ရာသီခွင်တို့ရဲ့ Crush အပေါ် စိတ်နေစိတ်ထားများ

Astrology

၁။ Aries (March 21 – April 19)
Aries ဖွားတွေက Crush ရှိပြီဆိုရင် စိတ်လှုပ်ရှားပေမယ့် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်တဲ့သူတွေပါ။ သေချာအစီအစဉ်နဲ့ ကြိုးစားတာကြောင့် အောင်မြင်သွားတာလည်း ရှိသလို အဆင်မပြေတာလည်း ရှိပါတယ်။ ဒါပေမယ့် Aries ဖွားတွေဟာ Crushက ကိုယ့်ကိုမကြိုက်ဘူးဆိုရင် စိတ်က အလိုလိုသိပါတယ်။

၂။ Taurus (April 20 – May 20)
Taurus ဖွားတွေကတော့ Crushရလာပြီဆိုရင် ဘယ်သူ့ကိုမှပြောပြလေ့ မရှိပါဘူး။ ကြိတ်ခရပ်ရှ်ကြတဲ့ သူတွေပေါ့။ Crushနဲ့ ပတ်သတ်ပြီး ကိုယ်ဘယ်လို စိတ်လှုပ်ရှားတယ် ၊ ကိုယ်ဘာလုပ်သင့်တယ် ဆိုတာတွေကို ဘယ်သူကိုမှ မပြောပဲ တစ်ယောက်တည်း အကြာကြီး တွေးတောနေတတ်တဲ့ သူတွေပေါ့။ Crush တွေကလည်း Taurusတွေရဲ့ ခံစားချက်ကို ဘယ်တောမှ သိမှာမဟုတ်ပါဘူး။ သူတို့တွေက တစ်ယောက်တည်းတွေးတောပြီး ရင်ထဲမှာရှိသမျှ အချစ်တွေကို စိတ်ထဲမှာပဲ သိမ်းထားတာကိုး။

၃။ Gemini (May 21 – June 20)
Gemini ဖွားတွေက Crush နားမှာဆိုရင် စိတ်အရမ်းလှုပ်ရှားတတ်တာလေး တစ်ခုပဲ ထိန်းချုပ်ဖို့လိုပါတယ်။ စိတ်အရမ်း လှုပ်ရှားပြီး အယောင်ယောင် အမှားမှားတွေ ပြောနေတတ်ပါတယ်။ စိတ်ငြိမ်ငြိမ်သာထားမယ်ဆိုရင် Crushကြွေအောင် တော်ကီကောင်းတဲ့ သူတွေပါ။

၄။ Cancer ( June 21 – July 22)
Cancerတွေကတော့ Crushရပြီဆိုတာနဲ့ စဖီးလ်တော့တာပါပဲ။ ငါနဲ့သူနဲ့က မဖြစ်နိုင်ဘူး၊ သူနဲ့ငါနဲ့က အဝေးကြီးမှာ ဆိုပြီး ဘာမှစမကြိုးစားခင်ထဲက မဖြစ်နိုင်ဘူးဆိုပြီး တွေးတောနေတဲ့သူတွေပါ။ ဒီလိုဖြစ်တာကလည်း Cancerဖွားတွေက အတိတ်မှာ နာကျင်ခံစားခဲ့ရတာကြောင့်ပါ။ ဟိုးအဝေးကြီးမှာ ရှိတဲ့ နင့်ကိုကြည့်ပြီး ငါပျော်ပါတယ် ဆိုတဲ့သူမျိုးတွေပေါ့။

၅။ Leo (July 23 – August 22)
Leo ဖွားတွေကတော့ စCrushပြီဆိုတာနဲ့ စကြူတော့တာပဲ။ အချိန်တွေ ဘာတွေစောင့်မနေဘူး ။ စကြိုးစားတော့တာပဲ။ Leoဖွားတွေ Crushပြီဆိုရင်လည်း အရမ်းသိသာပါတယ်။ ကိုယ့်ကိုcrushက သတိထားမိလာဖို့အတွက်လည်း ခက်ခက်ခဲခဲ ကြိုးစားစရာမလိုတဲ့ သူတွေပေါ့။

