အိမ်ထောင်ပြုတာနဲ့ပက်သက်တဲ့ဗေဒင်တွက်ကိန်းများ

Astrology

အိမ်ထောင်ပြုတာနဲ့ပက်သက်တဲ့ဗေဒင်တွက်ကိန်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိမ်ထောင်ပြုတာနဲ့ပက်သက်တဲ့ဗေဒင်တွက်ကိန်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိမ်ထောင်ပြုတာနဲ့ပက်သက်တဲ့ဗေဒင်တွက်ကိန်းများ
“အိမ်ထောင်ရေးကံကောင်းမကောင်းတွက်နည်း”

အိမ်ထောင်မပြုရသေးတဲ့သူတေွအတွက်လင်ကံကောင်းမလား၊မယားကံကောင်းမလား၊သိချင်ကြတာသူသူကိုယ်ကိုယ်ရယ်ပါ။ဒါကြောင့်မဟာဘုတ်အကြွင်းအလိုက်အိမ်ထောင်ရေးကံကိုပြောပြပေးပါမယ်။

၁ကြွင်း-ကျား

ထက်မြက်သောမယား၊ပိုက်ဆံရှာနိုင်သောမိန်းမရပါမယ်။
မိမိကဘင်္ဂ၊မရဏ၊ပုတိဖွားဖြစ်ကမယားကနိုင်စားတတ်ပါတယ်။

၁ကြွင်း-မ

ချမ်းသာသူ၊စိတ်ထားမြင့်မြတ်သူနှင့်ရမယ်။ ကြင်နာတတ်သူဖြစ်ပါတယ်။

၂ကြွင်း-ကျား

မိမိထက်အနဲဆုံးသုံးနှစ်ကြီးသူနဲ့အိမ်ထောင်ပြုမှမြဲပါမယ်။ငယ်သူ ရွယ်တူများနဲမမြဲနိုင်ပါ။မြဲနေသော်အိမ်ထောင်ရေးမသာယာတတ်ပါ။

၂ကြွင်း-မ

ခင်ပွန်းအတွက်စိတ်ဆင်းရဲရတတ်ပါတယ်။ အိမ်ထောင်ဖက်အကျိုးမခံစားရတတ်ပါ။ အိမ်ထောင်ဆက်များတတ်ပါတယ်။

၃ကြွင်း-ကျား

အိမ်ထောင်ဘက်သော်လည်းကောင်း မိမိသော်လည်းကောင်းကျန်းမာရေးချူချာတတ်ပါတယ်။

၃ကြွင်း-မ

တစ်ဦးနှင့်တစ်ဦးသဘောထားကွဲတတ်ပါတယ်။ အိမ်ထောင်ဖက်ကြောင့်စိတ်ညစ်ရပါမယ်။အမြဲစကားများရန်ဖြစ်နေရတတ်ပါတယ်။

၄ကြွင်း-ကျား

ဘာသာရေးလုပ်သူမိန်းမနှင့်ရပါမယ်။ အိမ်ထောင်ဘက်အနေအေးပါမယ်။စုဆောင်းတတ်ပါတယ်။

၄ကြွင်း-မ

အိမ်ထောင်ဘက်အကျိုးခံစားရပါမယ်။ပညာတတ်သူဖြစ်ပါမယ်။ဒါ​မေယ့်စိတ်ထားမမြင့်မြတ်ပဲကွယ်ရာမှာလုပ်ချင်ရာလုပ်နေတတ်ပါတယ်။

၅ကြွင်း-ကျား

အိမ်ထောင်ဘက်အကျိုးမခံစားရပါ။ကွဲလိုက်ပေါင်းလိုက်ဖြစ်နေတတ်ပါတယ်။ပြတ်ပြတ်စဲစဲမကွဲတတ်ပါ။

၅ကြွင်း-မ

ထက်မြက်စေ့စပ်တဲ့ယောက်ျားနဲ့ရပါမယ်။အိမ်ထောင်ဆက်များတတ်ပါတယ်။မောင်တစ်ထမ်းမယ်တစ်ရွက်လုပ်ရတတ်ပါတယ်။

