သင်ဘယ်အလုပ်နဲ့အကျိုးပေးမှာလဲ?

Astrology

သင်ဘယ်အလုပ်နဲ့အကျိုးပေးမှာလဲ?

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သင်ဘယ်အလုပ်နဲ့အကျိုးပေးမှာလဲ? ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


အခုတခါ ပြောပြပေးမှာကတော့ မြန်မာ့ရိုးရာ ရှေးဟောင်း ဗေဒင်တွက်နည်းလေး
တစ်ခုပဲဖြစ်ပါတယ် ။ သစ်ပင်တွေကိုကိုယ်စားပြုပြီး မိမိကဘာပင်ဖွားလဲဆိုတာသိရင် အဖြေရှာကြည့်နိုင်ပါပြီ ။

ပထမဆုံး မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ကို တည်ပြီး(၁){-}ပါ ။ ပြီးရင် (၁၂)နဲ့ {÷}ပေးပါ ။
အကြွင်းကိုကြည့်ရင် မိမိဘာပင်ဖွားလဲဆိုတာသိနိုင်ပါပြီ ။

ဥပမာ ၁၃၃၃ခုနှစ်ဖွားကို တွက်ပြပါမယ် ။
၁၃၃၃
_ ၁
_______
၁၃၃၂ ÷ ၁၂ ဆိုရင် (၀)ကြွင်းပါတယ် ။
အကြွင်းဟောကိန်းကို ဖတ်ကြည့်ပါ ။

၁ကြွင်း(ထန်းပင်ဖွား)။

စိတ်ဓာတ်ဖြောင့်မတ်ရိုးသားပြီး ရိုးရိုးအေးအေးနေထိုင်လုပ်ကိုင်လိုသူမျိုးဖြစ်သည် ။ လယ်ယာကုန်ထုတ်လုပ်ငန်းမျိုးနှင့် အကျိုးပေးသူဖြစ်၍ ဥယျာဥ်ခြံမြေ စိုက်ပျိုးရေး လုပ်သင့်ပါသည် ။

၂ကြွင်း(အုန်းပင်ဖွား) ။

လွတ်လပ်စွာ နေထိုင်လုပ်ကိုင်တတ်သူ ၊ အစိုးရဝန်ထမ်းနှင့်မသင့်လျော်ပါ ။ကိုယ်ပိုင်စီးပွားရေးကိုဦးစားပေးလုပ်ကိုင်ပါက နာမည်ကျော်ကြားအောင်မြင် ကြီးပွားတတ်ပါသည် ။ အနုပညာအလုပ် ၊ ကုန်သည်အလုပ်များဖြင့်အကျိုးပေးသည် ။

၃ကြွင်း(ကညင်ပင်ဖွား)။

ဝန်ထမ်းလခစားအလုပ် အကျိုးပေးပါသည် ။
ငယ်နာမည်ပျောက်ပြီး ကြီးနာမည်နှင့်ကျော်ကြား
တတ်ပါသည် ။ အကြီးအကဲဖြစ်မည် ။ တန်ခိုးအာဏာကြီးမားတတ်သည် ။ ဒေါသကြီးတတ်ခြင်းကိုတော့ ဆင်ခြင်ထိန်းသိမ်းပါ ။

၄ကြွင်း(လက်ပံပင်ဖွား)။

ပင်ပမ်းးခက်ခဲစွာ ရှာဖွေစားသောက်စရာ မလိုအောင် အတိတ်ကံ ကောင်းပါသည် ။ကြိုးစားလုပ်ကိုင်ရင်း တစ်နေ့ထက်တစ်နေ့ ကြွယ်ဝလာတတ်သူဖြစ်သည် ။ ကိုယ့်ကိုကိုယ် အထင်ကြီးတတ်ပြီး ကိုယ့်ကိုမှီခိုသူများလည်း ပေါတတ်ပါသည် ။
ပြီးလျှင် ထိုသို့မှီခိုသူများသည် ကိုယ့်ကျေးဇူးကို ပြန်မသိတတ်သူမျိုးနှင့် ကြုံရတတ်သည် ။လူယုံ အကျိုးမပေးတတ်ပါ ။ သရုပ်ဆောင်အတတ်မျိုးဖြင့် အကျိုးပေးတတ်ပါသည် ။

