊ ဗီတာမင် C ၊ ဗီတာမင် E နဲ့ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်နေပြီးလေဒီလေးတွေမှာ ရာသီလာစဉ် ခံစားရတဲ့ ပြဿနာကို သက်သာစေနိုင်သလို အရွယ်တင်စေနိုင်ပါတယ်။နှလုံး ကျန်းမာစေပါတယ်။ကင်ဆာ ကာကွယ်ပေးပါတယ်။အာရုံကြောစနစ်ကို ကျန်းမာစေပါတယ်။ကဲ ငှက်ပျောဖူးကို အရသာရှိရှိလေးစားရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရယူလိုက်ပါ။

ဘာတွေ သတိထားရမလဲ

ငှက်ပျောဖူးက ကျန်းမာရေး အကျိုးများတယ်။ စားရတာ အရသာရှိတယ်ဆိုပေမယ့် အများကြီးစားရင် လေချုပ်တာ ဗိုက်အောင့်တာတွေ ဖြစ်နိုင်တာကြောင့် အများကြီး မစားဖို့ ပြောပါရစေ။

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။