ဖခင်ဖြစ်သူ ချားလ်ဘုရင်ရဲ့ ၇၅ နှစ် ပြည့်မွေးနေ့ပါတီကို ဖိတ်ကြားမခံရဘူးဆိုတဲ့ ဟယ်ရီမင်းသား

Celebrity International News
ဖခင်ဖြစ်သူ ချားလ်ဘုရင်ရဲ့ ၇၅ နှစ် ပြည့်မွေးနေ့ပါတီကို ဖိတ်ကြားမခံရဘူးဆိုတဲ့ ဟယ်ရီမင်းသား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖခင်ဖြစ်သူ ချားလ်ဘုရင်ရဲ့ ၇၅ နှစ် ပြည့်မွေးနေ့ပါတီကို ဖိတ်ကြားမခံရဘူးဆိုတဲ့ ဟယ်ရီမင်းသား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဖခင်ဖြစ်သူ ချားလ်ဘုရင်ရဲ့ ၇၅ နှစ် ပြည့်မွေးနေ့ပါတီကို ဖိတ်ကြားမခံရဘူးဆိုတဲ့ ဟယ်ရီမင်းသား

ချားလ်ဘုရင်ဟာ ၇၅ နှစ်ပြည့်မွေးနေ့ကို နောက်အပတ်ကျ Clarence House မှာ ဆင်နွှဲမှာဖြစ်ပေမဲ့ သူ့ရဲ့အငယ်ဆုံးသားကတော့ သူတို့မိသားစုနေထိုင်ရာ ကယ်လီးဖိုးနီးယားကနေ လာရောက်မှာမဟုတ်ဘူးလို့ The Sunday Times က သတင်းထုတ်ပြန်ခဲ့တာပါ။ ဒါပေမဲ့ ဟယ်ရီမင်းသားရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ ဟယ်ရီမင်းသား ဖိတ်ကြားမခံရဘူးလို့ ဆိုပါတယ်။

“ဒီသတင်းဌာနရဲ့ထုတ်ပြန်မှုကို တုံ့ပြန်ပြောဆိုရရင် ချားလ်ဘုရင်ရဲ့လာမယ့်မွေးနေ့အတွက် ဖိတ်ကြားမှုနဲ့ပတ်သက်ပြီး အဆက်အသွယ်မရခဲ့ပါဘူး။ The Sunday Times က ဒီသတင်းကို မှားယွင်းဖော်ပြခဲ့တဲ့အတွက် စိတ်ပျက်စရာကောင်းပါတယ်”လို့ ဟယ်ရီမင်းသားရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အခုနှစ်အစောပိုင်းက ကိုယ်တွေ့မှတ်တမ်းစာအုပ် Spare ထွက်ရှိပြီးကတည်းက ဟယ်ရီမင်းသားနဲ့ သူ့ရဲ့မိသားစုကြား တင်းမာမှုတွေပြင်းထန်လာခဲ့တာပါ။ ဒါပေမဲ့ မေလကတော့ ဟယ်ရီမင်းသားက ဇနီးဖြစ်သူမပါဘဲ ဖခင်ဖြစ်သူရဲ့နန်းတက်ပွဲတက်ရောက်ဖို့ ဗြိတိန်ကို လာခဲ့ပါတယ်။

ဇနီးဖြစ်သူ မီဂန် မာကယ်က နန်းတတ်ပွဲနဲ့တစ်ရက်တည်းကျရောက်တဲ့ သားဖြစ်သူမွေးနေ့ပွဲကြောင့် လိုက်မလာဖြစ်ခဲ့ပါဘူး။ ဟယ်ရီမင်းသားက နန်းတတ်ပွဲအခမ်းအနားအပြီးမကြာခင်မှာပဲ ကယ်လီဖိုးနီးယားကို ပြန်သွားခဲ့တာပါ။နန်းတက်ပွဲတုန်းကလည်း တော်ဝင်ပွဲအကြောင်း Email ကို ဖခင်ဖြစ်သူဆီက တိုက်ရိုက်ရခဲ့တာမဟုတ်ဘူးလို့ ဟယ်ရီမင်းသားရဲ့အရင်းနှီးဆုံးသူငယ်ချင်းက ဆိုထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။