နေလိုမီးလိုထိုစနေ

Astrology
နေလိုမီးလိုထိုစနေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နေလိုမီးလိုထိုစနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နေလိုမီးလိုထိုစနေ

၇ရက်သားသမီးများစနေဂြိုဟ်ထဲကျသောနှစ်များ

တနင်္ဂနွေသားသမီးဖြစ်ပါက ၅နှစ် ၊ ၁၃နှစ် ၊ ၂၁နှစ် ၊ ၂၉နှစ် ၊ ၃၇နှစ် ၊ ၄၅နှစ် ၊ ၅၃ နှစ် ၊ ၆၁နှစ် ၊ ၆၉နှစ် ၊ ၇၇နှစ် ၊ ၈၅နှစ် ၊ ၉၃နှစ် ၊ ၁၀၁နှစ် အသက်အပိုင်းအခြားတွေမှာ “စနေသက်ရောက်” ကို ဖြတ်ကြရပါတယ် ။

တနင်္လာသားသမီးဖြစ်ပါက အသက် ၄နှစ် ၊ ၁၂နှစ် ၊ ၂၀နှစ်၊ ၂၈နှစ် ၊ ၃၆နှစ် ၊ ၄၄နှစ် ၊ ၅၂နှစ် ၊ ၆၀နှစ် ၊ ၆၈နှစ် ၊ ၇၆နှစ် ၊ ၈၄နှစ် ၊ ၉၂နှစ် ၊ ၁၀၀နှစ် အသက်အပိုင်းအခြားတွေမှာ “စနေသက်ရောက်” ကို ဖြတ်ကြရပါတယ် ။

အင်္ဂါသားသမီးဖြစ်ပါက အသက် ၃နှစ် ၊ ၁၁နှစ် ၊ ၁၉နှစ်၊ ၂၇နှစ် ၊ ၃၅နှစ်၊ ၄၃နှစ် ၊ ၅၁နှစ် ၊ ၅၉နှစ် ၊ ၇၅နှစ် ၊ ၈၃နှစ် ၊ ၉၁နှစ် ၊ ၁၀၆နှစ် အသက်အပိုင်းအခြားတွေမှာ “စနေသက်ရောက်” ကို ဖြတ်ကြရပါတယ် ။

ဗုဒ္ဓဟူးသားသမီးဖြစ်ပါက အသက် ၂နှစ် ၊၁၀နှစ် ၊ ၁၈နှစ် ၊ ၂၆နှစ်၊ ၃၄နှစ် ၊ ၄၂နှစ် ၊ ၅၀နှစ် ၊ ၅၈နှစ် ၊ ၆၆နှစ် ၊ ၇၄နှစ် ၊ ၈၂နှစ် ၊ ၉၀နှစ် ၊ ၉၈နှစ် အသက်အပိုင်းအခြားတွေမှာ “စနေသက်ရောက်” ကို ဖြတ်ကြရပါတယ် ။

ကြာသပတေး သားသမီးဖြစ်ပါက အသက် ၈နှစ် ၊ ၁၆နှစ်၊ ၂၄နှစ် ၊ ၃၂နှစ် ၊ ၄၀နှစ် ၊ ၄၈နှစ် ၊ ၅၆နှစ် ၊ ၆၄နှစ် ၊ ၇၂နှစ် ၊ ၈၀နှစ် ၊ ၈၈နှစ် ၊ ၉၆နှစ် ၊ ၁၀၄နှစ် အသက်အပိုင်းအခြားတွေမှာ “စနေသက်ရောက်”ကို ဖြတ်ကြရပါတယ်။

သောကြာတေးသားသမီးဖြစ်ပါက အသက် ၆နှစ် ၊ ၁၄နှစ် ၊၂၂နှစ် ၊ ၃၀နှစ် ၊ ၃၈နှစ် ၊ ၄၆နှစ် ၊ ၅၄နှစ် ၊ ၆၂နှစ် ၊ ၇၀နှစ် ၊ ၇၈နှစ် ၊ ၈၆နှစ် ၊၉၄နှစ် ၊ ၁၀၂နှစ် အသက်အပိုင်းအခြားတွေမှာ “စနေသက်ရောက်”ကို ဖြတ်ကြရပါတယ် ။

စနေသားသမီးဖြစ်ပါက အသက် ၁နှစ် ၊၉နှစ် ၊၁၇နှစ် ၊ ၂၅နှစ် ၊ ၃၃နှစ် ၊ ၄၁နှစ် ၊ ၄၉နှစ် ၊ ၅၇နှစ် ၊ ၆၅နှစ် ၊ ၇၃နှစ် ၊ ၈၁နှစ် ၊ ၈၉နှစ် ၊ ၉၇နှစ် ၊ ၁၀၅နှစ် အသက်ပိုင်းအခြားတွေမှာ “စနေသက်ရောက်”ကို ဖြတ်ကြရတယ်။

အခုလို “စနေ သက်ရောက်”ထဲကို ရောက်ခဲ့ရင် ဘာတွေဖြစ်တတ်လဲဆိုရင်….

