၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( October 30 to November 5 )
===============================================

ယခုအပတ်တွင် Aries ရာသီခွင်တို့၏ ကံတရားသည် အနည်းငယ် ညံဖျင်းနေတတ်ပါတယ်။ အထူးသဖြင့် အပြောအဆို၊ အပြုအမူတို့နှင့် ပက်သက်၍ သတိထားပေးရပါမယ်။ ကျန်းမာရေးအားဖြင့် စိတ်ဖိစီးမှုများ မြင့်မားနေတတ်ပါတယ်။

အကယ်၍ ယခင်က ချေးငွေ ယူထားကြသူများ အနေနှင့် ပြန်ဆပ်ရာတွင် အခက်အခဲများ ကြုံတွေ့နိုင်ပါတယ်။

ဤကာလအတွင်း သတင်းကောင်းများ ကြားသိရခြင်းကြောင့် တစ်မိသားစုလုံး ပျော်ရွှင်နေရတတ်ပါတယ်။ ဒါ့အပြင့် မိသားစုဝင်များနှင့် အတူ နေရာဒေသ တခုသို့ သွားရောက် လည်ပတ်နိုင်ခြေ ရှိနေပါတယ်။

ပြိဿရာသီခွင် – Taurus ( October 30 to November 5 )
===============================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက်မှုများ ရှိနေပါမယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်မှု ရှိနေပါမယ်။ သို့သော် တခါတရံ အသက်ရှူကြပ်သလို ခံစားရတတ်၍ သတိထားပေးပါ။ လိုအပ်ပါက ဆေးဘက်ဆိုင်ရာ အကြံဉာဏ်များ ရယူပေးပါ။

ဤကာလအတွင်း ငွေရေးကြေးရေးသည် အဆင်ပြေ ချောမွေ့နေပါမယ်။ မမျှော်လင့်ဘဲ ငွေကြေး အကျိုးခံစားခွင်များ ရရှိတတ်ပါတယ်။ မှန်မှန်ကန်ကန် အသုံးချနိုင်ပါက အနာဂတ်တွင် ပိုမိုကောင်းမွန်သော အကျိုးခံစားခွင့်များ ရရှိနိုင်မှာ ဖြစ်ပါတယ်။

သို့သော် Taurus ရာသီခွင်တို့၏ မိသားစုဘဝတွင် အနည်းငယ် ခက်ထန်နေနိုင်ပါမယ်။ အထူးသဖြင့် အပြောအဆိုတို့ကို သတိထားပေးပါ။

မေထုန်ရာသီခွင် – Gemini ( October 30 to November 5 )
===============================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ အထူးစိုးရိမ်စရာ မလိုအပ်ပေ။ သို့သော် စိတ်ခံစားချက် ပြင်းထန်နေတတ်၍ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ဂရုစိုက်ပေးပါ။ အထူးသဖြင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။

ငွေရေးကြေးရေးအားဖြင့် ဝင်ငွေ ကောင်းမွန်နေနိုင်သော်လည်း ရရှိလာသော ငွေကြေးသည် မတည်မြဲနိုင်ပေ။ အကြောင်းအမျိုးမျိုးကြောင့် အထွက်ငွေ ကြမ်းနေတတ်ပါတယ်။

ဤကာလအတွင်း Gemini ရာသီခွင်တို့သည် အိမ်တွင်းရေး ပြဿနာအချို့နှင့် ရင်ဆိုင် ဖြေရှင်းရဖွယ် ရှိနေပါတယ်။ မိမိ၏ နားလည်မှုကို မှန်ကန်စွာ ပြသပေးရန် လိုအပ်ပါမယ်။

ကရကဋ်ရာသီခွင် – Cancer ( October 30 to November 5 )
===============================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့၏ ကျန်းမာရေးသည် ညံ့ဖျင်းနေတတ်ပါတယ်။ အထူးသဖြင့် ကိုယ်ခံအား ကျဆင်းမှုကြောင့် ရောဂါဝေဒနာများ ဝင်ရောက်လာနိုင်ပါတယ်။ မိမိစွမ်းအင်ကို ချွေတာပေးပါ။

ငွေရေးကြေးရေး ကံတရား အားကောင်းနေမည့် အချိန်ကာလ ဖြစ်ပါတယ်။ ငွေကြေး အမြတ်အစွန်းများ ရရှိနိုင်သလို ဘဏ္ဍာရေး အခြေအနေ အားကောင်းနေပါမယ်။

သို့သော် Cancer ရာသီခွင်တို့၏ မိသားစုဘဝသည် အနည်းငယ် မငြိမ်သက်နိုင်ပေ။ အထူးသဖြင့် သဘောထား ကွဲလွဲမှုတို့ကြောင့် ပဋိပက္ခများ ဖြစ်ပေါ်နိုင်ခြေ ရှိနေပါတယ်။ မိသားစုဝင်တို့၏ အားနည်းချက်များကို ဝေဖန်ပြောဆိုနေမည့်အစား ကြိုးစား ပြုပြင်ပေးပါ။

