စစ်ကောင်စီဟာနိုင်ငံတော်ကို ကိုယ်စားမပြုဘူးလို့ CRPH ဒေါ်ဇင်မာအောင် ဒဲ့ပြောပြီ

Local News

စစ်ကောင်စီဟာနိုင်ငံတော်ကို ကိုယ်စားမပြုဘူးလို့ CRPH ဒေါ်ဇင်မာအောင် ဒဲ့ပြောပြီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်ကောင်စီဟာနိုင်ငံတော်ကို ကိုယ်စားမပြုဘူးလို့ CRPH ဒေါ်ဇင်မာအောင် ဒဲ့ပြောပြီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“CRPH ဒေါ်ဇင်မာအောင်၏ ဒီနေ့စကား”

အာဏာရှင်တွေဟာ သူတို့ကိုယ် သူတို့ ( နိုင်ငံတော် ) လို့ ထင်နေတာ က စ ပြီး လွဲတာပဲ။

နိုင်ငံတော် ရဲ့ မူလ အချုပ်အခြာအာဏာပိုင်ရှင် ဖြစ်တဲ့ ပြည်သူကိုလည်း အတွေး အခေါ်အမှား နဲ့ တွေဝေအောင် အင်အားချည့်နဲ့အောင် လုပ်ပြီး သူတို့ လိုသလို အာဏာကျင့်သုံးဖို့ အာဏာရူးဖို့ – နိုင်ငံတော် ဆိုတာကို အလွဲသုံးစား လုပ်ကြပါတယ်။

နိုင်ငံတော် ဆိုသည်မှာ ( နယ်နိမိတ် ၊ ပြည်သူ ၊ အစိုးရ ၊ အချုပ်အခြာအဏာ ) အနည်းဆုံး ဒီ(၄) ခု စုံ မှ ကမ္ဘာမြေပုံပေါ်မှာ အချုပ်အခြာပိုင် နိုင်ငံတော် ဆိုတာ ဖြစ်ရပါတယ်။

အခု စစ်ကောင်စီ က – အစိုးရ ဖြစ်ချင်လို့ ပြည်သူ့အချုပ်အခြာအာဏာကို ဓါးပြ တိုက်ထား တဲ့ ဓါးပြသာသာ ရှိတဲ့ အာဏာရူးတွေ ဖြစ်တဲ့ အတွက် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီဟာ –

နိုင်ငံတော်ကိုယ်စားမပြုပါဘူး ။ ဒါကြောင့် စစ်ကောင်စီကို ပုန်ကန်ခြားနားခြင်းဟာ လည်း နိုင်ငံတော်ကို ပုန်ကန်ခြားနားခြင်းမဟုတ် ၊ နိုင်ငံတော်ကို ဆန့်ကျင်ခြင်း မဟုတ်ကြောင်း သိစေလိုပါတယ် ။

ရေးသားသူ – AGGA

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။