၆ကြွင်း-ကျား

အပျိုနဲ့ညားလျှင်အိမ်ထောင်မမြဲပါ။မြဲနေရင်စီးပွားမဖြစ်။မုဆိုးမ၊တစ်ခုလပ်နဲ့အိမ်ထောင်ကျရင်အိမ်ထောင်မြဲပြီးစီးပွားရေးအဆင်ပြေပါမယ်။

၆ကြွင်း-မ

အသက်အနဲဆုံး၁၀နှစ်ကြီးတဲ့အိမ်ထောင်ဘက်နှင့်မြဲပြီးငယ်သူရွယ်တူများနှင့်မမြဲတတ်ပါ။ဩဇာပေးတဲ့ဆရာလိုယောက်ကျားရတတ်ပါတယ်။

၀ကြွင်း-ကျား

ပညာတတ်ပြီးလူချစ်လူခင်များတဲ့အိမ်ထောင်ဘက်ကိုပိုင်ဆိုင်ပါမယ်။အိမ်ထောင်ဘက်အကျိုးခံစားရမည်။

၀ကြွင်း-မ

အိမ်ထောင်ဘက်နဲ့ရှင်ကွဲ(သို့မဟုတ်)သေကွဲကွဲတတ်ပါတယ်။သေကွဲဖြစ်ရင်အိမ်ထောင်ဘက်သေပြီးမှအိမ်ထောင်ထပ်ပြုဖြစ်ပါမယ်။

“အိမ်ထောင်ဘက်အဟော”

ကျား/မနှစ်ဦးရဲ့ နေ့နံ့နှစ်ခုကို+ပါ။ပေါင်းရကိန်းကို( ၅)နဲ့ ×ပါ။ပြီးလျှင်(၇)နဲ့စားပါ။
အကြွင်းအရဟောကိန်းတွေကိုလေ့လာဖတ်ရှုကြည့်နိုင်ပါတယ်။

(၁)#ကြွင်းလျှင်စိးပွားဥစ္စာရှာဖွေစုဆောင်းလို့မရ /#ကြံသမျှတွေလွဲပြီးမွဲလိုသာနေတတ်ပါတယ်။

(၂#ကြွင်းလျှင်ပစ္စည်းရရေးမှာလုံ့လစိုက်ထုတ်ပင်းပန်ကြီးစွာမလုပ်ကိုင်ရပဲလွယ်လွယ်ကူကူပြည့်စုံတတ်ပြိးကြွယ်ဝချမ်းသာတတ်ပါတယ်။

(၃)#ကြွင်းလျှင်ဆင်းရဲနွမ်းပါးပြီးလူ့အောက်ကသာကျိုးနွံစွာနေရတတ်ပါတယ်။

(၄)#ကြွင်းလျှင်နာမည်ဘုန်းတန်ခိုးသတင်းကျော်ဇောထင်ရှားတတ်ပါတယ်။

(၅)#ကြွင်းလျှင်ဆင်/မြင်း/ကျွဲ/နွား/စပါး/ရွှေ/#ငွေအထွေထွေပြည့်စုံပြိးချမ်းသာကြွယ်ဝတတ်ပါတယ်။

(၆)#ကြွင်းလျှင်အမွေရလိုဖြစ်စေ/#ထီပေါက်လို့ဖြစ်စေစုဆောင်းပြီးဥစ္စာပစ္စည်းများတိုးပွါးကာသူဌေးဘွဲ့ရပြီးချမ်းသာကြွယ်ဝတတ်ပါတယ်။