“သောကြာနံ”ခိုက်နေပါတယ် ။ သောကြာဆိုတာက စကား ၊ သွားလာလှုပ်ရှားမှုတွေကိုဆိုတာပါ။ အစာအာဟာရတွေလည်းပါ ပါတယ်။

ဒီတော့ စနေသက်ရောက်မှာ လူတစ်ယောက် ကံမကောင်းဘူးဆိုရင် သွားနေလာနေကြမဟုတ်တဲ့ လမ်းကိုသွားရာက လူမှားအရိုက်ခံရတတ်ခြင်း ၊ သင်္ကာရှင်းရတတ်ခြင်း ၊ သက်သေလိုက်ရတတ်ခြင်း ၊ ငွေကြေးကိစ္စကြောင့် သောကရောက်ရတတ်ခြင်း ၊ ကားနဲ့ ပွတ်တိုက်မိတတ်ခြင်း ၊ အလုပ်အကိုင်အဆင်မပြေဖြစ်ခြင်း ၊ အိမ်သူ အိမ်သားတွေ ကျန်းမာရေးပြိုင်တူ အညံ့ကြုံရတတ်ခြင်း ၊ ဆေးခန်း ဆေးရုံ ရောက်သွားတတ်ခြင်း ၊ ရပ်​ေ၀းဒေသမှ သက်ကြီးရွယ်အိုတွေ ကိုယ်အိမ်အလည်အပတ်ရောက်လာပြီး မကြာမီ ဆုံးပါးသွားတတ်ခြင်း ၊ ခွဲစိပ်ကုသရတတ်ခြင်း ၊ လေထိုး လေအောင့် မကြာခဏ ဖြစ်တတ်ခြင်း ၊ သူတပါးကနေ အကြောင်းမဲ့ တိုက်ခိုက်စော်ကား လာတတ်ခြင်း ၊ ကိုယ့်ရဲ့ မကောင်းသတင်းလွှင့်တတ်ခြင်း၊မီးအန္တရာယ်ကြုံတွေ့ရတတ်ခြင်းတွေ ကြုံတွေ့ရတတ်ပါတယ် ။

နောက်ပြီး စနေရဲ့ တိုက်ရိုက်သဘောပရိယာယ်က “ဂုဏ်သိက္ခာ” လို့ ဆိုရပါမယ်။ အဲဒီသဘောအရ အတင်းအဖျင်း ပြောခံရတာကနေ အစွပ်အစွဲ အကဲ့အရဲ့ခံရတာတွေ ၊ အသားလွတ်ကြီး လိုက်ပြီး ဂုဏ်သိက္ခာ ကျဆင်းအောင် အပုပ်ချခံရတာတွေ အများအပြားကြုံရတတ်တာတွေ အထိပဲ။ ဒီကာလတွေမှာ အခက်ခဲကြုံနေလို့ ဆွေမျိုးထဲ အကူအညီ တောင်းမိရင် ကိုယ့််အထုပ် ဖြည်ပြရသလိုမျိုး ပိုပြီး အနှိမ်ခံရတဲ့ အဖြစ်မျိုးတွေ ကြုံရတတ်ပါတယ်။ သိက္ခာကျစရာတွေ အသားကုန်တက် တတ်တဲ့သဘောပါ။

သွားလာလှုပ်ရှားမှုကြောင့် ထိမိခိုက်မိတတ်တော့ တချို့ကတော့ ဆိုင်ကယ်တိုက်မိလို့ ခြေထောက် ကျိုးတာ ၊ တချို့ကျ လေဖြတ်သွားတာ ၊ တချို့ကျတော့ ခါးကြောညှပ်လို့ အိပ်ရာထဲ မထနိုင်တာ ၊ တချို့ကျတော့ ရောဂါတစ်ခုခုကြောင့် ဆေးရုံတက်နေရတာမျိုးပေါ့ ။ လူမမာ ဆေးရုံတက်နေရတယ်ဆိုတာ သွားချင်လည်း မသွားရ စားချင်တိုင်း မစားရပေါ့လေ ။ သွားလာလှုပ်ရှားမှုတွေ အခိုက်ပြသွားတာပါ။ တချို့ကတော့ လူက ဘာမှကို မဖြစ်ဘူး ။ အချုပ်ထဲရောက်သွားတာမျိုးပေါ့ ။ ဒါလည်း သွားလာရေးကို အခိုက်ပြသွားတာပါပဲ။