သိဟ်ရာသီခွင် – Leo ( October 30 to November 5 )
===============================================

ယခုအပတ်တွင် Leo ရာသီခွင်တို့၏ ကျန်းမာရေးသည် ပုံမှန်ထက် အနည်းငယ် ညံ့ဖျင်းနေတတ်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးရန် လိုအပ်ပါမယ်။ ရာသီအလိုက် ဖြစ်ပွားတတ်သော ဝေဒနာအချို့ ခံစားရတတ်ပါတယ်။

ငွေရေးကြေးရေး အရ တိုးတက်မှုများ ရှိလာပါလိမ့်မယ်။ မမျှော်လင့်ဘဲ ငွေကြေး အကျိုးခံစားခွင်များ ရရှိတတ်ပါတယ်။ သို့သော် ရင်းနှီးမြုပ်နှံကြသူများ သို့မဟုတ် ကိုယ်ပိုင် စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့် အနည်းငယ် သတိထား ပေးရပါလိမ့်မယ်။ မိမိ၏ ယုံကြည်မှုအပေါ် အလွဲသုံးစား ပြုလုပ်ခြင်း ခံရနိုင်ခြေ ရှိနေပါတယ်။

ဤကာလအတွင်း Leo ရာသီခွင်တို့၏ မိသားစု ဘဝတွင် အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ပါမယ်။ အထူးသဖြင့် သီတင်းပတ် နှောင်းပိုင်းတွင် ကြားသိရသော သတင်းကောင်းကြောင့် တစ်မိသားစုလုံး ပျော်ရွှင်နေရတတ်ပါတယ်။

ကန်ရာသီခွင် – Virgo ( October 30 to November 5 )
===============================================

ဤကာလအတွင်း Virgo ရာသီခွင်တို့၏ ကျန်းမာရေးတွင် အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိလာပါလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာပါ ယခင်ထက် ပိုမိုတိုးတက်လာပါမယ်။

အိမ်ငှားနေထိုင်ကြသူများ အနေနှင့် ယခုအပတ်တွင် ဘဏ္ဍာရေး အခြေအနေသည် အနည်းငယ် ဆိုးဝါးနေနိုင်ပါတယ်။ အိမ်ပြုပြင်ရခြင်း စသော အပိုကုန်ကျစရိတ်များ ရှိနေတတ်ပါတယ်။ မိမိ၏ ငွေကြေး အခြေအနေကို စီမံခန့်ခွဲပေးရန် လိုအပ်ပါလိမ့်မယ်။

ဤကာလအတွင်း မိသားစုဝင်များ အကြား ဆက်ဆံရေးသည် မငြိမ်သက်နိုင်ပေ။ အတိတ်ကာလ ကိစ္စရပ် အချို့ကြောင့် စကားအခြေအတင် ပြောဆိုနေရတတ်ပါတယ်။

တူရာသီခွင် – Libra ( October 30 to November 5 )
===============================================

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် တက်ကြွမှု ပျောက်ဆုံးနေတတ်ပါတယ်။ အထူးသဖြင့် မိမိကိုယ် မိမိ အလွန်အကျွံ ဖိအားမပေးပါနှင့်။ လုံလုံလောက်လောက် အနားယူပေးပါ။

ဤကာလအတွင်း မလိုအပ်သော အသုံးစရိတ်တို့ကြောင့် ဘဏ္ဍာရေး အခြေအနေကို ထိခိုက်စေနိုင်ပါတယ်။ လျော်ကြေးငွေများ ပေးဆောင်ရ တတ်ပါတယ်။ လုပ်ငန်းသစ် စလိုသူများ အနေနှင့် အနည်းငယ် စောင့်ဆိုင်းပေးပါ။

အိမ်မှုရေးရာ ကိစ္စရပ်များ ပိုမိုလုပ်ဆောင်ရဖွယ် ရှိနေပါတယ်။ ဆုံးဖြတ်ချက်များ မချမှတ်မီ မိသားစုဝင်များနှင့် ဆွေးနွေးတိုင်ပင်ပါ။ Libra ရာသီခွင်တို့၏ မိသားစုဘဝအတွက် ငွေကြေး အချို့ သုံးစွဲရတတ်ပါတယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( October 30 to November 5 )===============================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် ပင်ပန်းနွမ်းနယ်မှု ဒဏ်ကို ခံစားနေရတတ်ပါတယ်။ အထူးသဖြင့် မိမိကိုယ်မိမိ လွန်စွာ တွန်းအား မပေးပါနှင့်။ စိတ်ပိုင်းဆိုင်ရာအရ ကြံ့ခိုင်မှုရှိအောင် နေထိုင်ပေးရပါမယ်။

ယခုအပတ် အစောပိုင်းတွင် ငွေ‌ရေးကြေးရေးသည် အနည်းငယ် ခက်ခဲနေတတ်ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့်လည်း မိမိမျှော်မှန်းသလောက် အကျိုးမဖြစ်ထွန်းပေ။