(၇/၀)#ကြွင်းလျှင်ဘဝမှာပူပင်သောကဒုက္ခ/#သုက္ခတွေနဲ့သာအချိန်ကုန်ဆုံးသွားတတ်ပါတယ်။

နေ့ချင်းထပ်မြတ်မမြတ်

တနင်္ဂနွေသားသမီးအချင်းချင်းလက်ထပ်ထိမ်းမြားပါကစီးပွါးဥစ္စာပေါများတတ်ပါတယ်။

တနင်္လာသားသမီးအချင်းချင်းလက်ထပ်ထိမ်းမြားပါကပထမချမ်းသာကြွယ်ဝပြီးနောင်ဆင်းရဲမွဲတေတတ်ပါတယ်။

အင်္ဂါသားသမီးအချင်းချင်းလက်ထပ်ထိမ်းမြားပါကရန်အတိုက်အခံကြုံရတတ်ပါတယ်။

ဗုဒ္ဓဟူးသားသမီးအချင်းချင်းလက်ထပ်ထိမ်းမြားပါကအိမ်ထောင်သက်မရှည်တတ်ပါ။

ကြာသပတေးသားသမီးအချင်းချင်းလက်ထပ်ပါကအိမ်ထောင်ရေးသာယာချမ်းမြေ့တတ်ပါတယ်။

သောကြာသားသမီးအချင်းချင်းလက်ထပ်ပါကတစ်ယောက်နဲ့တစ်ယောက်ငြိုငြင်တတ်ပါတယ်။

စနေသားသမီးအချင်းချင်းလက်ထပ်ပါကဘေးအန္တရာယ်ကြုံရတတ်ပါတယ်။
ယခုနေ့ထပ်အဟောအပြင်ဇနီးမောင်နှံနှစ်ဦးရဲ့ဇာတာကိုပါပူးတွဲတွက်စစ်မှသာပိုမိုမှန်ကန်နိုင်ပါသည်။

ထိမ်းမြားမင်္ဂလာပြုသင့်သောလ

တန်ခူးလနှင့် ကဆုန်လတွင် ထိမ်းမြားမင်္ဂလာပြုက ပြီးပြည့်စုံသော ဘဝကိုပိုင်ဆိုင်ပြီး ချမ်းသာသုခရရှိနိုင်ပါသည် ။

နယုန်လတွင် ထိမ်းမြားမင်္ဂလာပြုက ပျော်ရွှင်သော ဘဝခရီးလမ်းကို သာယာဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်ပြီး စစ်မှန်သော မေတ္တာတရားဖြင့် အိမ်ထောင်သုခ ခံစားရနိုင်ပါသည် ။

သီတင်းကျွတ်လတွင် ထိမ်းမြားမင်္ဂလာပြုကစီးပွားဥစ္စာတိုးပွားကာဖြင့် သားကောင်းသမီးကောင်း ထွန်းကားမည် ။ ပြီးပြည့်စုံသော ဘဝတစ်ခု ကိုပိုင်ဆိုင်နိုင်မည် ။

တန်ဆောင်မုန်းလတွင် ထိမ်းမြားမင်္ဂလာပြုက သာယာပျော်ရွှင်သော ဘဝခရီးလမ်း လျှောက်လှမ်းနိုင်မည် ။ စိုးရိမ်ပူပင်သောက ကင်းဝေးမည် ။အသုံးအဆောင်ပစ္စည်း ပေါများမည် ။

တပို့တွဲလတွင် ထိမ်းမြားမင်္ဂလာပြုက စည်းစိမ်ဥစ္စာဓန ပေါကြွယ်ဝမည် ။ အိမ်ထောင်ရေးသာယာ စီးပွား ဖြစ်ထွန်းလွယ်မည် ။

ဤခြောက်လတွင် မှန်စွာ အိမ်ထောင်ပြုသင့်သည်ဟု “လောကီပညာညွန့်ပေါင်းကျမ်း”မှကောက်နုတ်ကာ ဆီလျော်အောင် ပြန်ဆိုရေးသားတင်ပြလိုက်ပါသည် ။
ကျန်(၆)လမှာမပြုသင့်ပါဘူး။

ရေးသားသူ – သာထက်ဇော်မကွေး

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။