အခုနှစ်ထဲ နာမည်ကြီးကုန်အမှတ်တံဆိပ် ၃၀ ကျော်ကို ကြော်ငြာပေးနေရတဲ့ ထိပ်တန်းထိုင်းမင်းသမီးချော Bella Ranee

Celebrity International News
အခုနှစ်ထဲ နာမည်ကြီးကုန်အမှတ်တံဆိပ် ၃၀ ကျော်ကို ကြော်ငြာပေးနေရတဲ့ ထိပ်တန်းထိုင်းမင်းသမီးချော Bella Ranee

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ မြန်မာပရိသတ်တွေရဲ့ချစ်ခင်နှစ်သက်မှုကို ရရှိထားတဲ့ ထိုင်းမင်းသမီးချော Bella Ranee လည်း အပါအဝင်ပါပဲ။ ၂၀၂၃ ခုနှစ်က သူ့အတွက် ကောင်းတဲ့နှစ်တစ်နှစ်လို့ ဆိုရမှာပါ။ အခုနှစ်ထဲ နာမည်ကြီးကုန်အမှတ်တံဆိပ် ၃၀ ကျော်ကို ကြော်ငြာလက်ခံထားရတဲ့အတွက်ကြောင့်ပါ။

Thai Channel 3 မှာ နာမည်ကြီးဒရာမာ Prom Likit (Love Destiny 2) ထုတ်လွှင့်ပြသပြီးတဲ့နောက်မှာလည်း နောက်ထပ်ကုန်အမှတ်တံဆိပ် ၂ ခုအတွက် Ambassador ဖြစ်လာခဲ့ပါတယ်။ Bella က ရေချိုးဆပ်ပြာ၊ အလှကုန်ပစ္စည်း၊ ခေါင်းလျှော်ရည်၊ ဖိနပ်၊ ဖုန်း၊ အချိုရည်အပါအဝင် ကုန်ပစ္စည်းတွေကို လက်ခံကြော်ငြာပေးနေရတာပါ။
ထိုင်းနိုင်ငံက FENDI နိုင်ငံတကာအမှတ်တံဆိပ်နဲ့လက်တွဲခဲ့တာလည်း ကြာလှပါပြီ။

Nation TV ရဲ့ထုတ်ပြန်ချက်ကို အခြေခံပြီးတော့ Bella က ကြော်ငြာတစ်ခုအတွက် ဘတ် ၉ သန်းရရှိတယ်လို့ သိရပါတယ်။ အခုနှစ်မှာတော့ Bella ရဲ့သရုပ်ဆောင်ပီပြင်မှုတွေကို မြင်တွေ့ခဲ့ရတဲ့ Prom Likit ဒရာမာက တစ်နှစ်တာကြည့်ရှုနှုန်းအများဆုံးနဲ့အအောင်မြင်ဆုံးဇာတ်ကားဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။