ဆောက်လုပ်ရေးလုပ်သား ၂ ယောက်က ဖြတ်လမ်းဖောက်ဖို့ မဟာတံတိုင်းကို ဖြိုချခဲ့

International News
ဆောက်လုပ်ရေးလုပ်သား ၂ ယောက်က ဖြတ်လမ်းဖောက်ဖို့ မဟာတံတိုင်းကို ဖြိုချခဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆောက်လုပ်ရေးလုပ်သား ၂ ယောက်က ဖြတ်လမ်းဖောက်ဖို့ မဟာတံတိုင်းကို ဖြိုချခဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆောက်လုပ်ရေးလုပ်သား ၂ ယောက်က ဖြတ်လမ်းဖောက်ဖို့ မဟာတံတိုင်းကို ဖြိုချခဲ့

လုပ်ငန်းခွင်ကို အလွယ်တကူရောက်ဖို့ ဖြတ်လမ်းဖောက်ခဲ့တဲ့ ဆောက်လုပ်ရေးလုပ်သား ၂ ယောက်ကြောင့် တရုတ်နိုင်ငံက မဟာတံတိုင်း တစ်စိတ်တစ်ပိုင်း ပြိုလဲပျက်စီးသွားခဲ့ပါတယ်။ အသက် ၃၈ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတို့ဟာ မဟာတံတိုင်းရဲ့ ၃၂ ပိုင်းမြောက် နေရာအနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ကြသူတွေပါ။

မြေတူးစက် ဖြတ်သန်းသွားလာနိုင်အောင် မဟာတံတိုင်းရဲ့အပေါက်ကို မြေတူးစက်နဲ့ ချဲ့ထွင်ခဲ့ကြတာပါ။ သူတို့က လုပ်ငန်းခွင်ကို အချိန်မြန်မြန် ရောက်အောင် ဒီလိုလုပ်ခဲ့ကြတာလို့လည်း ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ သူတို့နှစ်ဦးကို ဖမ်းဆီးထားပြီး ဒီဖြစ်ရပ်ကို နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။

သူတို့ရဲ့ လုပ်ရပ်ကြောင့် မဟာတံတိုင်းရဲ့ ခိုင်မာမှု အားနည်းလျော့ရဲသွားမှာကို စိုးရိမ်နေကြပါတယ်။ ၁၉၈၇ ခုနှစ်ကတည်းက ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်တဲ့ မဟာတံတိုင်းကို ဘီစီ ၂၂၀ ကတည်းက တည်ဆောက်ခဲ့ကြတာဖြစ်ပြီး ၁၆၀၀ ပြည့်နှစ် မင်မင်းဆက်လက်ထက်အထိ ကြာမြင့်ခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။