၂ နှစ်အရွယ် သမီးငယ်ကို ရိုက်thetပြီး အလောင်းဖျောက်မှုနဲ့ ထိုင်းအမျိုးသား ဖမ်းဆီးခံထားရ

International News
၂ နှစ်အရွယ် သမီးငယ်ကို ရိုက်thetပြီး အလောင်းဖျောက်မှုနဲ့ ထိုင်းအမျိုးသား ဖမ်းဆီးခံထားရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂ နှစ်အရွယ် သမီးငယ်ကို ရိုက်thetပြီး အလောင်းဖျောက်မှုနဲ့ ထိုင်းအမျိုးသား ဖမ်းဆီးခံထားရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂ နှစ်အရွယ် သမီးငယ်ကို ရိုက်thetပြီး အလောင်းဖျောက်မှုနဲ့ ထိုင်းအမျိုးသား ဖမ်းဆီးခံထားရ


၂ နှစ်အရွယ် သမီးငယ်နဲ့ လူမမယ်သားငယ်နှစ်ယောက်ကိုthetဖြတ်မှုနဲ့ ထိုင်းအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က စွဲချက်တင်ထားပါတယ်။ ဆောင်ဆတ်က စိတ်ကျန်းမာရေးပြဿနာ ရှိပေမဲ့ အိမ်ထောင် ၄ ဆက်ရှိသူပါ။

အသက် ၁၂ နှစ်နဲ့ ၄ နှစ်အရွယ် သမီးနှစ်ယောက်ကို ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဘန်ကောက်မြို့ ဘန်ခန်းခရိုင်မှာ နေထိုင်သူတွေက အခုလအစောပိုင်းမှာ ဆောင်ဆတ်ကို ရဲစခန်းမှာ သွားတိုင်ခဲ့ကြတာပါ။ ဆောင်ဆတ်တို့ လင်မယား အိမ်မှာမရှိတဲ့အချိန် ရဲတပ်ဖွဲ့က မိန်းကလေးနှစ်ယောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ၂ နှစ်အရွယ် ညီမငယ်ကို မိဘနှစ်ပါးက ရိုက်thetပြီး လူမသိအောင် မြှုပ်နှံခဲ့တယ်လို့ မိန်းကလေးနှစ်ယောက်က ထွက်ဆိုခဲ့ပါတယ်။

မိန်းကလေးနှစ်ယောက်ရဲ့ ထွက်ဆိုချက်အရ ဆောင်ဆတ်ရဲ့အိမ်ကို စီးနင်းပြီး မီးဖိုချောင်ကြမ်းပြင်အောက် ရှာဖွေရာမှာ နှစ်နှစ်အရွယ် မိန်းကလေးငယ်ရဲ့ ရုပ်အလောင်းကို တွေ့ခဲ့တာပါ။ အဲဒီအတွက် ဆောင်ဆတ်နဲ့ ဇနီးဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လူthetမှုနဲ့ စွဲချက်တင်ထားပါတယ်။

ဆောင်ဆတ်ဟာ အရင်အိမ်ထောင်နဲ့ရတဲ့ လူမမယ်သားငယ်နှစ်ယောက်ကိုလည်း thetဖြတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က သံသယရှိနေပါတယ်။ ကလေးတွေရဲ့ ငိုသံကို သည်းမခံနိုင်လို့ ရိုက်thetပစ်ခဲ့တာလို့ ဆောင်ဆတ်က ရဲစခန်းမှာ ထွက်ဆိုခဲ့ပါတယ်။

ဆောင်ဆတ်ရဲ့ တတိယအိမ်ထောင်ဖြစ်တဲ့ ဇနီးဟောင်းဟာလည်း လူမမယ် ကလေးငယ်နှစ်ဦး thayဆုံးမှုနဲ့ စွဲချက်တင်ခံထားရပါတယ်။ လူမမယ် ကလေးငယ်နှစ်ယောက်ရဲ့ ရုပ်အလောင်းတွေကို လွန်ခဲ့တဲ့ ၁၀ နှစ်က တူးဖော်တွေ့ရှိခဲ့တာဖြစ်ပြီး အခုအခါမှ ဆောင်ဆတ်ရဲ့ DNA နဲ့ ကိုက်ညီမှုရှိနေတာကို တွေ့ရှိခဲ့တာပါ။ တကယ်တော့ ဆောင်ဆတ်က သူတို့ရဲ့ လူမမယ် သားငယ် ၄ ယောက်လုံးကို thetပစ်ခဲ့တာဖြစ်ပြီး အခြားနှစ်ဦး မြှုပ်နှံထားတဲ့နေရာကိုလည်း သူ့ဇနီးဟောင်းက ပြသခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။