ရန်ကုန်မြစ်တွင်း အပျော်စီးသင်္ဘောခရီးစဉ် စတင်

Local News

ရန်ကုန်မြစ်တွင်း အပျော်စီးသင်္ဘောခရီးစဉ် စတင်

ဒီဇင်ဘာ – ၂၀ ၊၂၀၂၀

ကိုဗစ်ကာလမှာ ပြည်သူတွေ စိတ်အပန်းဖြေစေဖို့ ရည်ရွယ်ပြီး ရန်ကုန်မြစ်တွင်း အပျော်စီးသင်္ဘော ခရီးစဉ် ပြေးဆွဲတာကို ဒီကနေ့ညနေပိုင်း မှာ စတင်လိုက်ပါတယ်။

ရန်ကုန်မြစ်တွင်းအပျော်စီးသင်္ဘောခရီးစဉ်ကို မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း က စီစဉ်တာဖြစ်ပါတယ်။

ဒီကနေ့ စတင်ပြေးဆွဲတဲ့ခရီးစဉ်ကတော့ ကျန်းမာရေးဆိပ်ကမ်းကနေ ဗိုလ်တထောင် – ဘုရင့်နောင် – မြစ်သုံးဂွဆိုင် – ဗိုလ်တထောင် ခရီးစဉ်ဖြစ်ပြီး အချိန်သုံးနာရီကြာမြင့်ပါတယ်။

လက်မှတ်တွေရဲ့စျေးနှုန်းကတော့ ကျပ်တစ်သောင်းကနေ ၊ ကျပ်တစ်သောင်းခွဲ အထိ သတ်မှတ်ထားပါတယ်။

ခရီးစဉ်မှာ လိုက်ပါမယ့် ခရီးသည်တွေကတော့ ကိုဗစ် ကူးစက်မှု ရှိ မရှိ စစ်ဆေးစရာမလိုပေမယ့်

Social Distancing ဖြစ်အောင် လူ ၁၂၀ ဝင်ဆန့်တဲ့သင်္ဘော မှာ လူ ၃၀ ပဲ လက်ခံ မှာဖြစ်ပါတယ်။

ရန်ကုန်မြစ်တွင်းအပျော်စီးသင်္ဘောခရီးစဉ်ကို အများပြည်သူရုံးပိတ်ရက်တိုင်းပြေးဆွဲပေးမှာလို့သိရပါတယ်။

ဒီလို ခရီးစဉ်ကို စီစဉ်ရတာဟာ ကိုဗစ်ကာလအတွင်းအများပြည်သူ စိတ်အပန်းဖြေစေဖို့ရည်ရွယ်တာဖြစ်ပြီး

ကျန်းမာရေးဝန်ကြီး ဌာန ညွှန်ကြားထားတဲ့ ကိုဗစ်ကာကွယ်ရေး စည်းမျည်းတွေကို

လိုက်နာသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။

လက်မှတ်ဝယ်ယူမယ့် သူတွေအနေနဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဆီမှာ ဝယ်ယူလို့ရတယ် သိရပါတယ်။

ဒီနေ့ စတင်ပြေးဆွဲတဲ့ ခရီးစဉ်ဟာ ကနဦးခရီးစဉ်ဖြစ်ပြီး ရန်ကုန်မြစ်တွင်းအပျော်စီးသင်္ဘောခရီးစဉ်

ပြေးဆွဲမယ့် လမ်းကြောင်းတွေ ၊အချိန် တွေကို အသေးစိတ် အသိပေးသွားမှာဖြစ်ပါတယ်။

Source : 7DayTV

 

Leave a Reply