“စိပ်ပုတီးကိုင်တွယ်နည်း”

Astrology

“စိပ်ပုတီးကိုင်တွယ်နည်း”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “စိပ်ပုတီးကိုင်တွယ်နည်း” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“စိပ်ပုတီးကိုင်တွယ်နည်း”

ပုတီးကိုင်တွယ်ရာတွင် အယူအဆ အမျိူးမျိူး ရှိပါသည်။တစ်ချိူ့က ပုတီး ကို ” ထ ” ပုံသဏ္ဍန် ကိုင်တွယ်၍စိပ်ကြသည်။ယင်း သို့ စိပ် ခြင်း အား ဖြင့် ပု တီး သည် လက် နှစ်ဘက် လုံး ဟိုဘက်ရော သည် ဘက်ပါ တစ်ကြိမ်တည်း နှင့် နှစ်လုံး စိပ်သည် ဟု့ ယူ ဆသူ များ ရှိကြပါ သည်။
ယင်း သို့ ” ထ ” ပုံစံ စိပ် ခြင်း သည် ထွက်ရပ် လိုက်သူ များ အတွက် အကျိူး ကျေး ဇူးများ သည် ဟု့ယူ ဆ ကြပေသည်။

အချို့က ပုတီး ကို အောက် တွင် ချ ၍ မစိပ် ပဲ လက် နှစ်ဘက် ကို အတော်အသင့် ကိုင် မြှောက်၍စိပ်သော အလေ့အကျင့် ကို ပြု့လုပ်ကြပါသည်။ယင်း သို့ စိပ် ခြင်း ဖြင့် ပုတီးသည် ထမိန် ပုဆိုး တို့ ဖြင့် မထိပဲ သီးခြား လွတ်ကင်း ကာ သန့်စင်သည် စင်ကြယ် သည် ဟု့ ယူဆ ကြလေ သည် ။

အများ အား ဖြင့် ပုတီး ကို လက်မ နှင့် လက်ညှိုးဖိကပ်လျက် ကိုင်တွယ် စိပ် ခြင်း ကို အများ အား ဖြင့် မပြု့ လုပ် ကြ ပေ ။အတိတ်နမိတ် ကိုယူ ၍လော မသိပေ ။

လက်ညှိုးလက်မ တို့ ဖြင့် ပု တီး ကို ကိုင်တွယ်စိပ် ခြင်း နည်းပါးလှပေ သည်။လက်ညိုး ဟု့ ဆိုသဖြင့် နမိတ်ကို ယူသလော ဟု့တွေး တော ဖွယ် ဖြစ် သော် လည်း ယင်းအယူ အဆသည် ယုတ္တိ ရှိသော သဘော ကို မဆောင် ပေ ။

အဘယ်ကြောင့်မူ လက်ညှိုး နှင့် ညွှန် ပြခြင်းလက် ညှိုး ဖြင့် အမိန့် ပေး ခြင်း ကို ” စေ ” သဘောဆောင် သောလက် ဖြစ် သဖြင့် လက်ညှိုး နှင့်လက်မ ကိုင်တွယ် စိပ် ခြင်း ကို စဉ်းစား ဖွယ် ဖြစ်လေ သည် ။

အထူးသဖြင့် .. လက်ခလယ် နှင့်စိပ် သည် ကိုပုဂ္ဂိုလ် အတော် များ များ က နှစ်ခြိုက် ကြ ပေ သည် ။အဘယ်ကြောင့်မူ လက်ခလယ် သည် တန်ခိုး ရှိပြီး ဆေးဝါး စသော အမှုန့် အရည် တို့ ကို ဖျော် လျှင်လက်ခလယ် သာ လျှင် အသုံး ပြု့ကြသဖြင့် တန်ခိုးရှိ လေ သည် သန့် စင် သည် ဟု့ ယူ ဆကာ လက် ခလယ် ဖြင့် ပုတီး ကို ကိုင်တွယ် စိပ် ခြင်း အား အများ အား ဖြင့် နှစ် သက်ကြ လေ သည် ။

လက်သူကြွယ် နှင့် မူ အများ အား ဖြင့် မစိပ် ကြပေ

သို့သော် .. လက်သူကြွယ် နှင့်ပုတီး ကို ကိုင်တွယ် စိပ် ခြင်း အား ဖြင့် လက်သူကြွယ် ဟူ သော အတိတ်နမိတ် ကို ကောက် ၍ ဓနသိဒ္ဓိ အတွက် ဥစ္စာ တိုး ပွားရာ တိုးပွား ကြောင်း အတွက် ယင်း လက်သူကြွယ် နှင့် ပုတီး ကို ယုံကြည် ၍ စိပ် ယူ ၍ ဥစ္စာ ရတနာရွှေ ငွေ လာဘ်လာဘ ရနိုင် သည် ဟု့ ယုံကြည်ထားစိပ် လျှင် ချမ်းသာ စည်းစိမ် တိုးသည် ဟု့ မှတ်ယူ ကြ လေ သည် ။

လက် သန်း သည် လည်း အသုံး ဝင်သော လက်ပင် ဖြစ် လေ သည် ။လက်သန်း ဖြင့် ပုတီးစိပ် သူတို့ကို အများ အား ဖြင့် မတွေ့ချေ။ လက်သန်း ဖြင့် ပုတီး စိပ် ခြင်း သည်လည်းလွယ်ကူသော အလုပ် မဟုတ်ပေ။သို့သော် ယင်းး လက်သန်း ၏ အင်အား သည်ပြန်လှန်ခြင်း .. ဒဏ်ပြန်ခြင်း.. သူတစ်ပါး မိမိ ကို မကောင်း မကြံ နိုင် ခြင်း တို့ကိုခံစား လို လျှင် လက် သန်း ဖြင့် စိပ်ရသည် ဟု့ ဆိုကြပေသည်။

အထူးသဖြင့် လက်သန်း နှင့် ပုတီး စိပ်လျှင် မိမိ အား သူတစ်ပါး တို့က မကောင်းကြံလျှင် ဒဏ်ပြန် သည် ဟု့ အယူအဆမျိူး ကို တစ်ချိူ့ က လက်ခံထား ကြလေ သည် ။

ယင်း သို့ ပုတီး ကို လက်ညှိုး လက်ခလယ် လက်သူကြွယ် လက်သန်း ဖြင့် မိမိ တို့ အစဉ် ရှိရာမိမိ တို့ အကြံအစည် အလိုက် ယုံကြည်စွာ စိပ်လျှင်အကျိူး ထူး ပေ လိမ့်မည်။

အဘယ်ကြောင့်မူ.. ယုံကြည်မှု့အား သည် လုပ်ကိုင်သော လုပ်ငန်း အတွက် အထူး အားပြည့်သော အားဆေး တစ်ခွက် ဖြစ်ရာ ယင်းသို့ ပြင်းပြ သော ယုံ ကြည် ချက် သည် စိတ်တန်ခိုး ကို ထက် မြတ် စေနိုင် ပါ သည် ။

ဆရာ ဦးမောင်မောင်ညွန့် ရေးသားခဲ့သော” စိပ်ပုတီးဖြင့်အကြံအောင်နည်း ” စာအုပ် တွင် ရေး သားထားသည်ကို ဗဟုသု့တ ဖြစ်ဖွယ်ဖော်ပြပါသည်။

ရေးသားသူ – ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။