ဘုမ္မိဆိုသည်မှာ

Astrology
ဘုမ္မိဆိုသည်မှာ

“ဘုမ္မိ”ဆိုသည်မှာ ပါဠိလို”ဘုမ္မိ”သည် “မြေကြီး”ဟု အဓိပ္ပာယ်ထွက်ပါတယ်။
မိမိရောက်ဆဲ အသက် ကို(၈)ခုနှင့်စားလျှင် ( ၄) ခုကြွင်းသောနှစ် ၊တစ်နည်းအားဖြင့်ဂြိုဟ် ( ၈) ခွင်တွင် မိမိမွေးနံရှိရာမှ( ၄)ခွင်မြောက်တွင် သက်ရောက်နေသောသို့မဟုတ်ဂြိုဟ်စားနေသောနှစ်ကို ဘုမ္မိ ကျသောနှစ်ဟု ခေါ် ​ကြပါတယ်။

မြန်မာ ရိုးရာဗေဒင်အယူအဆတွင် ဘုမ္မိသည် လူသေများမြှုတ်နှံရာ သင်္ချိုင်း၊တစ်နည်းအားဖြင့် မကောင်းသောအညစ်အကျေးများ စွန့်ပစ်ရာ နေရာ ဟု ယူဆထားကြပြီးဘုမ္မိ သို့ ကျရောက်လျှင်အလွန်ကံညံ့သည်ဟု ဆိုရိုးရှိကြပါတယ်။

ဘုမ္မိ နှင့်ပတ်သက်၍(၃)မျိုးရှိသည်။
၁။ဘုမမြိ။
၂။ဘုမ္မိ လေး။
၃။ဘုမ္မိ ကြီး ဟူ၍ဖြစ်ပါတယ်။

၂။ဘုမ္မိ လေး။

ဘုမ္မိ လေးဆိုသည်မှာ မိမိရောက်ဆဲ အသက်ကို ( ၈) နှင့် စားလျှင် ( ၇) ကြွင်းသောနှစ် ၊ တစ်နည်းအားဖြင့် ဂြိုဟ် ( ၈) ခွင်တွင် မွေးနံရှိရာမှ ( ၇) ခွင်မြောက်တွင်သက်ရောက်သို့မဟုတ်သက္ခတ်နေသောနှစ်ကို ဘုမ္မိ လေးကျသောနှစ်ဟုခေါ်ပါတယ်။

၃။ဘုမ္မိကြီး။

ဘုမ္မိ ကြီး ဆိုသည်မှာ မိမိရောက်ဆဲ အသက်သည် ဂြိုဟ်( ၈)ခွင်တွင် မွေးနံရှိရာမှ( ၄) ခွင်မြောက်တွင် ဂြိုဟ် အိပ် သို့မဟုတ် ဂြိုလ် စားနေပြီး မွေးနံရှိရာမှ ( ၇) ခွင်မြောက်တွင်သက်ရောက် သို့မဟုတ် သက္ခတ်နေသောနှစ်ကို ဘုမ္မိ ကြီးကျသောနှစ်ကိုခေါ်ပါတယ်။

ဘုမ္မိ ( ၃) မျိုးထဲတွင်
ဘုမ္မိ ကြီးသည်အလွန်ဆိုးပါတယ်။၊ဘုမ္မိကျသောဂြိုဟ်ဟာ…
– ရုတ်တရက် သေဆုံးတတ်ပါတယ်။
– ရာထူးဌာနန္တရ ပျက်ဆီးတတ်ပါတယ်။
– စီးပွားဥစ္စာ ပျက်ပြုန်းတတ်ပါတယ်။
– မိသားစုနဲ့ ဆွေမျိုး ညာတိပျက်စီးတတ်ပါတယ်။
– ရုတ်တရက် အိုးအိမ်အဆောက်အဦးများပျက်စီးဆုံရှုံးတတ်ပါတယ်။

ထိုကြောင့် ဘုမ္မိ ကြီး ကျသောနှစ်များတွင်
ကံသုံးပါးကိုလုံအောင်ထိမ်း ရတနာသုံးပါး မိဘဆရာ ကျေးဇူးရှင်တွေကို ဦးခိုက်ပူဇော်ဖို့သတိမမေ့ကြပါနဲ့။

သူတော်ကောင်းစိတ် မွေးသူများဆိုရင်တော့ဘုမ္မိစက်ကွင်း မိသည့်တိုင်အောင်အနေအထိုင်၊အသွားအလာအစားအသောက်၊အလုပ်အကိုင်တို့တွင်အစစအရာရာသတိတရားထားရှိပြီး ရတနာ(၃)ပါးကိုမပြတ်ကိုးကွယ်ဆည်းကပ်၍ ကုသိုလ် စရဏ တရားများများအားထုတ်ခြင်းစသော အလုပ်များပြုလုပ်သင့်ပါတယ်။

နောက်ထပ်အရေးကြီးတာက ပရိဝါရ၊အာယု အရပ်မျက်နှာ ရေတွက်ခြင်းပါပဲ။မွေးနံတိုင်းမှာ ကိုယ်ပိုင်…
၁။ပရိဝါရ
၂။အာယု
၃။နာဂရ
၄။ဘုမမြိ
၅။ဂဟပတိ
၆။တဇေ
၇။ဌာန
၈။သီရိ ဟု အရပ်ရှစ်မျက်နှာအလိုက် သတ်မှတ်ချက်ရှိပါတယ် ။

