ပျက်ရင်ပြင်လိုက်ပါ

Astrology
ပျက်ရင်ပြင်လိုက်ပါ

ကျွန်တော်တို့ မြန်မာလူမျိုးတွေနဲ့ လုံးဝမစိမ်းတဲ့ ရင်းနီးပြီးသား ဗေဒင်ဟောကိန်း တစ်ခုရှိပါတယ် ။ လူတိုင်းလိုလိုလည်း ကြားဖူးနားဝ ရှိကြပါတယ် ။ အဲဒါကတော့ “#မဟာဇနက္ကဟောကိန်း” ဖြစ်ပါတယ် ။

ဟုတ်ကဲ့ ။ ကျွန်တော်အပါအဝင် လူတိုင်းလိုလို သိထားခဲ့ကြတဲ့ မဟာဇနက္ကဟောကိန်းဟာ “တည် ၊ ထွက် ၊ပျက် ၊ ကျောက် ၊ ထီး ၊ နန်း ၊ စံ” (၇)ကိန်းနဲ့ ဟောပြောထားပါတယ် ။ ဒါပေမယ့် အညံ့အခိုက် ရင်ဆိုင်ကြုံတွေ့ရမယ့် “#ပျက်”ကိန်း အသက်အပိုင်းအခြားအတွက်တော့ ယတြာပေးထားတာမျိုး အတွေ့ရနည်းလိမ့်မယ်လို့ ယူဆမိပါတယ် ။

ဟော… အခုတော့ ကျွန်တော် တချိန်က လေ့လာစုစောင်းထားခဲ့ဖူးတဲ့ နက္ခတ္တရောင်ခြည်မဂ္ဂဇင်း(ထုတ်ဝေခုနှစ် ရှာမရ)မှာ ရေးသားဖော်ပြထားတဲ့ ဆရာကြီး ဦးကျော်(ပြည်)”ရဲ့ “ပျက်လျှင် ပြင်ကြည့် ပျက်မထိ” ဗေဒင်ဆောင်းပါးဟောင်းကလေးကို ဒီကနေ့ပြန်လည်ဖတ်မိလို့ ဝေမျှပေးလိုက်ပါတယ် ။ သူ့ဆောင်းပါးမှာတော့ ဆောင်ရန် ၊ ရှောင်ရန် ယတြာတွေပါ တွေ့ရှိရလို့ ဝေမျှပေးလိုက်တာရယ်ပါ ။အများတကာ သိပြီးသား ပညာရပ်မို့အကျဥ်းခြုံးပဲဖော်ပြ ပေးလိုက်ပါတယ် ။

တနင်္ဂနွေသားသမီးတိုင်းအသက် ၁၉ ၊ ၃၃ ၊ ၄၇ ၊ ၆၁ ၊ ၇၅ ၊ ၈၉နှစ်တွေဟာ “ပျက်ကိန်း”ကျရောက်ပါတယ် ။

တနင်္လာသားသမီးတိုင်း အသက် ၂၀ ၊ ၃၄ ၊ ၄၈ ၊ ၆၂ ၊ ၇၆နှစ်တွေဟာ “ပျက်ကိန်း” ကျရောက်ပါတယ် ။

အင်္ဂါသားသမီးတိုင်း အသက် ၂၁ ၊ ၃၅ ၊ ၄၉ ၊ ၆၃ ၊၇၇နှစ်တွေဟာ “ပျက်ကိန်း” ကျရောက်ပါတယ် ။

ဗုဒ္ဓဟူးသားသမီးတိုင်း အသက် ၂၂ ၊ ၃၆ ၊ ၅၀ ၊ ၆၄ ၊ ၇၈နှစ်တွေဟာ “ပျက်ကိန်း” ကျရောက်ပါတယ် ။

ကြာသပတေးသားသမီးတိုင်း အသက် ၂၃ ၊ ၃၇ ၊ ၅၁ ၊၆၅ ၊ ၇၉နှစ်တွေဟာ “ပျက်ကိန်း” ကျရောက်ပါတယ်။

သောကြာသားသမီးတိုင်း အသက် ၂၄ ၊ ၃၈ ၊ ၅၂ ၊၆၆ ၊ ၈၀နှစ်တွေဟာ “ပျက်ကိန်း” ကျရောက်ပါတယ် ။

