တရုတ်က ကမ္ဘာ့ စူပါပါဝါနိုင်ငံ ဖြစ်တော့မှာလား

International News

တရုတ်က ကမ္ဘာ့ စူပါပါဝါနိုင်ငံ ဖြစ်တော့မှာလား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တရုတ်က ကမ္ဘာ့ စူပါပါဝါနိုင်ငံ ဖြစ်တော့မှာလား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရုရှား ရူဘယ်ငွေဟာ အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် စစ်ပွဲစတင်တဲ့ ဖေဖော်ဝါရီ (၂၄) မှာရှိနေတဲ့ တစ်ဒေါ်လာ (၈၅) ရူဘယ် တန်းကိုပြန်ရောက်သွားပါပြီ။ ရုရှားကလဲ မိတ်ဆွေ မပီသတဲ့ နိုင်ငံတွေကို ရူဘယ်ငွေနဲ့ပဲ လက်ခံမယ်လို့ EU နဲ့ G7 နိုင်ငံတွေကို တရားဝင် ပြောခဲ့ပါတယ်။ သူ့ကို စိးပွါးရေး ပိတ်ဆို့သလို သူကလည်း ဒေါ်လာနဲ့ အရောင်းအဝယ်ကို လက်မခံတော့ဘူးလို့ တုံ့ပြန်ခဲ့တာပါ။ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် ရူဘယ်ငွေဟာ တစ်ဒေါ်လာကို (၁၄၀) ရူဘယ် (၆၀) % အထိ တန်ဖိုးကျဆင်းခဲ့ရပေမဲ့ ရုရှားဗဟို ဘဏ်က ၂ နှစ်ကျော် ရပ်ဆိုင်းထားတဲ့ ‌ရွှေဝယ်ယူမှုကို ပြန်စတင်လိုက်တဲ့ အခါ တလအတွင်း မူလ တန်ဘိုး ပြန်ရောက်သွားပါတယ်။

တရုတ် နဲ့ ရုရှား ဟာ တချိန်မှာ အမေရိကန် ‌ဒေါ်လာသုံးစွဲမှုကို ရပ်ဆိုင်းနိုင်ရမယ် ဆိုတဲ့ တူညီတဲ့ ရည်မှန်းချက်တွေ ရှိကြပါတယ်။ ဒါကြောင့်လည်း သူတို့ဟာ ရွှေဝယ်ယူ စုစောင်းနေခဲ့တာ နှစ်အတန်ကြာ ကတည်းကပါပဲ ။ ဒါကြောင့် ရုရှားဟာ တရားဝင် စာရင်းတွေအရ တန်ချိန် 2298တန် ပိုင်ဆိုင်ပြီး နံပါတ် ၅ နဲ့ တရုတ်က 1948တန်နဲ့ နံပါတ် ၆ ကမ္ဘာ့ ရွှေပိုင်ဆိုင်အဆင့်မှာ ရှိနေကြပါတယ်။

အမေရိကန်ဟာ ဒေါ်လာကို လက်နက်တခုလို အသုံးချနေတာဟာ နှစ်အတန်ကြာကတည်းက ဆိုတာ အားလုံးအသိပါပဲ ။ အခု ရုရှား-ယူကရိန်း စစ်ပွဲမှာ ဒေါ်လာအပေးအယူ စံနစ် Swift messaging system ကနေ ရှရှားကို ဖယ်ထုတ်လိုက်တာဟာ လက်ငင်း ထင်ရှားတဲ့ ဥပမာ တခုပဲဖြစ်ပါတယ်။

ဒီဥပမာကို ကြည့်ပြီး တရုတ်ဟာ ရွှေဝယ်ယူမှု တိုးမြှင့်လုပ်ဆောင်တော့မယ် ဆိုတာ အထင်အရှားပါပဲ ။ US ဟာ ‌ရွှေတန်ချိန် 8133 တန် ပိုင်ဆိုင်ပြီး တရုတ်ထက် ၆၅% ပိုပိုင်ဆိုင်ထားပါတယ် ။ ဘာကြောင့် ဒီလောက်ကွာဟနေရတာလဲ ဆိုတော့ တရုတ်ဟာ သူ့ရဲ့ ပိုင်ဆိုင်မှု တရားဝင် ထုတ်ပြန်မှုနဲ့ တကယ်ပိုင်ဆိုင်မှု ကွာဟနေလို့ပဲ ဖြစ်ပါတယ်။

တရုတ်ဟာ ပြီးခဲ့တဲ့ ၁၀စု နှစ်တွေ အတွင်း ကမ္ဘာ့ရွှေ ထုတ်လုပ်မှုရဲ့ 15% ကိုထုတ်လုပ်နိုင်ခဲ့ပါတယ် 2000 ခုနှစ်က နေယနေ့အထိ ကမ္ဘာ့နိုင်ငံအချို့မှ တရုတ်ပိုင် ရွှေထုတ်လုပ်ရေးတွေကနေ ရွှေတန်ချိန် 6830 ထုတ်လုပ်သိမ်းစည်းနိုင်ခဲ့ပါတယ် ။ နှစ်စဉ် တောင်အမေရိက အာဖရိက နဲ့ အာရှကနေ ရွှေတန်ချိန် များစွာဝယ်ယူနေမှုကိုလည်း တရားဝင်ထုတ်ပြန်ခြင်း မရှိပါဘူး၊ တရုတ်ပြည်တွင်းက ထုတ်လုပ်တဲ့ ရွှေကိုလည်း ပြည်ပကို ရောင်းချခွင့် မရှိပါဘူး။

