လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ တရုတ်ရဲခွေးလေး

International News
လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ တရုတ်ရဲခွေးလေး

ဒီချစ်စရာကောင်းတဲ့ ကော်ဂျီအမျိုးအစားခွေးလေးဟာ တရုတ်နိုင်ငံမှာ နာမည်ကြီးနေတဲ့ ရဲခွေးလေးပါ။ ဖူကျိုက်လို့အမည်ရပြီး ၆ လသားအရွယ်သာရှိပါသေးတယ်။ မကြာသေးခင်မှ စန်းတုန်းပြည်နယ်၊ ဝေဖန်မြို့က ရဲကင်းစခန်းမှာ သူ့ကို စမိတ်ဆက်ပေးခဲ့တာပါ။ သူ့ကို မြင်တွေ့ကြတဲ့သူတွေက ဗီဒီယိုတွေရိုက်ကြ၊ ဓာတ်ပုံတွေရိုက်ကြနဲ့ မြန်မြန်ဆန်ဆန်ပဲ နာမည်ကြီးသွားခဲ့ပါတယ်။

ဖူကျိုက်ရဲ့ဗီဒီယိုတွေက လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့ပြီး ဗီဒီယိုတစ်ခုဆိုရင် ကြည့်ရှုသူ ၁.၅ သန်းကျော်ရှိခဲ့ပါတယ်။ ဗီဒီယိုတစ်ခုမှာဆိုရင် အခြားရဲခွေးတွေဖြစ်တဲ့ ဂျာမန်သိုးထိန်းခွေးတွေနဲ့အတူ တွေ့ရတဲ့ ရဲတပ်ဖွဲ့ထဲက တစ်ယောက်ရဲ့ကျောမှာ ဖူကျိုက်ကို လွယ်ထားတာ မြင်တွေ့ရပါတယ်။ ဖူကျိုက်ရဲ့ခြေလက်တွေက တိုပေမဲ့ ကားအောက်တွေ (အထူးသဖြင့် ကျဉ်းမြောင်းတဲ့နေရာတွေကြား) စစ်ဆေးတဲ့အချိန် အသုံးဝင်တယ်လို့ သိရပါတယ်။

“တိုနေတဲ့ ခြေလက်တွေက သူ့ရဲ့အားနည်းချက်မဟုတ်ပါဘူး။ သူ့ရဲ့အားသာချက်ပါ” လို့ ဖူကျိုက်ကို ထိန်းကျောင်းသင်ကြားပေးသူက ပြောပါတယ်။ ဖူကျိုက်ကို ၂ လသားအရွယ်မှာ လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။