ရွှေတိဂုံဘုရားကြီးပေါ်က စိတ်ဝင်စားဖွယ်ထူးခြားချက်များအပိုင်း(၂)

Knowledge

ရွှေတိဂုံဘုရားကြီးပြန်ဖွင့်တဲ့အချိန်ကျရင် ဒီနေရာတွေကို သတိတရနဲ့သွားကြည့်လိုက်ကြပါ

ဘုရားအမှတ် ၁၆ ပါ အလွန်ထူးခြားပါတယ်ဘုရားရှင်ရဲ့မျက်လုံးတော်ကိုကြည့်ပြီး ကိုယ်ကြံစီထားတဲ့အကြံကိုပြောပြပြီး ရှိခိုးဆုတောင်းရင်အောင်မြင်ပါတယ်

ဘိုးဘိုးအောင်ဘုရားက လှမ်းကြည့်ရင် မြင်ရတဲ့မြင်ကွင်းပါ တနင်္လာထောင့်ရဲ့ အနောက်ဘက်မှာ အဘဘိုးမင်းခေါင် တရားအားထုတ်ရာနေရာပဲ ဖြစ်ပါတယ်

ရှင်လေးပါဘုရားလို့ခေါ်ပါတယ်

မောင်ကံဆရာပါ တပည့်မောင်ကံကို ထိုင်စောင့်နေတာပါဒါပေမယ့် မောင်ကံကတော့ ပြန်ထွက်မလာနိုင်ခဲ့ပါဘူး
စနေစောင်းတန်းက ပြန်ထွက်လာရင် ညာဘက်ခြမ်းမှာပါ

ဘုရားအမှတ် ၉၈-က ရဲ့ဘေးမှာ အပေါက်လေးတွေ့မိမှာပါ
ရှေးဘုရင်တွေဟာ ရွှေတိဂုံဘုရားကို လာဖူးရင် လူတွေ မရိပ်မိဖို့ ဒီအပေါက်လေးကနေ တက်လာပြီးဖူးကြပါတယ်တဲ့
ဒီဘက်ခေတ်မှာတော့ ပိတ်လိုက်ပါပြီ

အခုမြင်ရတဲ့ဆင်းတုတော်အောက်ခံပန္နက်တိုင်ဟာရွှေတိဂုံစေတီတော်ကြီး တည်ဖို့အတွက် ကုန်းတော်ပေါ်ကပထမဆုံးပန္နက်တိုင်ပါ သာသနဟိတတန်ဆောင်းတွင်းမှာတည်ရှိပါတယ်

ဒီဘုရားကတော့ တောင်ဘက်မုဒ်တည့်တည့် တန်ဆောင်းအတွင်းမှာ တည်ရှိပါတယ် ကောဏဂမနဘုရားရဲ့ ဝဲယာနှစ်ဘက်မှ ရုပ်ပွားတော်အပြင်
အနောက်ဘက် အတွင်းထဲမှ ရုပ်ပွားတော်နှစ်ဆူဟာ ရှေးဟောင်းဘုရားများ ဖြစ်ပါတယ်
အမှတ်တမဲ့ ကျော်သွားတတ်တာမို့ သတိတရနဲ့ ဖူးမျှော် နိုင်ဖို့တင်ပြလိုက်ပါတယ်

ရပ်တော်မူရုပ်ပွားတော်ဟာ ဒီဘက်ခေတ်မှာ ထုလုပ်ပူဇော်ခဲ့တဲ့ဘုရား ဖြစ်ပေမယ့် မြန်မာတပြည်လုံးမှာ ပုံစံအချိုးအစားအလွန်
ပြေပြစ်တဲ့ဘုရားဆိုပြီး မှတ်တမ်းရှိပါတယ်။
လေ့လာကြည့် နိုင်ပါတယ် (အရှေ့ဘက်မုဒ်ကတက်လာရင် ဘယ်ဘက်မှာတည်ရှိပါတယ်)

ရှင်အရဟံတန်ဆောင်းပါ
ဒီတန်ဆောင်းနဲ့ ပတ်သက်ပြီး
ပါးစပ်ရာဇဝင်တစ်ခုရှိခဲ့ပါတယ် ရှေးယခင်က အမျိုးသား တစ်ဦးဟာ ဒီတန်ဆောင်းကိုရောက်လာပြီး
တရားအားထုတ်ရာကနေ ကြည်ငြိုသဒ္ဒါစိတ် ဖြစ်လွန်းတာကြောင့် သူဟာ
တန်ဆောင်းအတွင်း ဘုရားတည်ပြီး လှူဒါန်းခဲ့ပါတယ်
သူ လှူဒါန်းခဲ့တဲ့ ဘုရားသုံးဆူဟာ အရှေ့မှာခုံ (စင်မြင့်) နဲ့
ဘုရားသုံးဆူဖြစ်ပါတယ် ထို ဘုရားများဟာ ယခင်မူလက ဘုရားများကို ကွယ်ထားသလို ဖြစ်သွားခဲ့ပါတယ်
တိုက်ဆိုင်စွာပဲ အလှူရှင်ဟာ သူလှူဒါန်းခဲ့တဲ့ ဘုရားများ ကိုရေစက်ချနေရင်း မျက်စိနှစ်ကွင်း အလင်းမရတော့ပါဘူး
ယနေ့ချိန်ထိ တရားအားထုတ်သူများကတော့ ရှိနေဆဲပါ။

Leave a Reply