ဆုမြတ်နိုးဦးနဲ့ယူပြီးပြီလားလို့ မေးလာတဲ့ပရိသတ်တစ်ဦးကို ပြန်လည်တုံ့ပြန်လာတဲ့ ကျော်ကျော်

Celebrity Local News
ဆုမြတ်နိုးဦးနဲ့ယူပြီးပြီလားလို့ မေးလာတဲ့ပရိသတ်တစ်ဦးကို ပြန်လည်တုံ့ပြန်လာတဲ့ ကျော်ကျော်

ပရိတ်သတ်ကြီးရေ .. သရုပ်ဆောင် ကျော်ကျော် နဲ့ ဆုမြတ်နိုးဦး တို့ကတော့ အနုပညာလောကမှာ အတူတူကျင်လည်ရင်း သူငယ်ချင်းတွေအဖြစ်ကနေ အနေနီးစပ်သွားခဲ့သူတွေဖြစ်ပါ တယ်..ကျော်ကျော် နဲ့ ဆုမြတ်နိုးဦးဟာ တချိန်ကအရင်းနှီးဆုံး သူငယ်ချင်းတွေဖြစ်ပေမယ့် အခုဆိုရင်အလုပ်တွေအတူတူလုပ် ရင်း ချစ်သူမကျ သမီးရည်းစားမကျ အခြေအနေကိုရောက်ရှိ လာခဲ့တာဖြစ်ပါတယ်…

ချစ်သူသမီးရည်းစားပါလို့ ဝန်ခံထားခြင်းမရှိပေမယ့် ခရီးတွေ သွားရင်း တစ်ခန်းတည်းတစ်ကုတင်တည်းမှာ အမြဲအိပ်တဲ့ ကျော်ကျော် နဲ့ ဆုမြတ်နိုးဦးတို့ဟာ ပရိတ်သတ်တွေရဲ့ စိတ်ဝင် စားခြင်းကို အမြဲတမ်းခံနေရတာပဲဖြစ်ပါတယ်… ဒီကနေ့မှာလည်း ကျော်ကျော်က ဆုမြတ်နိုးဦးကို ကုတင်ပေါ်မှာ နင်းပေးနေတဲ့ဓါတ်ပုံတစ်ပုံကို တင်ခဲ့ရာ ပရိတ်သတ်တစ် ယောက်က “ယူပြီးပြီလား” လို့ မေးခွန်းထုတ်လာရာ ကျော် ကျော်က “မင်းတုန်းမင်း ပါတော်မူကတည်းကပါ” ဆိုပြီး ပြန်လည်ဖြေကြားလာပါတယ်..

ကျော်ကျော် နဲ့ မဆုမြတ်နိုးဦးကတော့ တရားဝင်ယူထားလား ယူထားရလားလို့ မသိရပေမယ့် ကျော်ကျော် ကတော့ မင်းတုန်း မင်း ပါတော်မူကတည်းကယူထားတာ ဆိုပြီး ပရိတ်သတ်ကိုစ နောက်ပြီး ပြောလာတာပဲဖြစ်ပါတယ်.. ကျော်ကျော်နဲ့ ဆုမြတ်နိုး ဦး တို့သာ ချစ်ကြိုက်ပြီး မင်္ဂလာဆောင်ခဲ့ရင် ပရိတ်သတ်တွေက လည်း သဘောတူပြီးသားပါပဲ..

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။