ယခုတလော ဝေဖန်မှုများစွာကြုံနေရသော နာမည် ၃ လုံး အနုပညာရှင်ရဲ့ နောက်ထပ်ပြဿနာတခု

Celebrity

သွင်းကုန်ထုတ်ကုန်ဌာနရဲ့ Manager တဦးဖြစ်သူ Ma Ei Myat Myat Mon မှ

ကြော်ငြာရိုက်ကူးရေးလုပ်ဆောင်စဉ်တွေ့ကြုံရတဲ့ အဖြစ်အပျက်ကို ၎င်း၏Facebook မှာ

ပြန်လည်ရေးသားထားခြင်းဖြစ်သည်။

***နာမည် ၃လုံးနဲ့(အနုပညာရှင်)***တစ်ယောက်နဲ့ ကြော်ငြာရိုက်ကူးရေးလုပ်ဖြစ်ခဲ့သောခါ….

*ကိုယ့်အဖေက လုပ်ငန်းစုတစ်ခုရဲ့ ထုတ်ကုန်သွင်းကုန်ဌာနရဲ့ manager ပါ ဒါပေမဲ့ ကြော်ငြာရိုက်ကူးရေးတွေကိုလည်းကြည့်ကြပ်ပေးရတယ် စီစဉ်ပေးရတယ် ရှေ့မှာ အနုပညာရှင်အများကြီးနဲ့ ရိုက်ကူးရေးတွေလုပ်ခဲ့ဖူးတယ် အားလုံးကဖော်ဖော်ရွေရွေနဲ့ အဆင်ပြေပြေပဲ

*ခေတ်ကိုက ကြော်ငြာအားကောင်းမှ ဝယ်လိုအားတက်တဲ့ခေတ်ဖြစ်နေတော့ ××× နဲ့ရိုက်မယ် ရအောင်ချိတ်ဆိုပြီးခိုင်းတော့ ပထမတစ်ခေါက်ဘဏ်ကြော်ငြာရိုက်ဖို့ချိတ်တယ် သူက တခြားဘဏ်တစ်ခုနဲ့စာချုပ်ချုပ်ထားလို့မရပါဘူးပြောတယ် ဒါပေမဲ့သူလုပ်ပေးနိုင်တာလေးတော့လုပ်ပေးပါမယ်ဆိုလို့သူ့အိမ်မှာသွားစောင့်တယ် ည၁၀နာရီသာထိုးသွားတယ် ရောက်မလာဘူး (အဲ့ချိန်ထိကိုကသူ့ဘက်ကပဲ အဖေကိုတောင်ပြောလိုက်သေးတယ် စာချုပ်ချုပ်ထားတာလေ ပြဿနာဖြစ်လို့လျှော်ရရင် အဖေတို့ companyကစိုက်ပေးမှာလားဆိုပြီး) တကယ်ဆိုဦးရေကျွန်မတော့ရိုက်ပေးလို့အဆင်မပြေပါဘူးပြတ်ပြတ်ပြောရင် အချိန်ကုန်ခံပြီးစောင့်နေစရာတောင်မလိုဘူး ထားပါဒါကတော့စာချုပ်နဲ့ငြိမဲ့ကိစ္စဆိုတော့

*နောက်တစ်ပတ် တခြား product တစ်ခုအတွက်ရိုက်ဖို့ချိတ်တယ် သူလည်းလက်ခံတယ် စချိတ်တည်းက ဒါရိုက်တာကော ဇာတ်ညွှန်းရော companyဘက်ကစီစဉ်ပြီးသားလို့ပြောတယ် သူကသရုပ်ဆောင်ပေးရုံပဲ ပြီးတော့ H****** barမှာရိုက်မှာမို့သင့်တော်မဲ့ဝတ်စုံစီစဉ်ခဲ့ပါလို့ကြိုပြောထားပြီးသား အဲ့ဒါကို မြန်မာဝတ်စုံကိုမှ ချိတ်တွေကြီးပဲယူချလာတယ် (barမှာ ချိတ်ဝတ်ပြီးတရားနာဖို့လားရှင့် 🤦‍♀️) ပြီးတော့ ပေးတဲ့ဇာတ်ညွှန်းအတိုင်းမလုပ်ပဲသူလုပ်ချင်ရာလုပ်တယ် ပြီးတော့ပြောသေးတယ် တာဝန်ရှိတဲ့လူကြီးနဲ့ပဲပြောမယ်တဲ့ (သူပြောတဲ့လူကြီးဆိုတာ GM or CEO) ဒီကြော်ငြာနဲ့ပတ်သတ်တာတွေကိုလုပ်ဖို့ ကိုယ့်အဖေနဲ့ အဖေ့ထက်ရာထူးကြီးတဲ့တစ်ယောက်ကိုတာဝန်ပေးထားတာ သူကလူကြီးနဲ့ပြောမယ်ဆိုတိုင်းဖုန်းဆက်ပေးလို့ရတာမှမဟုတ်တာ လုပ်ငန်းစုတစ်ခုရဲ့ CEOကရော အဲ့လိုကိစ္စကိုဆင်းပြောမလား