ထပ်ပြီးပြောရရင် အဲဒီအသက်ပိုင်းအခြားတွေမှာ နေရထိုင်ရတာတွေ စိတ်ထဲမှာ ကြည်လင်မှုမရှိဘူး ။ ​ဆိုကြပါစို့ ။ အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီးတစ်ယောက် စနေသက်ရောက်ထဲ ဖြတ်ကျော်နေရရင် အိမ်ကလူတွေ တစ်ယောက် နဲ့ တစ်ယောက် မတည့်တာ ၊ တစ်ခုပြီးတစ်ခု ဖြစ်နေတာ မျိုးလည်း တွေ့ရတတ်တယ် ။ မသိရင် ကိုယ့်ကို သူတပါးက မကောင်းတဲ့အတတ်ပညာတွေနဲ့ ပြုစားထားလားတောင် ထင်ရလောက်အောင်ကို စိတ်က မကြည်လင်ဖြစ်နေတတ်ပါလိမ့်မယ် ။

ဗေဒင်ကို အသုံးချရတဲ့ရည်ရွယ်ချက်ကိုက ဒီလို အဆိုးတွေကို ခန့်မှန်းနိုင်ရင် အကာအကွယ်ပေးနိုင်ရမယ် ၊ ယတြာပြုနိုင်ရမယ်ပေါ့ ။

အခုလို အဆိုးတွေချည်း စုပြုံရေးပြလိုက်တော့ “ဟားးအီး ဟမ်မငေး မလွယ်ပါပူးစ်”တေဘာတေ ဖြစ်ကုန်ရော ။ အဲဒီလောက်တော့ ကြွပ်စကီးပြနေဖို့ မဟုတ်ပါဘူး။ဒါဆို ဒီအတိုင်း ငုပ်တုပ်ထိုင်
၊ ငြိမ်ခံနေမလား ၊ ပြန်ချမလား ၊ ကာကွယ်မလား ဆိုတာကတော့ လူတစ်ယောက်ချင်းစီရဲ့ တွေးခေါ်ဆုံးဖြတ်ပုံပေါ်မှာ မူတည်တယ်ပေါ့။

တစ်ခုသတိပြုရမှာက အပေါ်မှာ ရေးပြခဲ့တဲ့ အဆိုးတွေ အကုန်လုံး ဖြစ်မှာလားဆို မဖြစ်ပါဘူး။ တချို့ဆို နည်းနည်းလောက်ပဲ ဖြစ်ပါတယ် ။ တချို့ကျ အချီကြီး ထဖောက် ၊ ချက်ကောင်းထိသွားပြီး ဘဝပါ ထိုင်ကျသွားတာမျိုးအထိ ကြုံရတတ်တယ်။

ဥပမာ…. အခုလို အသက်အပိုင်းအခြားနှစ်တွေမျိုးမှာ မရှိ ရှိတာလေး ရှာကြံပြီး လုပ်ငန်းလေးလုပ်မလို့ ကြိုးစား နေတုန်း လူလိမ်ခံလိုက်ရလို့ ပလုံ သွားတာမျိုးပေါ့။
တချို့ဆို ရင်နာစရာ ကောင်းတယ်။ တနင်္လာသားသမီးတွေပေါ့။ အသက် (၆၀)မှာ ပင်စင်ရတာ ၊ ဂရက်ဂျူတီရတဲ့ငွေလေး လူအလိမ်ခံရတာမျိုးပေါ့။

ဒီလိုအသက်အပိုင်းတွေမှာ ဘယ်လိုလူတွေမျိုးပိုပြီးအထိနာတတ်လဲဆိုရင်…
လောဘသမား အလိမ်ခံရမယ် ။
ဒေါသသမား အမှုအခင်းပြဿနာ တက်တတ်ပါတယ်။
မောဟသမား (လေးလံထိုင်းမှိုင်းပျင်းရိ ရေသာခိုတတ်သူ) ရောဂါဘယတွေ ဖြစ်လာတတ်ပါတယ်။ သတိပြုကြပါ။

ဒီတော့ ကိုယ့်ရဲ့အနီးအပါးမှာရှိတဲ့ ဗေဒင်ပညာအမှန်တကယ် သိကျွမ်းနားလည်တဲ့ ဗေဒင်ပညာရှင်ကြီးတွေဆီမှာ ကိုယ့်ရဲ့ မွေးသက္ကရာဇ်အပြည့်အစုံနဲ့ စစ်ဆေးမေးမြန်းပြီး နေ့သားသမီးအလိုက် ပြုလုပ်ရမယ့် ဆောင်ရန် ရှောင်ရန် ယတြာတွေကို ကြိုတင်ပြုလုပ်ထားသင့်ပါတယ် ။ ဗေဒင်ဆိုတာ ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ကုသရတဲ့ ဆေး၀ါးတစ်လက်ရယ် မဟုတ်ပါလား။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။