မြန်မာမှာ မိုခါ မုန်တိုင်းဒဏ်သင့်သူ ၅ သန်းခွဲနီးပါးအထိရှိ

Local News
မြန်မာမှာ မိုခါ မုန်တိုင်းဒဏ်သင့်သူ ၅ သန်းခွဲနီးပါးအထိရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာမှာ မိုခါ မုန်တိုင်းဒဏ်သင့်သူ ၅ သန်းခွဲနီးပါးအထိရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြန်မာမှာ မိုခါ မုန်တိုင်းဒဏ်သင့်သူ ၅ သန်းခွဲနီးပါးအထိရှိ

ကူညီကယ်ဆယ်ရေးသမား လေးရာ‌ကျော် စစ်တွေကို ပို့ဆောင်

မြန်မာပြည်တွင်းကို မိုခါ မုန်တိုင်းဝင်ရောက်တိုက်ခတ်ချိန် မုန်တိုင်းဖြတ်ကျော်သွားတဲ့လမ်းကြောင်းမှာနေထိုင်သူ လူဦးရေ ၅ သန်းခွဲနီးပါး မုန်တိုင်းဒဏ် သင့်တဲ့ အခြေအနေရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပြောဆိုလာပါတယ်။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်တို့မှာ ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်နေပြီး အဲဒီမြို့နယ်တွေကို အရေးပေါ်လိုအပ်ချက်အတွက် ဦးစားပေးအနေနဲ့ စစ်တမ်းစတင်ကောက်ယူဖို့ဆောင်ရွက်နေတယ်လို့ UNOCHA ဘက်က ပြောပါတယ်။

မိုခါ မုန်တိုင်းဟာ အင်အားပြင်းမုန်တိုင်းငယ်အဖြစ် ကုန်းတွင်းပိုင်းကို ဝင်ရောက်တဲ့အခါ မိုးသည်း ရေကြီးမှုတွေကြောင့် မကွေးနဲ့ စစ်ကိုင်းတိုင်းထဲက လူဦးရေ ၁ သိန်းကျော်ဟာ ဆိုးဝါးတဲ့ရေကြီးမှု ဒဏ် ခံခဲ့ရပါတယ်။

ဘီဘီစီက စုံစမ်းသိရှိရသလောက် မိုခါမုန်တိုင်းတိုက်ခတ်ချိန် မိုးသည်းရေကြီးတာကြောင့် မကွေးတိုင်းထဲက ဆင်ဖြူကျွန်းမြို့နယ်မှာ စလင်းချောင်းရေ အဆမတန်မြင့်တက်ခဲ့လို့ လူ ၃ ဦးthayဆုံးပြီး ချောင်းတစ်လျှောက် ကျေးရွာပေါင်း ၂၀ ကျော်က ထောင်နဲ့ချီတဲ့လူတွေ ရေဘေးသင့် ခဲ့ရပါတယ်။ ချင်းပြည်နယ်ထဲမှာလည်း မုန်တိုင်းကြောင့် လူနေအိမ် ၁ ထောင်နီးပါး ပျက်စီးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲမှာတော့ မြောက်ယမားချောင်း ဖြတ်သန်းစီးဆင်းရာ ယင်းမာပင်၊ ပုလဲနဲ့ ဆားလင်းကြီးမြို့နယ်တွေက ဒါဇင်နဲ့ချီတဲ့ရွာတွေ ရေဘေးသင့်ခဲ့ရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးရုံးကတော့ မုန်တိုင်းသင့်သူတွေအတွက် အမိုးအကာ၊ ကျန်းမာ‌ရေး၊ အိမ်သုံးပစ္စည်းတွေ၊ရေနဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေးအကူအညီတွေ လိုအပ်နေတယ်လို့ ပြောသလို ရခိုင်ပြည်နယ်ထဲမှာတော့ ရေကြီးတာကြောင့် နေရာရွေ့သွားနိုင်တဲ့ မြေမြှုပ်မိုင်း အန္တရာယ်တွေကိုလည်း သတိပေးထားပါတယ်။

စစ်ကောင်စီဘက်ကတော့ မိုခါ ဆိုင်ကလုန်းကြောင့် တိုင်း နဲ့ ပြည်နယ် ၁၁ ခုမှာ အိမ်ခြေ တစ်သောင်းကျော် ပျက်စီးပြီး လူ ၂၁ ဦး thayဆုံးခဲ့တယ်လို့ မေလ ၁၅ ရက်ညပိုင်းအထိ နောက်ဆုံးရထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး ထုတ်ပြန်ထားပါတယ်။

မိုခါဆိုင်ကလုန်းကြောင့် ပျက်စီးဆုံးမှုတွေကို ကူညီကယ်ဆယ်ဖို့ အထူးရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေအပါအဝင် ကူညီကယ်ဆယ်ရေးသမား လေးရာ‌ကျော်ကို ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဒီကနေ့ မေလ ၁၇ မနက်ပိုင်းက ပို့ဆောင်လိုက်ပါတယ်။

ကူညီကယ်ဆယ်ရေးသမားတွေထဲ ရန်ကုန်၊ပဲခူးနဲ့ ဧရာဝတီတိုင်းတွေက မီးသတ်တပ်ဖွဲ့ဝင်တွေလည်းပါဝင်ပြီး ကူညီကယ်ဆယ်ရေးပစ္စည်းတွေ နဲ့အတူ စစ်တပ်လေယာဉ်တွေနဲ့ အသုတ်လိုက် ပို့ဆောင်ပေးနေတယ် လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။