ကလေးတွေကို ရာသီဥတု အရမ်းပူလို့ နေ့စဉ် ဓာတ်ဆား၊ အသီးအနှံ များ ကျွေးဖြစ်ပါတယ်ဆိုတဲ့ ခိုင်နှင်းဝေ

Celebrity Local News
ကလေးတွေကို ရာသီဥတု အရမ်းပူလို့ နေ့စဉ် ဓာတ်ဆား၊ အသီးအနှံ များ ကျွေးဖြစ်ပါတယ်ဆိုတဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေဟာ ရုပ်ရည်ရော အရည်အချင်းအရ ပြည့်စုံရုံတင်မက စိတ်ထားကောင်းတဲ့နေရာမှာလည်း သူမတူတဲ့ မင်းသမီးတစ်ဦး ဖြစ်ပါတယ်။ လေးစားဂုဏ်ယူချစ်ခင်ရတဲ့ မင်းသမီး ခိုင်နှင်းဝေက အများအကျိုးသယ်ပိုးထမ်းရွက် တဲ့ ပရဟိတအလုပ်ကို လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာ အနုပညာအလုပ်တွေထက် ပြည်သူလို အပ်ချက်ကို ဖြည့်ဆည်းပေးပြီး ခိုင်နှင်းဝေပရဟိတ အသင်း နဲ့ ခိုင်မိသားစုဂေဟာတို့ကို ဦးစီးဆောင်ရွက်နေတာပဲ ဖြစ်ပါ တယ်။

အခုခေတ်မှာ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဒါပေမယ့် ခိုင်းနှင်းဝေကတော့ ကလေးလေးတွေ အများကြီးကို ဝမ်းနဲ့လွယ်မမွေးထားပေမဲ့ မိခင်ပမာ ချစ်ခင်ကျွေးမွေးစောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။သားသားမီး မီးလေးတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ လှုပ်ရှားမှုလေးတွေကို အမြဲ မျှဝေပေးလေ့ရှိပါတယ်။

အခုတစ်ခါမှာတော့ ဂေဟာက ကလေးတွေကို နွေရာသီကို အဆင်ပြေပြေဖြတ်သန်းနိုင်ဖို့ တတ်နိုင်သလောက် ဂရုစိုက်ဖြစ်ကြောင်းဝေမျှပေးလာတာပဲဖြစ်ပါတယ်။ “ရာသီဥတု အရမ်းပူလို့ နေ့စဉ် ဓာတ်ဆား၊ အသီးအနှံ များ ကျွေးဖြစ်ပါတယ်ရှင်…” ဆိုပြီးချစ်စရာကလေးတွေရဲ့ပုံရိပ်လေးတွေကိုဝေမျှပေးလာတာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။