မပြောင်းချင်တဲ့…အလုပ် ၊အိမ်နေရာ

Astrology
မပြောင်းချင်တဲ့…အလုပ် ၊အိမ်နေရာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မပြောင်းချင်တဲ့…အလုပ် ၊အိမ်နေရာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မပြောင်းချင်တဲ့…အလုပ် ၊အိမ်နေရာ

မိမိနေသားကျနေတဲ့ နေရာကနေ နောက်တနေရာကို မပြောင်းချင်ကျတာ သဘာဝပါ။ မိမိနေသားကျနေတဲ့ အိမ် ၊အလုပ်နေရာ မပြောင်းမရွှေ့ရအောင်
(၁)မိမိမွေးနေ့ နံနက် ၉ နာရီမှ ၁၀နာရီ၄၅ မိနစ်အတွင်း လိပ်ကို အစာကျွေးပြီး အိမ်၊အလုပ်နေရာ မပြောင်းရွေ့ရအောင် အလေးအနက်ဆုတောင်းကြည့်လိုက်ပါ ။

(၂)မိမိမွေးနေ့နံနက် ပိုင်းမှစတင်ပြီး မြေပဲကြော် တစ်ပန်းကန်ကို အိမ်ဘုရားတွင် ၉ရက်တိတိ ကပ်လှူပြီး ဆုတောင်းပါ။
(၃) တန်ခိုးကြီးသောဘုရားစေတီ ၏ သက်ဆိုင်ရာ ဘုရား၏ထောင့်များတွင် သန့်ရှင်းအောင် တံမြက်စည်းလှဲ ရေဆေးကြောပေးခြင်း စသောကုသိုလ်ကောင်းမှုများကို ပြုလုပ်ပေးပြီး မိမိယခုနေသော နေရာမပြောင်းရွေ့ရစေရန် လေးလေးနက်နက် ဆုတောင်းကြည့်ပါ။
တနင်္ဂနွေသားသမီးဆိုလျှင် …. ရာဟုထောင့်တွင် ကုသိုလ်ကောင်းမှုပြုလုပ်ပါ။
တနင်္လာသားသမီး ဆိုလျှင်….သောကြာထောင့်တွင် ကုသိုလ်ကောင်းမှုပြုလုပ်ပါ။
အင်္ဂါသားသမီး ဆိုလျှင်…. တနင်္ဂနွေထောင့်တွင် ကုသိုလ်ကောင်းမှုပြုလုပ်ပါ။
ဗုဒ္ဓဟူးသားသမီး ဆိုလျှင်….တနင်္လာထောင့်တွင် ကုသိုလ်ကောင်းမှုပြုလုပ်ပါ။
ကြာသပတေးသားသမီးဆိုလျှင်…. ဗုဒ္ဓဟူးထောင့်တွင် ကုသိုလ်ကောင်းမှုပြုလုပ်ပါ။
သောကြာသားသမီးဆိုလျှင်… ကြာသပတေးထောင့်တွင် ကုသိုလ်ကောင်းမှုပြုလုပ်ပါ။
စနေသားသမီး ဆိုလျှင်….အင်္ဂါထောင့်တွင် ကုသိုလ်ကောင်းမှုပြုလုပ်ပါ။
ရာဟုသားသမီးဆိုလျှင်…. စနေထောင့် များတွင် ပတွင် ကုသိုလ်ကောင်းမှုပြုလုပ်ပါ။
ယုံကြည်မှုများဖြင့် ယတြာများကို ပြုလုပ်ပါ အမြန်ဆုံးအဆင်ပြေသွားပါလိမ့်မည် ။
ဗေဒင်ယတြာဖတ်ရှူ့သူအားလုံးလည်းပဲ… သာယာအေးချမ်းကြပါစေလို့ …ဆုတောင်းပေးပါတယ်…

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။