စနေသားသမီးတိုင်း အသက် ၂၅ ၊ ၃၉ ၊ ၅၃ ၊ ၆၇ ၊၈၁နှစ်တွေဟာ “ပျက်ကိန်း”ကျရောက်ပါတယ် ။

ပျက်ကိန်းဆိုတာကမဟာဇနက္ကရဲ့သင်္ဘောပျက်ကိန်းကိုဆိုလိုတာပါ ။

အဲဒီလိုအသက်အပိုင်းအခြားအသီးသီးမှာပျက်ကိန်းကြုံခဲ့ရင်ဘာတွေဖြစ်ပျက်ရင်ဆိုင်ရတတ်ပါသလဲ။

စီးပွါးရေးလူမှုရေးအဆင်မပြေတာ၊#စိတ်လေပြီးလုပ်ငန်းကိုင်ငန်းဆုံးရှုံးတာ၊#ခရီးသွားလာရေးအဆင်မပြေတာမျိုးတွေရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်။အဲဒီလိုကြုံတွေ့ခဲ့ရင်ကံပြင်ရမယ့်ယတြာတွေကိုဖော်ပြပေးလိုက်ပါတယ်။

ဘယ်နေ့သားသမီးမဆို…

ဘုန်းတော်ကြီးကျောင်းတွေက ကုဋီရေအိမ်တွေကို တဖန်မွမ်းမံပြုပြင်ပေးခြင်း ၊ မိဘအုပ်ထိန်းသူတွေရဲ့ အိမ်သာတွေကို တဖန်ပြုပြင်ပေးခြင်း ၊ ဆရာတော်ကြီးတွေကိုသိက္ခာ တဖန် ထပ်ပေးခြင်း ၊ မိမိနေထိုင်တဲ့ ရပ်ကွက် ၊ကျေးရွာ ၊ လမ်းအတွင်းရှိ ပျက်ဆီးယိုယွင်းနေတဲ့ ဗုဒ္ဓဆင်းတုတော်တွေကို တဖန် ပြုပြင်ပေးခြင်း ၊ မိမိနေထိုင်ရာ အိမ်ရှေ့ ၊ လမ်းတို့ရှိ မြေချိုင့်ခွက်တွေကို တဖန်ပြုပြင်ဖာထေးပေးခြင်းတွေ ဆောင်ရွက်ပေးရပါမယ် ။

ဒါ့ပြင်…
တနင်္ဂနွေသားသမီးဖြစ်ခဲ့ရင်မွေးနေ့ညနေတိုင်းမသန်စွမ်းသူတွေကိုတတ်အားသမျှငွေကြေးလှူဒါန်းပေးပါ။

တနင်္လာသားသမီးဖြစ်ခဲ့ရင်မွေးနေ့ညနေတိုင်းလူသွားလမ်းတွေကိုအုတ်ခဲ(၆)#ခဲခင်းပေးပါ။

အင်္ဂါသားသမီးဖြစ်ခဲ့ရင်မွေးနေ့ညနေတိုင်းခွေးလေခွေးလွင့်တွေကိုအစာကျွေးပေးပါ။

ဗုဒ္ဓဟူးသားသမီးဖြစ်ခဲ့ရင်မွေးနေ့ညနေတိုင်းစိတ်မနှံ့သူကိုဆေးဝါး(သို့)#အဆင်ပြေရာတစ်ခုခုလှူဒါန်းပေးပါ။

ကြာသပတေးသားသမီးဖြစ်ခဲ့ရင်မွေးနေ့ညနေတိုင်းယုန်(သို့)ဝက်ကို အစာကျွေးပေးပါ။

သောကြာသားသမီးဖြစ်ခဲ့ရင်မွေးနေ့ညနေတိုင်းမြင်း(သို့)ဘဲ(သို့)#မျောက်ကိုအစာကျွေးပေးပါ။

စနေသားသမီးဖြစ်ခဲ့ရင်မွေးနေ့ညနေတိုင်းဘုန်းတော်ကြီးကျောင်းဝင်းနဲ့ဘုရားဝင်းတွေမှာသန့်ရှင်းရေးလုပ်ပေးပါ။#အဆင်ပြေရင်ကုဋီရေအိမ်တွေကိုပါသန့်ရှင်းရေးပြုလုပ်ပေးပါ။
ဒါကြောင့်မို့ ပျက်နေရင် ပြင်လိုက်ပါ ။ပြန်ကောင်း သွားပါလိမ့်မယ်ခင်ဗျာ ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။