၆။ Virgo (August 23 – September 22)
Virgo ဖွားတွေကတော့ Crush ရပြီဆိုတာနဲ့ Crush ကို မချဉ်းကပ်ခင် Crushနဲ့ ပတ်သက်တာတွေ အရင်စုံစမ်းကြတယ်။ Crushက ဘာကြိုက်တတ်တာ ၊ ဘာစားတတ်တာ ၊ ဘယ်နေရာတွေ သွားတတ်တာ စသဖြင့် Crushအကြောင်းကို သေချာနှံ့စပ်အောင် သိပြီဆိုမှ အကွက်ကျကျ ချဉ်းကပ်တတ်တဲ့ သူတွေပါ။

၇။ Libra (September 23 – October 22)
Libra တွေကတော့ Crush ရပြီဆိုရင် ဒီတိုင်း Crush သဘောပဲ ထားတယ်။ Crush နေတဲ့ချိန်မှာ အရမ်းစိတ်နှစ်လေ့ မရှိဘူး။ ကိုယ့်ကိုယ်ကို အရမ်းစိတ်မပါမိအောင် ထိန်းချုပ်တယ်။ Crushရဲ့ အခြေအနေပေါ်ကြည့်ပြီး ရေလိုက်ငါးလိုက်လေးပဲ နေလေ့ရှိကြပါတယ်။

၈။ Scorpio (October 23 – November 21)
Scorpio ဖွားတွေကတော့ Crush ဆိုတာကို အယုံအကြည် မရှိကြဘူး။ Crushပြီဆိုရင် ဘာလုပ်လို့ လုပ်ရမယ်ဆိုတာ မသိကြတော့ပါဘူး။ Crushကို ရင်းနှီးအောင် ချဉ်းကပ်ချင်သော်လည်း အမြဲတလွဲတွေပဲ လုပ်နေတတ်ပါတယ်။

၉။ Sagittarius (November 22 – December 21)
Crush ပေါများလွန်းတာ Sagittarius ဖွားတွေပေါ့။ Sagittarius ဖွားတွေက အပေါင်းအသင်း ပေါများပြီးတော့ ဆက်ဆံရေးလည်း ကောင်းတဲ့သူတွေပါ။ ဒါကြောင့် သူတို့နားမှာ ဝိုင်းဝိုင်းလည်နေတတ်ကြပြီး သူတို့ကိုယ်တိုင်ကလည်း Crush ပေါများကြပါတယ်။

၁၀။ Capricon (December 22 – January 19 )
Capricorn ဖွားတွေကတော့ Crush တဲ့အခါ တစ်ခါတစ်လေတော့ Crush သဘောမျိုးပဲ ပေါ့ပေါ့ပါးပါး သဘောထားကြပေမယ့် တစ်ခါတလေကျရင်တော့ အဲCrushကနေ တစ်ဘဝလုံးစာအတွက် ရည်ရွယ်ပြီး အရမ်းလေးနက်သွား တတ်ကြပါတယ်။

၁၁။ Aquarius (January 20 – February 18 )
Aquarius ဖွားတွေကတော့ Crush မိပြီဆိုရင် Crushရဲ့သူငယ်ချင်းတွေနဲ့ ခင်အောင်ပေါင်းပြီးတော့ သူတို့အကူအညီနဲ့ Crushနားမှာ တစ်ချိန်လုံးဝဲနေလို့ရအောင် ကြိုးစားကြပါတယ်။ Crushကိုလည်း သူငယ်ချင်းတစ်ယောက်လိုပဲ ဆက်ဆံတော့ ကိုယ်ကြိုက်နေတာကို ဘယ်သူမှ ရိပ်မိမှာမဟုတ်ပါဘူး။

၁၂။ Pisces (February 19 – March 20 )
Pisces ရာသီဖွားတွေကတော့ crush ကိုကြိုက်တယ်လို့ ဖွင်ေ့ပြာမယ့်အစား သေဆို သေမယ့်လူမျိုးတွေပါ။ အဲဒီအစား crushအပေါ်ထားတဲ့ ကိုယ်ရဲ့ခံစားချက်တွေကို သီချင်းလုပ်ရေးတာတို့ ပန်းချီဆွဲတာတို့တွေနဲ့ ခံစားရင်ဖွင့်တဲ့သူမျိုး

Leave a Reply