ကော်စတာရီကာနိုင်ငံရဲ့ ပြန်လမ်းမဲ့ဂူ

International News Knowledge
ကော်စတာရီကာနိုင်ငံရဲ့ ပြန်လမ်းမဲ့ဂူ

သာမန်ကြည့်လိုက်ရင် ဂူငယ်လေးတစ်ခုသာ ဖြစ်ပေမဲ့ ဂူထဲကို ဝင်သွားတဲ့ သက်ရှိတိုင်း အသက်ရှင်လျက် ပြန်ထွက်လာရိုးမရှိတာကြောင့် la Cueva de la Muerte (လာကူဗာဒီလာမူအာတေး)ဂူကို ပြန်လမ်းမဲ့ဂူ( မရဏဂူ)လို့ တင်စားလေ့ရှိပါတယ်။ ကော်စတာရီကာနိုင်ငံ ဗီနီစီယာခရိုင်ရဲ့ Recreo Verde ခရီးသွားဇုန်ထဲမှာ တည်ရှိပါတယ်။
ပိုအာ့စ်မီးတောင်အစွန်းမှာ တည်ရှိပြီး အမြင့် ၂ မီတာ၊ အရှည် ၃ မီတာပဲ ရှိတဲ့ ဂူငယ်လေးတစ်ခုပါ။ အင်းဆက်ပိုးမွှားတွေ၊ ငှက်တွေ၊ တခြားတိရစ္ဆာန်ငယ်လေးတွေ ဝင်ရောက်ခိုလှုံတဲ့ နေရာတစ်ခုလို့ ထင်ရပါတယ်။ ဒါပေမဲ့ အဲဒီဂူထဲ ရောက်သွားရင် အသက်ရှင်ဖို့ အလွန်ခက်ခဲပါတယ်။

ဘာကြောင့်လဲဆိုတော့ အောက်ဆီဂျင်မရှိဘဲ ကာဗွန်ဓာတ်ငွေ့တွေ ပြည့်နေလို့ပါ။ လာကူဗာဒီလာမူအာတေးဂူက ဘယ်လောက် အန္တရာယ်များသလဲဆိုတာကို ဒေသခံလမ်းပြတစ်ဦးက ဂူထဲမှာ မီးတုတ်ထွန်းပြပြီး စမ်းသပ်ပြခဲ့ပါတယ်။ အောက်ဆီဂျင်မရှိတာကြောင့် မီးတုတ်က ချက်ချင်းမီးငြိမ်းသွားခဲ့ပါတယ်။

ကာဗွန်ဓာတ်ငွေ့တွေ ဘယ်က ရောက်လာသလဲဆိုတာ ဘယ်သူမှ တိတိကျကျ မသိကြပါဘူး။ ဒါပေမဲ့ သုတေသီအများစုကတော့ မြေလွှာအောက်မှာရှိတဲ့ ကျောက်ရည်ပူတွေရဲ့ အပူချိန်၊ ဖိအားကနေ ဖြစ်ပေါ်လာတဲ့ အကြွင်းအကျန်ဖြစ်မယ်လို့ ယူဆကြပါတယ်။ သေချာတာတစ်ခုကတော့ အဲဒီဂူထဲမှာ တစ်နာရီကို ကာဗွန်ဒိုင်အောက်ဆိုက် ၃၀ ကီလိုဂရမ်နီးပါး ထုတ်လွှတ်နေတယ်ဆိုတာကို သိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။

အဲဒီအတွက် ဒီဂူထဲကို မဝင်မိကြစေဖို့ အန္တရာယ်ရှိကြောင်း အချက်ပေးဆိုင်းဘုတ်တွေလည်း ထောင်ထားပါတယ်။ ဒါပေမဲ့ ဂူဝင်ပေါက်က အလွန်ကျဉ်းမြောင်းလွန်းတာကြောင့် လူဝင်ဖို့တော့ ခက်ခဲပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။