The World Gold Council ရဲ့ ခန့်မှန်းချက်အရ တရုတ်ပြည်သူတွေ ပိုင်ဆိုင်တဲ့ လက်ဝတ်ရတနာ ရွှေတန်ချိန် 4000 ကျော်တယ်လို့ဆိုပါတယ်။ အနှစ်ချုပ်ရရင် တရုတ်ပိုင် ရွှေတန်ချိန် 31000 ရှိနိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းကြပါတယ် ။

တရုတ်ဟာ ဒေါ်လာအပေးအယူ စံနစ် Swift messaging system လို သူ့ရဲ့ Cross-Border Interbank Payment System (CIPS) စံနစ်ကို ဖော်ဆောင်နေတာ အတော်ခရီး ရောက်နေပါပြီ ။ ယူကရိန်း အရေးမှာ တရုတ်ကို ဝင်မပါဖို့ US ကပြောပြီး ဝင်ပါရင် ထိထိရောက်ရောက် အရေးယူမယ်ပြောတော့ တရုတ်က ထိထိရောက်ရောက် လက်တုံ့ပြန်မယ်လို့‌ပြောခဲ့ပါတယ်။

ဘာကြောင့် တရုတ်ဟာ အမေရိကန်ကို ဒီလို ခက်ခက်ထန်ထန် ပြန်ပြောခဲ့တာလဲ ။ တရုတ်ဟာ အမေရိကန်လုပ်သလို ငွေကြေးကို လက်နက်အဖြစ် အသုံးပြုဖို့ အဆင်သင့်ဖြစ်နေတဲ့ အဆင့်မှာရှိနေပါတယ် ။ ကမ္ဘာ့ငွေပေးချေမှုစံနစ် CIPS ရှိနေပါပြီ၊ သူပိုင်ဆိုင်တဲ့ ရွှေတန်ချိန်ကို တရားဝင်ကြေငြာလိုက်တာနဲ့ တရုတ်ယွမ် ဟာ ကမ္ဘာ့တန်ဘိုး အမြင့်ဆုံး ငွေကြေးဖြစ်သွားပါမယ်။

ငွေကြေးလဲလှယ်မှု တန်ဘိုးကို တရုတ်က တန်ကြေးဖြတ်တဲ့ အနေအထားရောက်သွား ပါလိမ့်မယ် ။ ရွှေပိုင်ဆိုင်မှုနည်းတဲ့ နိုင်ငံတွေရဲ့ ငွေကြေးတွေ အကြီးအကျယ် ကမောက်ကမ ဖြစ်သွားပါမယ် ။ central bank digital currency (CBDC) ရွှေနဲ့ နောက်ခံထားတဲ့ ဗဟိုဘဏ် ဒီစ်ဂျစ်တယ် ငွေကြေးစနစ်တခုလည်း အရံအဖြစ်ထူထောင်ပြီးနေပါပြီ ။ ဒေါ်လာ ၃ ထီလျံ ငွေသားလည်း သိမ်းဆည်းထားပြီး ဖြစ်ပါတယ် ။

အသံထက် ၁၀ ဆမြန်တဲ့ နူးထိပ်ဖူး ဖျက်အားပြင်းဗုံးတွေ သယ်ဆောင်နိုင်တဲ့ Hypersonic မစ်ဆိုင်း အများအပြားလည်း တပ်ဆင်ထားပြီး ဖြစ်ပါတယ် ။ ကမ္ဘာ့ဘယ်နေရာကို မဆို တနာရီ အတွင်း အရောက်ပစ်လွတ်နိုင်နေပါပြီ ။ ထောက်လှမ်းရေးအတွက် တရုတ်ပိုင် အာကာသ စခန်းလည်း တည်ဆောက်ပြီးပါပြီ။

ယူကရိန်း ရုရှား အရေးကြောင့် ကမ္ဘာ့နိုင်ငံ အများအပြား စီးပွားရေး ငွေကြေးဖေါင်းပွမှုတွေ ရင်ဆိုင်နေရချိန် တရုတ်ကတော့ အေးဆေးပါပဲ ။ ယူကရိန်း ရုရှား အရေးဟာ ကမ္ဘာ့စူပါ ပါဝါ ဖြစ်ဖို့စောင့်နေတဲ့ တရုတ်အတွက် အသာအယာပဲ နေရာဝင်ယူမလားဆိုတာကတော့ စိတ်ဝင်စားစွာ စောင့်ကြည့်ရမဲ့ အနေအထားမှာ ရှိနေပါတယ် ။ မြန်မာပြည်ကြီးလည်း ကျန်းမာပါစေ။

ရေးသားသူ – ရဲသူရိန်မင်း

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။