*သူ့ရေးတဲ့ဇာတ်ညွှန်းမလိုချင်လို့ ကိုယ့်ဘက်ကစီစဉ်ပေးထားတာကို လုပ်ချင်ရာတွေလုပ်သွားတာကတော့အဆိုးဆုံးပါပဲ

*သူဆိုတာကိုယ့်ထက်တစ်နှစ်ပဲကြီးတာ ပြောမယ်ဆို ကိုယ့်အဖေဆိုတာသူ့ ဦးလေးအရွယ် လူမှုရေးအရတောင် ယဉ်ယဉ်ကျေးကျေးပြောရမှာကိုစကားပြောကမောက်မာသေးတယ် တော်တော်ဆိုး လုံးဝမထင်ခဲ့တာအဲ့လောက်ဆိုးမယ်လို့

*အဲ့တော့ပြောချင်တာက ချမ်းသာသွားလို့မြောက်သွားတာထိလက်ခံလို့ရတယ် အလုပ်လုပ်တဲ့အချိန်တော့ အလုပ်နဲ့တူအောင်လုပ်ပြီး ကျေးဇူးတရားဆိုတာနားလည်တတ်ရတယ် လူကြီးကိုလည်းလူကြီးမှန်းသိတတ်ရတယ်ရှင့်(လူ့ယဉ်ကျေးမှုဆိုတာရှိရတယ်)

*ကိုယ်တွေတစ်အိမ်လုံးကတော့ အလှူအတန်းရက်ရောတယ် မိဘအပေါ်သိတတ်တယ်ဆိုပြီး အားပေးခဲ့ပါတယ် ကိုယ့်အမေဆို သူ့ videoတွေဆိုတစ်ခုမှမလွတ်ဘူးကြည့်ခဲ့တာ (ခုတော့ အဲ့လိုစိတ်ရှိလို့မြင်တောင်မမြင်ချင်တော့ပါဘူးတဲ့)

*တို့ဆိုလည်း သူစနာမည်ကြီးခါစကပေါက်ကရတွေလုပ်တော့ပြောတာပဲ နောက်ပိုင်းသူ့ကိုသူပြင်လာတယ်ဆိုပြီးလက်ခံခဲ့တယ် ဒါပေမဲ့ အခုလိုကိုယ့်အဖေကြုံလာရတော့ sorryပါပဲ

*ဒီအတိုင်းဆက်လုပ်နေရင် ဆန်းကျသွားတဲ့တစ်နေ့အကျနာလိမ့်မယ် အဲ့လိုမဖြစ်စေဘူးရှင့် အချိန်မှီသေးတယ် ပြင်လိုက်မယ်လို့မျှော်လင့်ပါတယ်နော်

*ဒီစာကတော့ဒီအထိပါပဲသိချင်တဲ့သူတွေအတွက်ပြောပြတာပါ အသေးစိပ်တော့စာရေးရမှာပျင်းလို့မရေးတော့ပါဘူးနော်

*ယူတို့ barကို ချိတ်နဲ့သွားရင်တို့ကိုလည်းလက်တို့ကြပါဦးနော် တို့မေမေချုပ်ပေးထားတဲ့ချိတ်တွေမဝတ်ရသေးလို့ပွဲထုတ်ချင်လို့ပါ 😌

Crd Ma Ei Myat Myat Mon facebook

Leave a Reply