ဒီလထဲဘယ်လိုအံ့အားသင့်ဖွယ်ကိစ္စတွေက စောင့်ကြိုနေမလဲ(tarot cardဗေဒင်)

Astrology
ဒီလထဲဘယ်လိုအံ့အားသင့်ဖွယ်ကိစ္စတွေက စောင့်ကြိုနေမလဲ(tarot cardဗေဒင်)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒီလထဲဘယ်လိုအံ့အားသင့်ဖွယ်ကိစ္စတွေက စောင့်ကြိုနေမလဲ(tarot cardဗေဒင်)ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒီလထဲဘယ်လိုအံ့အားသင့်ဖွယ်ကိစ္စတွေက စောင့်ကြိုနေမလဲ(tarot cardဗေဒင်)
Pile 1
Pile 2
Pile 3
Pile 4

Pile 1

ဒီလထဲမှာ ကိုယ့်ကို အံအားသင့် ပျော်ရွှင်စေမယ့် အရာကတော့ Abundance & new beginning ပါ…Financial abundance, emotional abubdance စသဖြင့်ပေါ့…ကိုယ့်ဘဝမှာ ကိုယ် မမျှော်လင့်ထားဘဲ ရုတ်တရက်ဆိုသလို ကိုယ့်ဘဝထဲ အသစ် အသစ်သော အရာတွေ ဝင်လာတတ်ပြီး ဒီ အသစ် အသစ်သောအရာတွေကလဲ ကိုယ့် ဘဝအတွက် မထင်ထားဘဲ တကယ်ကို အကျိုး အမြတ် ဖြစ်ထွန်းစေတဲ့ အရာတွေ ဖြစ်နေတတ်တယ်…ဥပမာ – အလုပ်သစ် ရလာ ဝင်ငွေလမ်းကြောင်း အသစ် ရလာပြီးတော့ ကိုယ့်ဘဝမှာ အရမ်းကို ချမ်းသာဖို့ လမ်းစ ပွင့်လာတာမျိုး/ ကိုယ့်ဘဝထဲ လူအသစ်တယောက် မထင်မှတ်ဘဲ ဝင်ရောက်လာပြီး ဒီလူက ကိုယ့်အတွက် ရေရှည်သွားလို့ ရလောက်တဲ့ အထိ ကောင်းမွန် အဆင်ပြေနေတာမျိုး စသဖြင့်ပေါ့…ကိုယ့် ဘဝထဲ ရောက်လာတဲ့ အရာ အသစ်က ကိုယ့်ကို အံအားသင့် ပျော်ရွှင်စေလောက်အောင် ဖြစ်စေမှာပါ

Pile 2

ဒီလထဲမှာ ကိုယ့်ကို အံအားသင့် ပျော်ရွှင်စေမယ့် အရာက Self love & Freedom ပါ…ဒီ pile ရွေးတဲ့သူတွေက ကိုယ့်ဘဝမှာ လက်ရှိ အနေအထားတခု အခြေနေတခုကြောင့် ရှေ့မရောက်သလို ဖြစ်နေတာလေးတွေ ရှိတတ်တယ်…ဥပမာ – ကာလရှည်ကြာ အဆင်မပြေဖြစ် တန့်နေတဲ့ အရာတခုကို ဖြေရှင်းလို့လဲ မရ လက်လဲမလွှတ်နိုင် ဖြစ်နေတာမျိုး/ ဒါမှမဟုတ် မကောင်းမှန်း သိသိရက် အဆင်မပြေနိုင်မှန်း သိသိရက်နဲ့ ကိုယ့်အတွက် စိတ်သာယာ မက်မော စရာ ကောင်းလွန်းတဲ့ လူ သို့မဟုတ် အရာတခုခုကနေ ဘယ်လိုမှ ရုန်းမထွက်နိုင်ဘဲ သာယာပြီး ရေစုန်မျောလိုက်နေမိတာမျိုး/ ဘယ်လိုမှ လက်မလွှတ်နိုင်ဘဲ တဝဲ လည်လည်နဲ့ ပိုးဖလံ မီးကို တိုးသလို ဖြစ်နေမိတာမျိုးပေါ့…ဒီလထဲမှာ ကိုယ်က ရုတ်တရက် စိတ်ထဲမှာ Spiritual Awakening ဖြစ်လာပြီး ခေါင်းထဲမှာ အသိတချက် လင်းသွားသလို ကိုယ့်ဘဝကို ချစ်တတ်လာပြီး ဘဝရဲ့ လွတ်လပ်မှုတွေကို ခံစားရမယ်…အနှောင်အဖွဲ့တွေကနေ တိုးထွက်လာနိုင်ပြီး အခု ပျော်နေ ရွှင်နေတာဟာ ငါကော ဟုတ်မှ ဟုတ်ရဲ့လား ဆိုပြီး အံအားသင့်ရလောက်အောင် ကိုယ့်ဘဝကိုယ် ကျေနပ်ပြီး ပျော်ရွှင်ရမယ်…ရပ်တန့် ပိတ်ဆို့နေတဲ့ အခက်အခဲတခုကနေ မယုံနိုင်စရာကောင်းလောက်အောင် miracle လို လမ်းစတခုပေါ်လာပြီး ဖြေရှင်းပြီးသား ဖြစ်သွားတတ်တယ်နော်