၅ကြွင်း(သင်္ကန်းပင်ဖွား) ။

မင်းစိုးရာဇာအား ခစားခြင်းဖြင့် မကြာမီအကြီးအကဲ ဖြစ်တတ်သူ ၊ ကုန်သည် ၊ လယ်လုပ် ၊ အကျိုးမပေးတတ်ပါ ။ လောဘနှင့် ဒေါသကိုလျှော့ပါ ။ တီထွင်ဖန်တီးတတ်သူ ၊ ကျော်စောတတ်သူ ။

၆ကြွင်း(ဗောဓိပင်ဖွား) ။

ကုန်သည်လုပ်ငန်း ၊ စိုက်ပျိုးရေးစသည့်ကိုယ်ပိုင်အရောင်းအဝယ်လုပ်ငန်းများဖြင့်ကြွယ်ဝတတ်သည် ။ ဘာသာတရားရိုသေကိုင်းရှိုင်းတတ်သူ ၊ စိတ်စေတနာကောင်းတတ်သူဖြစ်ပါသည် ။

၇ကြွင်း ၀ကြွင်း (ငှက်ပျောပင်ဖွား) ။

သူများကို အထင်မကြီးတတ်သလို မည်သူအားကိုးမှလည်း မရတတ်ပါ ။ ကိုယ့်ဒူးကိုယ်ချွန်ရင်း တိုးတက်တတ်သူပါ ။ ပေးကမ်းစွန့်ကြဲခြင်း အားကောင်းတတ်သူ ၊ ကိုယ်ပိုင်လုပ်ငန်းမှန်သမျှအကျိုးပေးပါသည် ။

၈ကြွင်း(ကသစ်ပင်ဖွား) ။

ကိုယ်ပိုင် စီးပွားကုန်သည်လုပ် လုပ် ၊အစိုးရဝန်ထမ်းလုပ် လုပ် အကျိုးပေးတတ်သူပါ ။စိတ်ထားကောင်းသူ ၊ တည်ကြည်ရဲရင့်ပြီး သူ့တပါးကျေးဇူး သိတတ်သူမျိုးဖြစ်ပါသည် ။

၉ကြွင်း(ပိန္နဲ ပင်ဖွား) ။

ဘာပဲလုပ်လုပ်ကိုယ်ကဦးဆောင်ရမှကျေနပ်သူ ၊ လူ့ရိပ် လူကဲလွန်စွာ သိသူ ၊ အစိုးရဝန်ထမ်းလုပ်သင့်သည် ။

၁၀ကြွင်း(သင်္ဘောပင်ဖွား) ။

ဘဝမှာငယ်စဥ်အခါကဒုက္ခရောက်တတ်သော်လည်း အသက်ကြီးပိုင်းရောက်လေ ကောင်းတတ်ပါသည် ။ ကုန်သွယ်လျှင်ကြီးပွား ၊ ဆေးဆရာဆိုကျော်ဇော ၊ ဗေဒင်ဆရာဆို ဟောတိုင်းမှန်၍ ဝန်ထမ်းလုပ်လျှင်လည်း အကြီးအကဲဖြစ်တတ်ပါသည် ။

၁၁ကြွင်း(ကြာပင်ဖွား) ။

စိတ်ကောင်းရှိသူ ၊ ရိုးသားသူ ၊ လူ့အရိပ်အကဲသိပြီး ကြင်နာသနားတတ်သူ ၊ အရာရှိကြီး ၊ ဗေဒင် ၊ ဆေးဝါး ၊ဆရာသမားတော်ကြီးမျိုး ဖြစ်တတ်ပါသည် ။

၁၂ကြွင်း(ပလ္လင်ပင်ဖွား)။

မဟုတ်မမှန် မလုပ်တတ် ၊ အေးဆေးစွာ နေလိုသူဖြစ်ပါသည် ။ မင်း၊အစိုးရတို့နှင့် မပတ်သက်သည့်ကုန်သည် ၊ လယ်လုပ် ၊ စိုက်ပျိုးရေးတို့ဖြင့်သာအကျိုးပြုပါသည် ။

ရေးသားသူ – သာထက်ဇော်(မကွေး)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။