ဂုဏ်သိက္ခာကျကိန်း ကြုံနေရပြီလား

Astrology
ဂုဏ်သိက္ခာကျကိန်း ကြုံနေရပြီလား

လူ့ဘဝဆိုတာ က တစ်ခါတစ်လေ …ဂုဏ်သတင်းညှိးမှိန်စရာ အခြေအနေမျိုးနဲ့ တည့်တည့်ကို ကြုံကြရလေ့ရှိပါတယ်။ဆိုတော့…ဂုဏ်သိက္ခာဆိုတာကို တန်ဖိုးထားလေလေ…..ဒီကိစ္စမျိုးက ….အန္တရယ်ကြီးလေလေပါပဲ။
ကောင်းပြီ….။အဲဒီ့ဂုဏ်သိက္ခာ…ကျဆင်းရတော့မလိုလို…ကြုံကိန်းရှိလာ…ဘယ်လိုလုပ်ရပါ့။

ကဲ…..
တနင်္ဂနွေနေ့ဖွား … စနေနေ့မှာ
တနင်္လာနေ့ဖွား ……တနင်္လာနေ့မှာ
အင်္ဂါနေ့ဖွား …..ကြာသာပတေးနေ့မှာ
ဗုဒ္ဓဟူးနေ့ဖွား ……ကြာသာပတေးနေ့မှာ
ရာဟုဖွား …… ဗုဒ္ဓဟူးနေ့မှာ
ကြာသာပတေးနေ့ဖွားများ…ဗုဒ္ဓဟူးနေ့မှာ
သောကြာနေ့ဖွားများ …..တနင်္လာနေ့မှာ
စနေနေ့ဖွားများ …….ဗုဒ္ဓဟူးနေ့မှာ
ထွေးခံ…
အမှိုက်ပုံး….စသည်တို့ကို….မိမိတို့နာမည် ထင်ထင်ရှားရှားရေးထိုးပြီး ….ဘုန်းတော်ကြီးကျောင်းမှာ လှုဒါန်းပါ။

(ဘာသာခြားများအဖို့တော့ ….အများသုံးနေရာများမှာ ကုသိုလ်ဖြစ်…လှုနိုင်ပါတယ်။)
တတ်နိုင်သူများ အနေနဲ့ ကုဋီဆောက်လုပ်လှုဒါန်းပါ။ (အမည်ရေးထိုးပြီး)
သူများတံတွေးခွက် ပက်လက်မျောလုလု …အနေအထားမျိုး ကြုံနေသူအချို့တောင် …အတော်ကို အနေအထား သက်သာ သွားတာ ရှိပါသဗျား။
မောင်ဖုန်း ဒီယတြာ ဒီကုသိုလ်အားလေးကို …ပေးကြည့် စမ်းကြည့်…ကြာခဲ့ပါပြီ။ အင်မတန်ကောင်းပါတယ်လို့ သာ ညွှန်းပါရစေ။

ဒီ့ထက်ထက်မြက်တဲ့ ဂုဏ်သိက္ခာထိခိုက်မှုကို ကာကွယ်တဲ့ နည်းစနစ်လည်း (ဗုဒ္ဓဘာသာဝင်များအတွက်…လုပ်လို့ရနိုင်သောနည်းလမ်း) ရှိပါသေးတယ်။
နောင် အခါအခွင့်သင့်တဲ့အခါ …ရေးသားတင်ပြပေးပါဦးမယ်ခင်ဗျ။
အားလုံးပဲ …ချမ်းသာခြင်း ရှိကြပါစေ။

ဂုဏ်သတင်းကျဆင်းရခြင်းမျိုးမှ….သက်သာရာ ရရှိကြပါစေသတည်း။
လေးစားစွာဖြင့်
ကိုဖုန်း။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။