Pile 3

ဒီလ အတွက် ကိုယ့်ကို အံ့အားသင့် ပျော်ရွှင်စေမယ့် အရာက Love & attentions ပါ…ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်/ အနေအထား/ လုပ်ရည်ကိုင်ရည်/ ညဏ်ရည်ညဏ်စွမ်းတွေက မထင်ထားလောက်အောင် အများအမြင်မှာ အထင်ကြီး လေးစားစရာ တွေ ဖြစ်လာတတ်တယ်…ကိုယ့်ရဲ့ ရုပ်ရည် သွင်ပြင် အပြင်အဆင်တွေက လုံးဝ ထူးခြား လှပအောင် ပြင်ဆင်ခြယ်သတတ်လာမယ်…ကိုယ့်ရဲ့ အရည်အချင်း တွေကိုလဲ လူအများက အာရုံစိုက်ခံရတတ်တယ်…

တကယ်ကို လူအများရဲ့ ချစ်ခင် မြတ်နိုးခြင်း တန်ဖိုးထားခြင်း ပြည့်စုံချမ်းသာခြင်း စသဖြင့်သော energy တွေပါ…ရုပ်မြင်ရင် ချစ်ခင် အသံကြား သနားဆိုတဲ့ ဆုတွေ မတောင်းဘဲ ပြည့်နေပြီး သွားလေရာမှာ စန်းပွင့်နေတတ်တယ်…ဒီလထဲမှာ ကိုယ့်ကိုယ်ကိုတောင် မထင်ထားလောက်အောင် လူအများ ရဲ့ အာရုံစိုက်မှု ခံရတဲ့ public figure လိုမျိုး ဖြစ်ရပြီး အံအားသင့် ပျော်ရွှင်ရတတ်တယ်နော်

Pile 4

ဒီလအတွက် ကိုယ့်ကို အံအားသင့် ပျော်ရွှင်စေမယ့် အရာကတော့ Peace, Harmony & refresh energy ပါ…ဒီလထဲမှာ ကိုယ်နဲ့ အဆင်မပြေဖြစ် ရန်စကားများ အချေအတင် ဖြစ်ထားတဲ့ အနေအထားလေးတွေကနေ ပြေလည်ရာ ပြေလည်ကြောင်းလေးတွေ ရှိလာတတ်တယ်…ဥပမာ – ချစ်သူတွေ ရန်ဖြစ်စကားများထားရာက ရုတ်တရက်ဆိုသလို တဖက်လူက သူမဟုတ်သလို ငြိမ်ကျသွားတာမျိုး/ စကားများ အဆင်မပြေဖြစ်ထားပြီး အဆက်အသွယ် မရှိတော့ရာက အဆက်အသွယ် ပြန်ဝင်လာပြီး ပြန်အသစ်စဖြစ်တာမျိူး/ အဆင်မပြေ အတိုက်အခိုက်များလို့ လက်လျှော့ရမလို ဖြစ်နေတဲ့ စီးပွားရေး/ပညာရေးတွေမှာ စတင်နိုင်ဖို့ လမ်းစတွေပေါ်လာတာမျိုးပေါ့…ဒီလထဲမှာ အဆင်မပြေနိုင်တော့ဘူး ဆိုပီး မှိုင်တွေ လက်လျှော့ရတော့မယ့် အရာတွေက အပင်သစ်လေးတွေ ထွက်လာသလို မျှော်လင့်ချက်ရောင်ခြည်လေးတွေ ပြန်သန်းလာတာကို မြင်ရပြီး အံအားသင့် ပျော်ရွှင်ရတတ်တာနော်

ရေးသားသူ –The Phoenix Sun Tarot

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။