ရာသီဖွားများနှင့် သူတို့ရဲ့ element များ

Astrology

Fire signs – Aries. Leo. Saggitarius
Earth Signs – Virgo. Capricon.Taurus
Air sings – Gemini. Libra. Aquarius
Water signs – Cancer, Scorpio, Pisces

အနောက်တိုင်း Astrology မှာ သက်ဆိုင်ရာ zodiac sign အလိုက် elemnt၄ခုရှိပါတယ်။ အဲဒီ elements တွေမှလည်းကိုယ်ရည်ကိုယ်သွေးတွေကိုယေဘုယျလေ့လာသိရှိနိုင်ပါတယ်။
……………………………………………………………………………………
Fire signs (Aries. Leo. Sagittarius)
ဒီလောင်မြိုက်နေတဲ့ fire elements တွေကိုပိုင်ဆိုင်ထားတဲ့ ရာသီခွင်တွေကတော့ Aries.Leo.Sagittarius တို့ဖြစ်ပြီး သူတို့ဆီမှာစစ်မှန်တဲ့အတွေးစိတ်ကူးစိတ်သန်းတွေ၊ ရည်မှန်းချက်မြင့်မြင့်ထားကြပြီး အိမ်မက်တွေကို အကောင်အထည်ဖေါ်ခြေတစ်လှမ်းခြင်းသွားနေကြသူတွေဖြစ်ပါတယ်။သူတို့တွေးတောဖန်တီးနိုင်သမျှအရာတွေကလည်းအကန့်အသတ်မရှိဘဲဖန်တီးနိုင်ကြပါတယ်။ ဒီfire sign တွေရဲ့လွမ်းမိုမှုအောက်မှာရှိတဲ့ကံကောင်းသူအချို့ကတော့ fire signတွေရဲ့လမ်းညွှန်မှုကောင်းတွေ၊အတွေးတွေကိုလက်ရရှိပါတယ်။
အခြားတစ်ဖက်မှာတော့ သူတို့ဟာ အသေအချာမစဉ်းစားဘဲတဇွတ်ထိုးလုပ်ခြင်း၊အတ္တမာနကြီးခြင်း၊သည်းခံနိုင်စွမ်းကျော်ရင်လည်းဒေါသထွက်ပြီးပေါက်ကွဲတတ်တဲ့ကိုယ်ရည်ကိုယ်သွေးတွေကိုပိုင်ဆိုင်ထားကြပါတယ်။ သတင်းကောင်းတစ်ခုသူတို့ကဟာဒေါသဖြစ်မြန်သလို၊ စိတ်ပြေလည်းမြန်ပြီး အမုန်းတရားအငြိုးထားခြင်းတို့ဟာလည်းသူတို့သဘာဝမဟုတ်ပါဘူး။ကြင်နာတတ်ပြီး၊သူ့တိုရဲ့မွေးရာပါအရည်အချင်းဖြစ်တဲ့အမှားတွေအတွက်ပြင်ဆင်ထားခြင်းကြောင့်လည်းလူတွေရဲ့ထောက်ခံမှုကိုပြန်လည်ရရှိပါတယ်။ Zodiac ရဲ့ elements တွေထဲမှာ fire signs တွေရဲ့ အခြားသူတွေအပေါ်ထားရှိပြီးသူတို့မျှဝေတဲ့နွေးထွေးမှုတွေကိုငြင်းဖို့ဆိုတာမဖြစ်နိုင်ဘဲသူတို့ကိုလည်းအလွယ်တကူချစ်မိနိုင်ကြပါတယ်။
…………………………………………………………………………………..
Earth signs (Taurus, Virgo, and Capricorn)
Earth signs ၁၂ရာသီခွင်ထဲမှ လက်တွေ့ကြခြင်း၊တည်မြဲခြင်း၊ အလုပ်ကြိုးစားခြင်းဆိုတဲ့ element ဖြစ်ပါတယ်။ မဆုတ်မနစ်ကြိုးစားတဲ့ဇွဲလုံလ ကိုယ်ရည်ကိုယ်သွေးရှိပြီး ပရောဂျက်ကြီးတွေတစ်ရက်ရက်အမှန်တကယ်ဖြစ်လာဖို့မရှိမဖြစ်လိုအပ်တဲ့ဖောင်ဒေးရှင်းတွေအတွက်တကယ့်တိတ်တိတ်ဆိတ်ဆိတ်နဲ့နောက်မှကူညီအထောက်အပံ့ပေးသူတစ်ယောက် လို့earth signs တွေကိုဥပမာပြုပါတယ်။
ဒီ element အောက်မှ မွေးဖွားလာတဲ့သူတွေ အကြံပေါင်းများစွာထဲကမှ တိကျခိုင်မာတဲ့ အဖြေတစ်ခုကို ရွေးနိုင်တဲ့အစွမ်းရှိပြီး၊ အရေးပါသောအချက်အလက်တွေကိုရှာဖွေနိုင်တဲ့မှန်ဘီလူး ပိုင်ဆိုင်ထားတဲ့ earth signs တွေဖြစ်ပါတယ်။
ဆုံးဖြတ်ချက်ချရာမှာနှလုံးသားထက်ဦးနှောက်ကိုပိုဦးစားပေးတာကြောင့်သူတို့တွေဟာသူတို့ကိုယ်သူတို့ အေးအေးဆေးဆေးနဲ့အမြဲတစ်ခုခုကိုတွက်ချက်စဉ်းစားနေတတ်တဲ့personlaityယေဘုယျအားဖြင့်ကိုပိုင်ဆိုင်ထားကြပါတယ်။နောက်ထပ်ပြောရမယ်ဆိုရင်အောက်ထဲမှာရှိနေတဲ့မြေကြီးလိုလောကကြီး၊လူသားတွေနဲ့အလှမ်းဝေးနေသလိုဖြစ်ပြီးမြေကြီးလိုအပေါ်ယံမာကျောသယောင်ထင်ရပေမယ့် တကယ်တော့အရမ်းကိုနူးညံ့သိမ်မွှေ့တဲ့အတွင်းစိတ်ထားကိုပိုင်ဆိုင်ထားသူတွေဖြစ်ကြပါတယ်။အပြင်မာကျောသယောင်ဟန်ဆောင်ပေမယ့် အတွင်းမှာခံစားနေရတာမျိုးလည်းရှိတတ်ပါသည်။ အများအားဖြင့်သူတို့ရဲ့ မာကျောလွယ်သယောင်ရှိတဲ့တဲ့စိတ်ကိုဖောက်ပြီးဝင်ရောက်လာတဲ့ ရူပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာ အရာတွေကိုခံစားလွယ်ပါတယ်။ စိတ်ထဲမှာခံစားနေရတဲ့အကြောင်းအရာတွေကိုပုံစံအမျိုးမျိုးနဲ့ဖော်ပြတတ်ကြပါတယ်။
…………………………………………………………………………………..
Air signs (Gemini, Libra, and Aquarius)

