ရဟန်းဘောင်သို့ ဝင်ရောက်သွားသော ဥက္ကဌကြီး ဦးဇော်ဇော်

Local News

မြန်မာနိုင်ငံရဲ့ လှူဒါန်းမှုတွေ ပြုလုပ်ရာမှာ ထိပ်ဆုံးကနေပါဝင်လှူဒါန်းနေသာ ဥက္ကဌကြီး ဦးဇော်ဇော်ဟာ

အလှူအတန်းပြုလုပ်ရုံသာမက ကိုယ်တိုင်လဲ သာသနာ့ဘောင်သို့ ယနေ့ဝင်ရောက်သွားပြီဖြစ်ပါတယ်။

အသက် ၅၃ နှစ်ပြည့်မွေးနေ့မှာ ဥက္ကဌကြီးဦးဇော်ဇော်ဟာ ပြင်ဦးလွင်မြို့မှာရှိတဲ့ ပါမောက္ခချုပ်ဆရာတော်ကြီး

သတင်းသုံးတော်မူသော ဓမ္မသဟာယစင်တာကျောင်းတွင် ဒုလ္လဘ ရဟန်းဘောင်သို့ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။

“ဦးဇော်ဇော်၏ (၅၃)နှစ်မြောက်မွေးနေ့ရက်မြတ်တွင် ပြင်ဦးလွင်မြို့ရှိ ဓမ္မသဟာယသာသနစင်တာ၌ ရဟန်းအဖြစ်ခံယူကာ

တစ်နှစ်တာအတွင်း လှူဒါန်းခဲ့မှုအစုစုကို ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ပါသည်။

နတ်လူသာဓုခေါ်နိုင်စေရန်အလို့ငှါ ထပ်ဆင့်မျှဝေအပ်ပါသည်။”
ဟု ဥက္ကဌကြီးဦးဇော်ဇော် ရဲ့ Facebook pageမှာ ဝေမျှထားသည်ကိုဖော်ပြပေးလိုက်ပါသည်။

Leave a Reply