လန်ဒန်တွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသည့် “မသောက်မိသော မိုးခါးရေ” ဇာတ်ကား ရုံပြည့်ရုံလျှံ တခဲနက် အားပေးကြ

International News Local News

လန်ဒန်တွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသည့် “မသောက်မိသော မိုးခါးရေ” ဇာတ်ကား ရုံပြည့်ရုံလျှံ တခဲနက်  အားပေးကြ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လန်ဒန်တွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသည့် “မသောက်မိသော မိုးခါးရေ” ဇာတ်ကား ရုံပြည့်ရုံလျှံ တခဲနက်  အားပေးကြ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လန်ဒန်တွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသည့် “မသောက်မိသော မိုးခါးရေ” ဇာတ်ကား ရုံပြည့်ရုံလျှံ တခဲနက် အားပေးကြ ရုပ်ရှင်မှ နွေဦးတော်လှန်ရေး ရန်ပုံငွေ စုဆောင်းလှူဒါန်းမည်

ရန်ကုန်၊ အောက်တိုဘာ ၂
လန်ဒန်မြို့ Oxendon Street ရှိ The Comedy Store ရုပ်ရှင်ရုံ၌ ဒါရိုက်တာ ကိုပေါက် စီစဉ်ရိုက်ကူးသည့် မသောက်မိသော မိုးခါးရေ ဖြစ်ရပ်မှန် ရုပ်ရှင် ဇာတ်လမ်းတိုကို ပြသပြီး နွေဦးတော်လှန်ရေး ရန်ပုံငွေရှာပွဲ ပြုလုပ်ခဲ့‌ြီး ရုံပြည့်ရုံလျှံ အားပေးကြကြောင်း သိရသည်။

အဆိုပါ ရုပ်ရှင်ပြပွဲသို့ အမျိုးသားညီညွတ်ရေး အစိုးရ၏ ယူကေနိုင်ငံ ကိုယ်စားလှယ်များ ဖြစ်သော ဦးမောင်မောင်အောင်နှင့် ဒေါက်တာ သက်ကိုကို တို့ တက်ရောက်ပြီး နှုတ်ခွန်းဆက် ကျေးဇူးတင် စကားပြောကြားခဲ့ကာ ယူကေရောက် မြန်မာမိသားစုများမှလည်း မြန်မာ့ရိုးရာ စားစရာများဖြစ်သော ဘယာကြော်၊ စမူဆာ၊ ဆနွင်းမကင်း၊ ကျောက်ကျော၊ လက်ဘက်ရည် အစရှိသော စားသောက်ဖွယ်ရာများဖြင့် စတုဒီသာ ကျွေးမွေးခဲ့ကြောင်း သိရသည်။

ရုပ်ရှင်ပြပွဲအပြီးတွင် ဒါရိုက်တာ ကိုပေါက်၏ ကိုယ်တိုင်ရေး အထ္တုပ္ပတ္တိ Documentary film trailer ကိုလည်းပြသခဲ့ပြီး ရုပ်ရှင်လက်မှတ် အစောင် ၄၀၀ ရောင်းချရန် စီစဉ်ခဲ့သော်လည်း အားပေးသူများပြားသောကြောင့် အပိုခုံ ထိုး၍ ပြသရန် စီစဉ်ခဲ့ရကြောင်း ပြပွဲစီစဉ်သူများထံမှ သိရသည်။

မသောက်မိသော မိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းတိုကို ဩစတြေးလျနိုင်ငံ ဆစ်တနီမြို့၊ ဂျပန်နိုင်ငံ နာဂိုယာမြို့နှင့် တိုကျိုမြို့၊ တောင်ကိုးရီးယားနိုင်ငံ အင်ချွန်းမြို့၊ ဆွစ်ဇာလန်နိုင်ငံ Einsiedeln မြို့၊ အမေရိကန်နိုင်ငံ နယူးယောက်မြို့နှင့် ဆန်ဖရန်စစ္စကို မြို့တို့တွင်လည်း ပြသသွားမည်ဖြစ်ပြီး အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ယနေ့ ပွဲဦးထွက်ပြသခြင်းဖြစ်ကြောင်း သိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း
မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။