Air signs တွေကို ၁၂ရာသီခွင်ထဲမှာ လူမှုဆက်ဆံရေးအကောင်းဆုံး၊ စကားပြောဆိုဆက်သွယ်မှုအကောင်းဆုံးနဲ့မခန့်မှန်းနိုင်တဲ့ပြောင်းလဲမှုတွေရှိတယ်လို့သတ်မှတ်ထားပါတယ်။သူ့တိုရဲ့ကိုယ်ပိုင်စိတ်တွေက အလွန်မြန်တဲ့လေပွေတွေလို အကြံညဏ်တွေ၊စိတ်ကူးစိတ်သန်းတွေ အမြဲရရှိပါတယ်။ စည်းမျဉ်းကန့်သတ်ချက်ဘောင်တွေကျော်လွန်ပြီးမမောမပန်းစူးစမ်းလေ့လာလိုသူတွေလည်းဖြစ်ပါတယ်။သူတို့ကိုယ်ရည်ကိုယ်သွေးဟာအမြဲအသစ်အဆန်းတွေကိုရှာဖွေလေ့လာရတာနှစ်သက်တာကြောင့် မော်တာတစ်လုံးလိုလည်ပတ်နေပြီး သူတို့ရောက်သမျှနေရာမှာထုံးစံမဟုတ်တဲ့အသစ်သစ်တွေကို လေ့လာဖို့အတွက်အမြဲတက်ကြွလျက်ရှိပါတယ်။
လေဓာတ်ရဲ့စိုးမိုးမှုအောက်မှာမွေးဖွားတဲ့သူတို့အတွက်ကတော့အခြားသူတွေနဲ့ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူတွေဖြစ်ပြီးတစ်ဦးနဲ့တစ်ဦးအကျိုးအပြန်အလှန်အကျိုးပြုနိုင်တဲ့စွမ်းအားတွေကိုမွေးရာပါရရှိထားကြပါတယ်။ အဆုံးမရှိ conversation၊ စကားစမြည်ပြောဆိုရတာတွေကိုနှစ်သက်ပြီး၊ သူ့တို့ရဲ့ ပျော်ရွှင်မှုအစစ်အမှန်က စကားပြောဆက်သွယ်နေခြင်းဆိုတဲ့အရာမှာအမြဲတက်ကြွလျက်ရှိပါတယ်။ သိမ်မွေ့နူးညံတဲ့ air sign တွေကတော့ အကြံညဏ်ကမ္ဘာကြီးမှတင်မနေထိုင်ကြဘဲ သူတို့ရဲ့ပတ်ဝန်းကျင်ဆိုင်နဲ့ကူးလူးပြီး လူသားတွေနဲ့ပြောဆိုနေရခြင်းဟာ သူတို့ရဲ့အလှတရားကိုအမှန်တကယ်ပုံပေါ်စေပါတယ်။

