ရန်ကုန်တိုင်း အတွင်း ထုတ်ပြန်ကြေငြာခဲ့သော stay home အစီအစဉ် မှာ အနည်းဆုံး ၂ ပတ်ကြာမှသာ ထိရောက်မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ကြေငြာ

Local News

ရန်ကုန်တိုင်း အတွင်း ထုတ်ပြန်ကြေငြာခဲ့သော stay home အစီအစဉ် မှာ အနည်းဆုံး ၂ ပတ်ကြာမှသာ ထိရောက်မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ကြေငြာသည်။ ယခုလောလောဆယ်တွင် လူနာများ သေဆုံးမှု နည်းပါးစေရန် ဆရာဝန်ကြီးများ၊ နှီးနွယ် ဘာသာရပ်အမျိုးမျိုးမှ ကျွမ်းကျင် ဝန်ထမ်းများနှင့် ဆေးရုံအုပ်ကြီးများက နေ့ညမရွေး အစွမ်းကုန်ကုသပေးလျက်ရှိသည်။ ထို့အပြင် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် ဝန်ကြီးဌာနက အထူးပံ့ပိုးကူညီ ဆောင်ရွက်နေကြောင်း သတိပေးချက်တွင် ပါရှိသည်။ 

ကပ်ရောဂါသည်မည်သည့်အချိန်တွင်မြန်မာပြည်မှာဆုတ်ခွာမည်ကိုအတိအကျမပြောနိုင်သော်လည်းပြည်သူများပူးပေါင်းပါဝင်မှုနှင့်စည်းကမ်းလိုက်နာမှုများပေါ်မူတည်ကြောင်းပြည်ထောင်စုဝန်ကြီးကပြောကြားသည်။ယခုအခါတွင်အဓိကဆောင်ရွက်နေသည့်လုပ်ငန်းစဉ်သုံးခုရှိပြီးယင်းတို့မှာ – ဆေးရုံများတွင်ကျန်းမာရေးဝန်ထမ်းများအားရောဂါကူးစက်မှုမဖြစ်စေရေးနှင့်လူနာများအသက်ဆုံးရှုံးမှုမဖြစ်စေရေး၊အသွားအလာကန့်သက်သည့်နေရာအဆောက်အအုံများပိုမိုရရှိရေးနှင့်စနစ်တကျပီပြင်စွာစီမံခန့်ခွဲနိုင်ရေးနှင့်အတည်ပြုလူနာနှင့်ထိတွေ့သူများကိုစုံစမ်းဖော်ထုတ်ကာဓာတ်ခွဲစစ်ဆေးရေးများဖြစ်သည်ဟုယင်းကရှင်းပြသည်။ 

ကပ်ရောဂါသဘောတရားအရပြောင်းလဲနေသည့်ဖြစ်စဉ်များအပေါ်မူတည်ကာနည်းဗျူဟာများကိုလိုအပ်သလိုပြောင်းလဲကျင့်သုံးနေကြောင်းလဲအသိပေးသည်။လူစုလူဝေးနေရာများဖြစ်ကြသောစျေးများနှင့်အလုပ်ရုံများမှတစ်ဆင့်ရောဂါကူးစက်မှုမဖြစ်စေရန်ကြီးကြပ်ဆောင်ရွက်နေကြောင်းပြည်ထောင်စုဝန်ကြီးကပြောကြားသည်။

Leave a Reply