သူငယ်ချင်းတွေနဲ့ လျှောက်စား၊ လျှောက်သွားသူတွေက ကိုယ်ရောစိတ်ပါ ပိုကျန်းမာနိုင်

Health
သူငယ်ချင်းတွေနဲ့ လျှောက်စား၊ လျှောက်သွားသူတွေက ကိုယ်ရောစိတ်ပါ ပိုကျန်းမာနိုင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူငယ်ချင်းတွေနဲ့ လျှောက်စား၊ လျှောက်သွားသူတွေက ကိုယ်ရောစိတ်ပါ ပိုကျန်းမာနိုင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သူငယ်ချင်းတွေနဲ့ လျှောက်စား၊ လျှောက်သွားသူတွေက ကိုယ်ရောစိတ်ပါ ပိုကျန်းမာနိုင်

မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာ ရှာရခက်သလို တည်မြဲအောင်ထိန်းသိမ်းဖို့က ပိုလို့ခက်ပါတယ်။ တက္ကသိုလ်မှာ ခင်မင်မှုတွေဘယ်လောက်ရှိခဲ့ရှိခဲ့ အလုပ်ခွင်ကိုယ်စီဝင်ကြချိန်မှာတော့ တွေ့ဖို့အနိုင်နိုင် ဖြစ်ကြရပါတယ်။ စာရင်းအင်းအချက်အလက်တွေအရ လူ့ဘဝသက်တမ်းတစ်လျှောက်မှာ မိတ်ဆွေပေါင်း (၄၀၀) နဲ့ တွေ့ဆုံရပေမဲ့ (၃၃) ယောက်နဲ့သာ ရေရှည်ပေါင်းသင်းလို့ရတယ်လို့ ဆိုပါတယ်။ ရုပ်ရှင်တူတူကြည့် ၊ အတူတူလျှောက်လည်ပြီး စိတ်ညစ်တဲ့အခါ ရင်ဖွင့်လို့ရတဲ့အပေါင်းအသင်းတွေရှိမယ်ဆိုရင် ကိုယ်ရောစိတ်ပါ ကျန်းမာမှုပိုစေတယ်လို့လည်း သိရပါတယ်။ ဘယ်လိုအကြောင်းရင်းတွေကြောင့်လဲဆိုတာကိုတော့ အောက်မှာဖော်ပြပေးသွားပါမယ်။

ပထမတစ်ချက်ကတော့ တစ်ဘက်သားနေရာကနေစာနာတတ်အောင် သူငယ်ချင်းတွေကသင်ပြပေးပါတယ်။ လူတွေကိုစာနာတတ်လာသလို ပိုပြီးတော့လည်းနားလည်လာပါတယ်။ ကိုယ်ချင်းစာတတ်တဲ့စိတ်ကြောင့် မကောင်းမြင်အတွေးတွေနည်းသွားပြီး စိတ်အခြေအနေတည်ငြိမ်လာမှာပါ။

ဒုတိယအချက်ကတော့ သူငယ်ချင်းတွေနဲ့ဆိုရင် အရာရာကိုရင်ဆိုင်ကျော်လွှားဖို့သတ္တိရှိလာသလို ခက်ခဲပြီး အနှောင့်အယှက်ဖြစ်ရတဲ့အရာတွေက ကြောက်ဖို့သိပ်မကောင်းတော့ပါဘူး။ မတ်စောက်တဲ့တောင်ကုန်းအခြေမှာ ရပ်နေရရင်တာင်မှ သူငယ်ချင်းတွေနဲ့ အတူတူရှိနေမယ်ဆိုရင် ဘယ်လောက်မတ်မတ်မဖြုံတာမျိုး ဖြစ်တတ်ပါတယ်။


တတိယအချက်အနေနဲ့ကတော့ လူမှုရေးကောင်းရင်လည်း ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ကောင်းပါတယ်။ ခန္ဓာကိုယ်အလေးချိန်၊ သွေးပေါင်ချိန်နဲ့ တခြားသောအညွှန်းကိန်းတွေက အထီးကျန်သူတွေမှာ ပိုပြီး ဆိုးရွားတယ်လို့ သိရပါတယ်။

သူငယ်ချင်းတွေနဲ့ဆိုရင် စိတ်ပေါ့သွပ်ခြင်းလည်းကင်းဝေးစေပါတယ်။ စိတ်ပေါ့သွပ်တယ်ဆိုတာက အထီးကျန်သူတွေမှာသာ အဖြစ်များတဲ့ရောဂါဖြစ်ပြီး အပေါင်းအသင်းရောင်းရင်းတွေနဲ့ အဆက်အသွယ်ရှိပြီး အသစ်အဆန်းတွေဖန်တီးနေသူမှာတော့ ဦးနှောက်ကအမြဲထက်မြက်နေပါတယ်။

ဒါကြောင့် အရေးအကြီးဆုံးကတော့ သူငယ်ချင်းတွေအတွက် တတ်နိုင်သမျှအချိန်ဖဲ့ပေးဖို့ပါပဲ။ အလုပ်က နောက်တစ်ခုပြီးတစ်ခုပြောင်းလုပ်လို့ရပေမဲ့ သူငယ်ချင်းအရင်းအချာဆိုတာက တွေ့နိုင်ခဲပါတယ်။ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ အတူတူလျှောက်လည်ရင်း စိတ်ဖိစီးမှုတစ်ဝက်လောက် ကျသွားရင်တောင် ကျန်းမာရေးအတွက် တော်တော်လေး အထောက်အကူပြုနိုင်မှာပါ။ ရိုးရာလေးပရိသတ်တွေထဲမှာလည်း မလည်နိုင် မပတ်နိုင်လောကင်အောင် အလုပ်ပိနေတဲ့သူငယ်ချင်းတွေရှိနေခဲ့ရင် ဒီဆောင်းပါးကိုမျှဝေရင်း သိအောင်ပြောပြလိုက်ပါဦးနော်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။