အခြားတစ်ဖက်မှာတော့ ရှုပ်ထွေးတဲ့အပိုင်းလည်းရှိပါတယ်။အကြောင်းအရာတစ်ခုခုကိုဒွိဟဖြစ်တတ်တတ်ပြီးဟိုဟာလုပ်ရမလိုလိုဒီဟာလုပ်ရမလိုလိုနဲ့ဝိရောဓိဖြစ်တဲ့အပိုင်းလည်းရှိပါတယ်။စိတ်ထဲမှာအမြဲဘဘောထားကွဲလွဲမှုတွေရှိတတ်ပြီး၊စိတ်ထဲအမြဲစစ်ဖြစ်နေတတ်ပါတယ်။သူတို့စိတ်ထဲအမြဲသံသယရှိနေတတ်ပါတယ်တစ်ခုခုကိုကိုပြတ်ပြတ်သားသားရွေးချယ်ဖို့အတွက်၊….. ဥပမာ သူတို့လမ်းဆုံးလမ်းခွအလယ်ရောက်နေပြီးလမ်းပျောက်ချိန်ဘယ်ကိုသွားရမလဲဘယ်လမ်းကိုရွေးချယ်ရမလဲဆိုတာ ဒွိဟတွေနဲ့ဖြစ်နေချိန်နဲ့ ထင်ကြေးပေးတဲ့အရာတွေကြား ရွေးချယ်ဖို့ရှိတဲ့အခါ တစ်ခုခုကိုပြတ်ပြတ်သားသားရွေးချယ်ဖို့အတွက်သူတို့အတွက်တကယ်မလွယ်ကူလှပါဘူး။
………………………………………………………………………………….
Water signs (Cancer, Scorpio, Pisces)