~ပရိဝါရ အခြွေအရံ၊
~အာယု အသက်၊
~နာဂရ မြို့ပြအရပ်ဒေသ၊
~ဘုမ္မိ အညစ်အကြေးစွန့်ရာမြေ၊
~ဂဟပတိ စီးပှားဥစ်စာ၊
~တေဇ ဘုန်းတန်ခိုး၊
~ဌာန စွဲမြဲရာဌာန၊
~သိရီ ကျက်သရေမင်္ဂလာ စသည်ဖြင့် ရှိပါတယ်။

အရေးကြီးဆုံးနဲ့သတိထားရမယ့်အရပ်ဒေသကတော့ ဘုမ္မိပါပဲ။ ဘုမ္မိဆိုတာ အညစ်အကြေး စွန့်ရာမြေ တနည်းအားဖြင့် သင်္ချိုင်းလို့သတ်မှတ်ထားပါတယ်။

မွေးနံကနေ စရေတွက်ရင် လေးခွင်မြောက်ဟာ ဘုမ္မိကျပါသည်။လူတစ်ယောက်ဟာ ဘုမ္မိဂြိုလ်စားဘုမ္မိသက်ရောက်ကျရောက်နေတဲ့အချိန်မှာ ကျမ်းမာရေး စီးပွားရေး အိမ်ထောင်ရေးတစ်ခုမဟုတ်တစ်ခု ပျက်စီးတတ်ပါတယ်။ကာယကံရှင် အနေမှန်သည်ဖြစ်စေအနေမှားသည်ဖြစ်စေကြုံရစမြဲမို့ ကံနိမ့်ချိန်လို့ပြောနိုင်ပါတယ်။

~တနင်္ဂနွေ သားသမီးအသက် ၃၀ မှ ၄၆ အထိ။
~တနင်္ဂလာသားသမီး အသက် ၄၁ မှ ၅၀ အထိ။
~အင်္ဂါသားသမီး အသက် ၃၆ မှ ၅၄ အထိ။
~ဗုဒ္ဓဟူးသားသမီး အသက် ၄၇ မှ ၅၈ အထိ။
~ကြာသာပတေးသားသမီး အသက် ၅၃ မှ ၅၈ အထိ။
~သောကြာသားသမီး အသက် ၄၃ မှ ၅၀ အထိ။
~စနေသားသမီး အသက် ၄၂ မှ ၆၂ အထိ။
~ရာဟုသားသမီး အသက် ၄၀ မှ ၅၄ အထိ။

အထက်ပါ အသက် အပိုင်းအခြားတွေသည် နေ့သားအလိုက် ဘုမ္မိစက်ကွင်းထဲ ကျနေတဲ့ အချိန် ဖြစ်ပါတယ်။ဒီအချိန်ကာလ တလျှောက်လုံး ဆိုးကျိုးခံစားနေရမှာ မဟုတ်ပေမယ့် ဒီကာလဟာ ကျန်တဲ့ကာလတွေထက် ဘဝမှာ ပိုမို ခက်ခဲကြမ်းတမ်း တတ်ပါတယ်။ မြင့်ရာကနေနိမ့်ပါးသွားတတ်ပါတယ်။ မမျှော်လင့်တဲ့ ကြမ္မာဆိုးတွေ ကျတတ်ပါတယ်။ အထူးသဖြင့် ဘုမ္မိထဲ အဝင်နှစ် ဒါမှမဟုတ် အထွက်နှစ်ကို ပိုပြီး သတိထားဖို့လိုပါတယ်။

ဘုမ္မိ(၄)မျိုး

~၁။ဘုမ္မိ=အသက်ကိုတည် ၈ နဲ့စား (၄)ကြွင်း။
~၂။ ဘုမ္မိလေး= အသက်ကိုတည် ၈ နဲ့စား (၇)ကြွင်း။
~၃။ ဘုမ္မိ နှစ်ထပ်= ဘုမ္မိဂြိုလ်အိပ် ကာလထဲလည်းရောက်နေချိန်၊ အသက်ကိုတည် ၈ နဲ့စား (၄)ကြွင်း တဲ့ နှစ်လည်းဖြစ်နေချိန်။
~၄။ ဘုမ္မိကြီး= ဘုမ္မိဂြိုလ်အိပ် ကာလထဲလည်းရောက်နေချိန် အသက်ကိုတည် ၈ နဲ့စား (၇)ကြွင်း တဲ့ နှစ်လည်းဖြစ်နေချိန်။

အဆိုးဆုံးကတော့ ဘုမ္မိနှစ်ထပ် နဲ့ဘုမ္မိကြီး တို့ ဖြစ်ပါတယ်။
ဘုမ္မိသည် မွေးနံနှင့် မိတ်ဖြစ်စေ၊ရန်ဖြစ်စေဆိုးကျိုးရလဒ်များ ရှိတတ်ပါတယ်။

ထို့ကြောင့် ဘုမ္မိစက်ကွင်းထဲ ရောက်နေချိန်တွင် ကံသုံးပါးကို လုံအောင်ထိမ်း ရတနာသုံးပါး မိဘဆရာ ကျေးဇူးရှင်တွေကို ဦးခိုက်ပူဇော်ဖို့သတိမမေ့ကြပါနဲ့။ သူတော်ကောင်းစိတ် မွေးသူများ ဆိုရင်တော့ ဘုမ္မိစက်ကွင်း မိသည့်တိုင်အောင် ဘုမ္မိဆိုးကျိုးက အဖျားခတ်ယုံလောက် ဆိုးကျိုးပေးပေမဲ့ သူယုတ်မာစိတ် မွေးမိပြီ ဆိုရင်တော့ အထက်က ပြောခဲ့တဲ့ ဆိုးကျိုးတွေ ခံစားရဖို့ ဖြစ်နေပါမယ်။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။