အမြိတ္တစုတ်ရက်ကိုဆောင်ပါ ။ လာဘ်နေကိုဆောင်၊နတ်နေကိုရှောင်ပါ

Astrology

အမြိတ္တစုတ်ရက်ကိုဆောင်ပါ ။ လာဘ်နေကိုဆောင်၊နတ်နေကိုရှောင်ပါ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမြိတ္တစုတ်ရက်ကိုဆောင်ပါ ။ လာဘ်နေကိုဆောင်၊နတ်နေကိုရှောင်ပါ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမြိတ္တစုတ်ရက်ကိုဆောင်ပါ ။ လာဘ်နေကိုဆောင်၊နတ်နေကိုရှောင်ပါ

ကျွန်တော်တို့မြန်မာ့ဗေဒင်ပညာရပ်မှာရက်ဆိုးရက်ညံ့များတွက်ချက်ထားတာရှိခဲ့သလို”ရက်ကောင်းရက်မြတ်များ”ကိုလည်းတွက်ချက်ထားခဲ့တာကိုလေ့လာတွေ့ရှိနိုင်ပါတယ်။

အဲဒီလိုတွက်နည်းအများကြီးတွေထဲက”အမြိတ္တစုတ်ရက်”အကြောင်းကိုပြောပရစေ။(ဗေဒင်ပညာလေ့လာလိုက်စားဖူးသူတွေနဲ့ဗေဒင်ပညာရှင်တွေအနေနဲ့ကတော့သိပြီးသားဖြစ်ကြမှာပါ။သိသူတွေအတွက်မရည်ရွယ်ပါဘူး။မသိသူတွေကိုပညာဒါနဝေမျှပေးတာပါ။)

အမြိတ္တစုတ်ရက်တွေဟာအလွန်ကောင်းတဲ့နေ့ရက်တွေဖြစ်ပါတယ်။ဘယ်လိုရက်ဆိုးရက်ညံ့တွေနဲ့ကြုံနေပါစေအမြိတ္တစုတ်ရက်ကိုပဲရွေးချယ်ပြီးဆောင်ရွက်သင့်ပါတယ်။

ဘယ်မြန်မာလမဆို…

တနင်္ဂနွေနေ့လဆန်း(သို့)လပြည့်ကျော်(၈)ရက်ဖြစ်ခဲ့ပါကအမြိတ္တစုတ်ရက်ဖြစ်ပါတယ်။

တနင်္လာနေ့လဆန်း(သို့)လပြည့်ကျော်(၃)ရက်ဖြစ်ခဲ့ပါကအမြိတ္တစုတ်ရက်ဖြစ်ပါတယ်။

အင်္ဂါနေ့လဆန်း(သို့)လပြည့်ကျော်(၇)ရက်ဖြစ်ခဲ့ပါကအမြိတ္တစုတ်ရက်ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့လဆန်း(သို့)လပြည့်ကျော်(၂)ရက်ဖြစ်ခဲ့ပါကအမြိတ္တစုတ်ရက်ဖြစ်ပါတယ်။

ကြာသပတေးနေ့လဆန်း(သို့)လပြည့်ကျော်(၄)ရက်ဖြစ်ခဲ့ပါကအမြိတ္တစုတ်ရက်ဖြစ်ပါတယ်။

သောကြာနေ့လဆန်း(သို့)လပြည့်ကျော်(၁)ရက်ဖြစ်ခဲ့ပါကအမြိတ္တစုတ်ရက်ဖြစ်ပါတယ်။

စနေနေ့လဆန်း(သို့)လပြည့်ကျော်(၅)ရက်ဖြစ်ခဲ့ပါကအမြိတ္တစုတ်ရက်ဖြစ်ပါတယ်။

လာဘ်နေကိုဆောင်၊နတ်နေကိုရှောင်

ကျွန်တော်တို့ မြန်မာ့ရိုးရာဗေဒင်ပညာရပ်မှာ နေ့အလိုက်”လာဘ်နေ ၊ နတ်နေ”တစ်နေ့တာ ဆောင်ရန်ရှောင်ရန် ခရီးထောင့်တွေကို ဖော်ပြထားတာ ရှိပါတယ် ။