ရေဓာတ်လွမ်းမိုးပြီး စိတ်ကူးညဏ်အရှိဆုံး၊တစ်ခုခုဆိုစိတ်ခံစားထိခိုက်အလွယ်ဆုံး၊အကြောင်းအရာတစ်ုခုကိုလွယ်လွယ်နဲ့မယုံတတ်ဆုံးသူတွေဖြစ်ပါတယ် ၁၂ရာသီခွင်ထဲမှာ။ ဘယ်သူမှသူတို့လောက်ပြင်းပြင်းထန်ထန်မဖြစ်ပါဘူး၊ဒီအရာကသူတို့ရဲ့ဖြစ်တည်မှုမှာ မရှိမဖြစ်အကြောင်းအရာတစ်ခုအနေနဲ့အမြဲပါတယ်။ သူ့တို့ဘာတွေလုပ်မလဲမခန့်နိုင်ဘဲခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့ကိုယ်ရည်ကိုယ်သွေးကိုပိုင်ဆိုင်ထားကြပါတယ်။ သူတို့ရဲ့စိတ်ခံစားမှုတွေဟာအမြဲခဏခဏအချိန်နဲ့ဆိုသလိုဖြစ်နေတတ်ပါတယ်။အဲဒါကြောင့်လည်းသူတို့စိတ်ခံစားမှုပြင်းထန်ဆုံးသူတွေလို့သတ်မှတ်ထားပါတယ်။ ရိုလာကိုစတာလိုဘဲခံစားမှုတွေနဲ့ မိသားစုသူငယ်ချင်း၊အချစ်ရေး နဲ့တစ်ခါတလေအလုပ်မှာတောင် သယ်ဆောင်ပါတယ်။
ဒါပေမယ့်အဲဒါကြောင့်ဘဲသူတို့မှာ ဘေးကလူတိုင်းရဲ့ခံစားချက်တွေအပေါ်စာနာမျှဝေတတ်ပြီးသူ့တို့အပေါ်ကိုကိုနားလည်မှုတွေပေးစွမ်းနိုင်ပြီး ကိုယ်ကျိုးမကြည့်ဘဲ ကူညီတတ်တဲ့စိတ်ထားကို ရေဓာတ်လွမ်းမိုးတဲ့ ဒီ zodiac သုံးခုအမွေရပါတယ်။
အခြားတစ်ဖက်မှာတော့ အမြဲပုံမှန်မဟုတ်ပြောင်းလဲနေတဲ့စိတ်ခံစားမှုတွေကြောင့် ခဏတဖြုတ်စိတ်ဆိုးစိတ်ကောက်တတ်ပြီး၊အရမ်းသဝန်တိုတာတွေထိအဖြစ်တတ်ပါတယ်။တစ်ခါတလေအခြားသူတွေနဲ့အလှမ်းဝေးကွာတဲ့အခြေအနေမှာတစ်ယောက်တည်းပြီးဆုံးသွားတတ်ကြပါတယ်။
၁၂ရာသီခွင်ထဲမှာ ရေဓာတ်လွမ်းမိုးတဲ့ ရာသီခွင်တွေရဲ အကောင်းဆုံးအားသာချက်ကလည်း စိတ်ပိုင်းဆိုင်အရာအသန်မာဆုံးသူတွေဘဲ ဖြစ်ကြပါတယ်။ သူ့တို့အပြင်မှာခံစားရတဲ့အကောင်းအဆိုးမှန်သမျှကိုအပြင်ထုတ်မပြဘဲ စိတ်ထဲမှာထားနိုင်တာသူတို့ရဲ့သန်မာမှုလို့မှတ်ယူနိုင်ပါတယ်။ စိတ်ထဲမှာကမ္ဘာပျက်ပြီးဝမ်းနည်းနေပါစေ၊ဒါမမဟုတ်ပျော်ရွှင်မှုတွေလွမ်းခြုံနေပါစေဒါမဟုတ်၊ကြောက်ရွံနေရင်၊အဲတာမှမဟုတ်အရမ်းဝမ်းသာနေရင်တောင်ပြင်မှာတော့အလိုက်သင့်ဘာမှမဖြစ်လိုပတ်ဝန်းကျင်နဲ့ဆက်သွားနိုင်တာသူတို့ရဲ့အဓိကသော့ချက်ဖြစ်ပါတယ်။အစကတည်းကအဲဒီခံစားချက်တွေကိုသူတို့ရဲ့အစိတ်အပိုင်းတစ်ခုလို့မှတ်ယူထားပါတယ်။ သူတို့ရဲ့နှစ်လိုဖွယ်ရာက ကမ္ဘာကြီးကိုသူတို့ဆီမှာရှိတဲ့အကောင်းဆုံးပုံစံနဲ့ပေးခြင်းဖြစ်ပါတယ်။
……………………………………………………………………………………

 

Leave a Reply