ကိုဗစ်လူနာဆောင်က ပစ္စည်းခိုးတဲ့သူခိုးရေအမြန်ဆက်သွယ်ပါ။ဖမ်းဖို့ကနောက် swab test ယူဖို့အရင်ကွ

Health Local News

စစ်တွေဆေးရုံ ကိုဗစ်ကူးစက်ခံလူနာများထားရှိရာ( ယခင် အရိုးလူနာဆောင်) မှာ

မနေ့ည တနာရီ က ဖုန်းနစ်လုံးဝင်ခိုးသွားတဲ့ သူခိုးရေ ကျန်းမာရေးဌာနကို အမြန်ဆုံးဆက်သွယ်ပါ။

မင်းခိုးသွားတဲ့ ဖုန်းနှစ်လုံးပိုင်ရှင်က ကိုဗစ်ကူးစက်ခံထားရတဲ့ သူရဲကောင်း သူနာပြုနှစ်ယောက်ရဲ့

ဖုန်းကွ။ စောင်သူခိုးရေ ဖုန်းခိုးတာအရေးမကြီးဘူး မင်းအပါအဝင် မင်း မိသားစု အသိုင်းအဝန်းက

ရောဂါကူးစက်ခံရနိုင်ချေတော်တော်များနေပြီကွ။ ရောဂါတွေထပ်မဖြန့်ပါနဲ့တော့ကွာ အခုတောင်

တော်တော်များနေပါပြီ။ ဒီပိုစ့်ကိုတွေ့ရင် အမြန်ဆုံးကျန်းမာရေးဌာနကို ဆက်သွယ်ပြီး

Quarantine ဝင်ဖို့လုပ်ပါတော့ကွာ။

(သူခိုးသိရန် share ပေးခြင်းဖြင့် ကူညီပါ။)

information crd :Dr Zeyar Min Naing.

Leave a Reply