နေ့တစ်နေ့ရဲ့”လာဘ်နေအရပ်”ဟာ ကောင်းမွန်တဲ့ဖြစ်ရပ်တွေ ၊ ကျက်သရေမင်္ဂလာ ကိစ္စရှိတဲ့ဖြစ်စဥ်တွေ ပေါ်ပေါက်စေတတ်ပါတယ် ။

ဒီလိုပဲ နေ့တစ်နေ့ရဲ့”နတ်နေအရပ်”ကလည်း ညံ့တဲ့ ဆိုးတဲ့ မကောင်းတဲ့ဖြစ်စဥ်မျိုးတွေ ပေါ်ပေါက်စေတတ်ပါတယ် ။

ပုံသေနည်းမို့ ဘယ်နေ့သားသမီးအတွက်မဆို အကျူံးဝင်ပါတယ် ။ (ခရီးမသွားသင့်တဲ့ အရပ်တွေပါထည့်သွင်း ဖော်ပြပေးလိုက်ပါတယ် ။)

တနင်္ဂနွေနေ့ရဲ့လာဘ်နေအရပ်ကအရှေ့မြောက်အရပ်ဖြစ်ပြီးနတ်နေအရပ်ကအနောက်တောင်အရပ်ဖြစ်ပါတယ်။ ခရီးမသွားသင့်တဲ့ အရပ်ကတော့ မြောက်အရပ် ဖြစ်ပါတယ် ။

တနင်္လာနေ့ရဲ့လာဘ်နေအရပ်ကအနောက်အရပ်ဖြစ်ပြီးနတ်နေအရပ်ကအရှေ့အရပ်ဖြစ်ပါတယ်။ ခရီးမသွားသင့်တဲ့ အရပ်ကတော့ အနောက်တောင်အရပ် ဖြစ်ပါတယ် ။

အင်္ဂါနေ့ရဲ့လာဘ်နေအရပ်ကအရှေ့တောင်အရပ်ဖြစ်ပြီးနတ်နေအရပ်ကအနောက်မြောက်အရပ်ဖြစ်ပါတယ်။ခရီးမသွားသင့်တဲ့ အရပ်ကတော့ အရှေ့မြောက်အရပ် ဖြစ်ပါတယ် ။

ဗုဒ္ဓဟူးနေ့ရဲ့လာဘ်နေအရပ်ကတောင်အရပ်ဖြစ်ပြီးနတ်နေအရပ်ကမြောက်အရပ်ဖြစ်ပါတယ်။ခရီးမသွားသင့်တဲ့ အရပ်ကတော့ အရှေ့အရပ်ဖြစ်ပါတယ် ။

ကြာသပတေးနေ့ရဲ့လာဘ်နေအရပ်ကမြောက်အရပ်ဖြစ်ပြီးနတ်နေအရပ်ကတော့တောင်အရပ်ဖြစ်ပါတယ်။ ခရီးမသွားသင့်တဲ့ အရပ်ကတော့အရှေ့တောင် အရပ်ဖြစ်ပါတယ် ။

သောကြာနေ့ရဲ့လာဘ်နေအရပ်ကအရှေ့ဖြစ်ပြီးနတ်နေအရပ်ကတော့အနောက်အရပ်ဖြစ်ပါတယ်။ ခရီးမသွားသင့်တဲ့အရပ်ကတော့ တောင်အရပ် ဖြစ်ပါတယ် ။

စနေနေ့ရဲ့လာဘ်နေအရပ်ကအနောက်တောင်ဖြစ်ပြီးနတ်နေအရပ်ကတော့အရှေ့မြောက်အရပ်ဖြစ်ပါတယ်။ ခရီးမသွားသင့်တဲ့ အရပ်ကတော့အနောက်အရပ် ဖြစ်ပါတယ် ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။