ဤကာလအတွင်း Scorpio ရာသီခွင်တို့၏ မိသားစု ဘဝတွင် အပြောင်းအလဲ အချို့ ဖြစ်ပေါ်နိုင်ပါတယ်။ မိသားစု၏ အကျိုးစီးပွားအတွက် တစ်ဦးတစ်ယောက်တည်း မဆုံးဖြတ်ပါနှင့်။ ဆွေးနွေး တိုင်ပင်ပေးပါ။

ဓနုရာသီခွင် – Sagittarius ( October 30 to November 5 )
===============================================

ဤကာလအတွင်း Sagittarius ရာသီခွင်တို့၏ ကျန်းမာရေးတွင် အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိလာပါလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ တိုးတက် ကောင်းမွန်နေပါမယ်။

ငွေရေးကြေးရေးအားဖြင့် အခွင့်အလမ်းများ ပေါ်ပေါက်လာတတ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့်လည်း မိမိ မျှော်မှန်းထားသည့်အတိုင်း အကျိုးအမြတ်များ ရရှိနိုင်ပါမယ်။ သို့သော် ငွေကြေး သုံးစွဲရာတွင် စနစ်တကျ စီမံခန့်ခွဲပေးပါ။

ဤကာလအတွင်း Sagittarius ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေတတ်ပါတယ်။ မိသားစုဝင်များနှင့် အတူ ကောင်းသော မင်္ဂလာအခါသမယများ ဆောင်ရွက်ရတတ်ပါတယ်။

မကာရရာသီခွင် – Capricorn ( October 30 to November 5 )
===============================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ အားနည်းနေတတ်ပါတယ်။ စိတ်တည်ငြိမ်မှု ပျောက်ဆုံးကာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့ရတတ်ပါတယ်။

ယခုအပတ်တွင် ငွေကြေး ကံတရားသည် နိမ့်ပါးနေတတ်ပါတယ်။ ရရှိလာသော ငွေကြေးသည် လက်ထဲတွင် မတည်မြဲနိုင်ပေ။ အမြဲမြဲလိုလို အကြောင်းကိစ္စ တစ်ခုခုကြောင့် သုံးစွဲရတတ်ပါတယ်။

ဤကာလအတွင်း Capricorn ရာသီခွင်တို့၏ မိသားစုဘဝတွင် ရန်အနှောင့်အယက်များနှင့် ထိပ်တိုက် ကြုံတွေ့ရတတ်ပါတယ်။ အထူးသဖြင့် မိမိ၏ ယုံကြည်မှုအပေါ် အလွဲသုံးစား ပြုလုပ်ခြင်း ခံရတတ်ပါတယ်။

ကုမ်ရာသီခွင် – Aquarius ( October 30 to November 5 )
===============================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် ကျန်းမာရေး အရ လုံလုံလောက်လောက် အနားယူပေးရပါမယ်။ အထူးသဖြင့် ခရီးရှည် သွားခြင်းတို့ကို ရှောင်ကြဉ်ပေးရပါမယ်။ အာဟာရ ပြည့်ဝသော အစားအစာများကို စားသုံးပေးပါ။

ငွေရေးကြေးရေး အရ ဆုံးရှုံးနိုင်ခြေ အခွင့်အလမ်း များနေတတ်ပါတယ်။ စတော့ဈေးကွက် သို့မဟုတ် လောင်းကစားကဲ့သို့ ကိစ္စရပ်များမှ ရှောင်ကြဉ်နိုင်ပါက ပိုမိုကောင်းမွန်ပါလိမ့်မယ်။

မိသားစု စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့် ဤကာလအတွင်း ရလာဒ်ကောင်းများ ရရှိနိုင်ပါမယ်။ မိသားစုဝင်များနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်နေပါမယ်။

မိန်ရာသီခွင် – Pisces ( October 30 to November 5 )
===============================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် စိတ်ဖိစီးမှုများမှ သက်သာရာ ရရှိနိုင်ပါမယ်။ မိမိကိုယ် မိမိ ကျန်းမာနေစေရန် တတ်နိုင်သမျှ ဂရုစိုက်ပြီး ကိုယ်လက်လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးပါ။

ငွေရေးကြေးရေးအားဖြင့် ကောင်းမွန်နေပါမယ်။ လုပ်ငန်းခွင် တိုချဲ့မှုတို့နှင့် အတူ အမြတ်အစွန်းကောင်းများကို ရရှိနိုင်ပါမယ်။ သို့သော် ငွေကြေး ကိစ္စရပ်များကို လက်လွတ်စပယ် မဆုံးဖြတ်ပါနှင့်။

ဤကာလအတွင်း Piscesရာသီခွင်တို့၏ မိသားစုဘဝတွင် ပျော်ရွှင်မှုများ ရှိနေပါမယ်။ မိသားစု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။