သွင်းဂိုးတွေ မြိုင်ဆိုင်ခဲ့ပြီး သရေရလဒ်တွေနဲ့သာ အဆုံးသတ်ခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားပွဲစဥ်များ

International News Sports
သွင်းဂိုးတွေ မြိုင်ဆိုင်ခဲ့ပြီး သရေရလဒ်တွေနဲ့သာ အဆုံးသတ်ခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားပွဲစဥ်များ

ဒီနံနက် ကစားခဲ့တဲ့ အာဆင်နယ် – ဘိုင်ယန်၊ ရီးရဲလ် – မန်စီးတီးတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဥ်တွေကတော့ သရေရလဒ်နဲ့သာ အဆုံးသတ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတဲ့ အာဆင်နယ်ဟာ ဘိုင်ယန်နဲ့ပွဲမှာတော့ ရုန်းကန်ခဲ့ရပါတယ်။

ပွဲအစ ၁၁ မိနစ်မှာ ဆာကာက အဝေးထောင့်ကန်ချက်နဲ့ ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမဲ့ ဂိုးသမား ရာယာရဲ့အမှားကတစ်ဆင့် ဂနာဘရီက ချေပဂိုး၊ ဟာရီကိန်းက ပင်နယ်တီနဲ့ ဒုတိယဂိုးတွေ သွင်းခဲ့ပြီး ဒုတိယပိုင်းကျမှ လူစားဝင် ကစားသမား ထရော့ဆက်က ချေပဂိုး ပြန်သွင်းခဲ့တာပါ။ ထရော့ဆက်ဟာ ပထမဆုံး ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဥ်၄ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ စတုတ္ထမြော​က် ကစားသမား ဖြစ်ပါတယ်။

အချိန်ပိုမှာ ကိုမန်း ပိတ်တဲ့ဘောလုံး ဂိုးသမား ခြေထောက်ကြားက ဝင်သွားပေမဲ့ တိုင်ထိခဲ့လို့ ဘိုင်ယန် ဂိုးထပ်မရခဲ့တာပါ။ နျူအာရဲ့ ခြေထောက်ကို ဝင်တိုက်ပြီး ပင်နယ်တီတောင်းခဲ့တဲ့ ဆာကာရဲ့ဖြစ်ရပ်ကလည်း လူပြောများခဲ့ပါတယ်။

ရီးရဲလ် – မန်စီးတီးပွဲစဥ်မှာတော့ လှပတဲ့သွင်းဂိုးတွေနဲ့အတူ ၃ ဂိုးစီ သရေကျခဲ့ပါတယ်။ မန်စီးတီးအတွက် ပွဲအစ ၂ မိနစ်မှာပဲ ဆေးလ်ဗားက ဦးဆောင်ဂိုး သွင်းခဲ့ပေမဲ့ ပွဲချိန် ၁၂ မိနစ်၊ ၁၄ မိနစ်တွေမှာ ရီးရဲလ်က ၂ ဂိုးဆက် ပြန်သွင်းနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးအတွက် ဂါဒီယို၊ ဖိုဒင်တို့ရဲ့ သွင်းဂိုးတွေ လှပခဲ့သလို ဗယ်ဗာဒီကလည်း အားပြင်းတဲ့ မြေမကျကန်ချက်နဲ့အတူ ရီးရဲလ်အတွက် ချေပဂိုး သွင်းပေးခဲ့တာပါ။

ရေးသားသူ –Yoyarlay Sports

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။