ငလျင်ဒဏ်ကြောင့် ပြိုကျတဲ့ အဆောက်အအုံ အပျက်အစီးကြားကနေ မွေးကင်းစကလေးငယ်ကို ကယ်တင်နိုင်ခဲ့ အပျက်အစီးတွေကြားမှာ မောင်ဖြစ်သူကို ဒိုင်းအဖြစ် ကာကွယ်ပေးခဲ့တဲ့ မိန်းကလေးငယ်

International News Local News
ငလျင်ဒဏ်ကြောင့် ပြိုကျတဲ့ အဆောက်အအုံ အပျက်အစီးကြားကနေ မွေးကင်းစကလေးငယ်ကို ကယ်တင်နိုင်ခဲ့ အပျက်အစီးတွေကြားမှာ မောင်ဖြစ်သူကို ဒိုင်းအဖြစ် ကာကွယ်ပေးခဲ့တဲ့ မိန်းကလေးငယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ငလျင်ဒဏ်ကြောင့် ပြိုကျတဲ့ အဆောက်အအုံ အပျက်အစီးကြားကနေ မွေးကင်းစကလေးငယ်ကို ကယ်တင်နိုင်ခဲ့ ။အပျက်အစီးတွေကြားမှာ မောင်ဖြစ်သူကို ဒိုင်းအဖြစ် ကာကွယ်ပေးခဲ့တဲ့ မိန်းကလေးငယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့တဲ့ အဆောက်အအုံ အပျက်အစီးတွေကြားကနေ မွေးကင်းစ ကလေးငယ်တစ်ယောက်ကို ကယ်ဆယ်ရေးသမားတွေက ကယ်တင်နိုင်ခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဂျင်ဒီရက်စ်မြို့ အဆောက်အအုံ အပျက်အစီးကြားကနေ မွေးကင်းစ မိန်းကလေးငယ်ကို ကယ်ထုတ်ခဲ့တာပါ။


လူ ၁၁၀၀၀ ကျော် thayဆုံးစေခဲ့တဲ့ အင်အားပြင်းငလျင် လှုပ်ခတ်နေချိန်မှာပဲ သူ့အမေက မီးဖွားခဲ့တာဖြစ်ပြီး သူ့ကိုမွေးပြီး မကြာခင် thayဆုံးသွားခဲ့တာလို့ ဆွေမျိုးသားချင်းတစ်ဦးက ဆိုပါတယ်။ ငလျင်လှုပ်ခတ်မှုမှာ ကလေးငယ်ရဲ့မိဘနှစ်ပါးအပြင် အဒေါ်ဖြစ်သူနဲ့ မွေးချင်းလေးယောက်လည်း thayဆုံးခဲ့ပါတယ်။

ပြင်းအား ၇.၈ မဂ္ဂနီကျူ့စ်ရှိတဲ့ တူရကီငလျင်ကြောင့် ဆီးရီးယားနိုင်ငံမှာ ကလေးငယ်တွေရဲ့ နေအိမ်အဆောက်အအုံ အပါအဝင် အဆောက်အအုံ ၅၀ ပြိုကျခဲ့တာပါတယ်။ အဆောက်အအုံပြိုကျတဲ့ သတင်းကြားကြားချင်း ဆွေမျိုးသားချင်းတွေက သူတို့အိမ်ရှိရာကို အပြေးအလွှား လာခဲ့ကြတာပါ။

” အပျက်အစီးတွေကို တူးဖော်ဖယ်ရှားနေတုန်း ငိုသံကြားတယ်။ ဖုန်တွေ ရှင်းသွားတော့ တူမလေးကို ချက်ကြိုးတန်းလန်းနဲ့ တွေ့ခဲ့တာပါ။ အဲဒါနဲ့ ချက်ကြိုးဖြတ်ပြီး ဆေးရုံပို့ခဲ့တာပါ” လို့ ကလေးငယ်ရဲ့ဦးလေးက ပြောပါတယ်။
အခုချိန်မှာတော့ ကလေးငယ်ဟာ ကျန်းမာရေးစိတ်ချရတဲ့ အခြေအနေရှိတယ်လို့ ဆေးရုံမှ ဆရာဝန်က ပြောပါတယ်။

အပျက်အစီးတွေကြားမှာ မောင်ဖြစ်သူကို ဒိုင်းအဖြစ် ကာကွယ်ပေးခဲ့တဲ့ မိန်းကလေးငယ်

” သမီးကို ဒီအထဲက ထုတ်ပေးရင် ဘာမဆို လုပ်ပေးပါ့မယ်။ အစေခံလုပ်ဆိုရင်လည်း လုပ်ပေးပါ့မယ်”

ငလျင်ဒဏ်ကြောင့် အပျက်အစီးတွေကြား ပိတ်မိနေတဲ့ ကလေးနှစ်ယောက်ထဲမှာ အစ်မဖြစ်သူက ကယ်ဆယ်ရေးသမားတွေကို တွေ့တော့ အခုလို ပြောခဲ့တာပါ။ ဆီးရီးယားနိုင်ငံမြောက်ပိုင်းက သူတို့နေအိမ် ပြိုကျပြီး ကွန်ကရစ်တုံးတွေကြား ပိတ်မိနေတဲ့ မောင်နှမနှစ်ယောက်ကို ၃၆ နာရီကျော် အကြာမှာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။

Sister shields sibling from dust during 36-hour wait for help after quake |  National & World News | news8000.com

အပျက်အစီးတွေကြား ပိတ်မိနေချိန်မှာ အစ်မဖြစ်သူ မာရီယမ်က သူ့မောင်လေး အီလက်ဖ်ကို ဒိုင်းအဖြစ် ကာကွယ်ပေးခဲ့တာပါ။ တူရကီ-ဆီးရီးယားနယ်စပ်ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် thayဆုံးသူ ၁၁၀၀၀ ကျော် ရှိနေပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။