ကုမ္ပဏီနှစ်ပတ်လည်ညစာစားပွဲအတွင်း လစာပြည့်ခွင့် ၃၆၅ ရက် မဲပေါက်ခဲ့တဲ့ အမျိုးသား

International News
ကုမ္ပဏီနှစ်ပတ်လည်ညစာစားပွဲအတွင်း လစာပြည့်ခွင့် ၃၆၅ ရက် မဲပေါက်ခဲ့တဲ့ အမျိုးသား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကုမ္ပဏီနှစ်ပတ်လည်ညစာစားပွဲအတွင်း လစာပြည့်ခွင့် ၃၆၅ ရက် မဲပေါက်ခဲ့တဲ့ အမျိုးသား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကုမ္ပဏီနှစ်ပတ်လည်ညစာစားပွဲအတွင်း လစာပြည့်ခွင့် ၃၆၅ ရက် မဲပေါက်ခဲ့တဲ့ အမျိုးသား

တရုတ်နိုင်ငံ၊ ရှိန်းကျိန့်မြို့က ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသားတစ်ဦးဟာ ဧပြီလ ၉ ရက်နေ့က ကျင်းပတဲ့ နှစ်ပတ်လည်ညစာစားပွဲအတွင်း လစာပြည့်ခွင့် ၃၆၅ ရက်မဲပေါက်ခဲ့ပါတယ်။ အဲဒီအမျိုးသား မဲပေါက်တဲ့ ဗီဒီယိုကို တရုတ်လူမှုကွန်ယက်အကောင့်မှာ တင်ခဲ့တာပါ။ လစာပြည့်ခွင့် ၃၆၅ ရက်လို့ တရုတ်လိုရေးထားတဲ့ ကတ်ထူပြားအကြီးကြီးကို အဲဒီအမျိုးသား ကိုင်ဆောင်ထားတာတွေ့ရပါတယ်။

အဲဒီအမျိုးသားနာမည်ကိုတော့ မဖော်ပြထားပေမဲ့ ကုမ္ပဏီမှာ မန်နေဂျာရာထူးနဲ့ လုပ်နေတယ်လို့ သိရပါတယ်။ သူ ပေါက်ခဲ့တဲ့ဆုက တစ်ခုတည်းသောဆုကြီးပါ။ အခြားဆုတွေက အသေးတွေပါ။ ဒီဆုကို ပေါက်သွားတဲ့အတွက် သူလည်း မယုံကြည်နိုင်ဖြစ်ပြီး တကယ်လားလို့ ထပ်ခါထပ်ခါ မေးခဲ့ရပါတယ်။ ကုမ္ပဏီက လစာပြည့်ခွင့်ကို ငွေသားအဖြစ် ပြောင်းလဲယူမလားဆိုတဲ့ ရွေးချယ်ခွင့်လည်း ပေးထားပါတယ်။

ကုမ္ပဏီသူဌေးဟာ ဝန်ထမ်းတွေရဲ့စိတ်ဖီစီးမှု ပြေပျောက်စေဖို့အတွက် မဲနှိုက်တဲ့အစီအစဉ်လုပ်ပေးခဲ့တာဖြစ်တယ်။ ကုမ္ပဏီရဲ့နှစ်ပတ်လည်ညစာစားပွဲကို မကျင်းပဖြစ်တာ ၃ နှစ်ရှိပြီလို့ တရုတ်မီဒီယာတစ်ခုမှာ ဖော်ပြထားပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။