NLD ထောက်ခံကြောင်း ကျောက်ပန်းတောင်းမြို့ပေါ် လှည့်လည်အင်အားပြသည့်ယာဉ်တန်းပါလူငယ်တစ်ဦးသေဆုံး

Local News

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီအား ထောက်ခံကြောင်း ကျောက်ပန်း တောင်းမြို့ပေါ်သို့ လှည့်လည် အင်အားပြသည့် ယာဉ်တန်း၌ လိုက်ပါလာသည့် ဖက်တောရေ ကျေးရွာမှ လူငယ်တစ်ဦးသည် ဦးနှောက်သွေးကြောပြတ်၍ သေ ဆုံးသွားကြောင်း မိသားစုဝင်နှင့် ကူညီရေးအဖွဲ့တာဝန်ရှိသူတို့က ပြောသည်။

ကျောက်ပန်းတောင်းမြို့ နယ် လက်ပံပျားတိုက်နယ် NLD ပါတီဆိုင်းဘုတ်တင်ပွဲကိုအောက် တိုဘာ ၁၀ ရက် နံနက်ပိုင်းက ပြု လုပ်ခဲ့ရာ ဖက်တောရေကျေးရွာ အပါအဝင် အဆိုပါဒေသတစ်ဝိုက် ရှိ ကျေးရွာများက လာရောက်ခဲ့ ကြောင်း၊ ထိုမှတစ်ဆင့် မြို့ပေါ် သို့ ယာဉ်များ၊ ထော်လာဂျီများ၊ ဆိုင်ကယ်များဖြင့် ပါတီထောက် ခံကြောင်း သွားရောက်အင်အား ပြစဉ် အသက်(၂၃)နှစ်အရွယ်ရှိ ကိုအေးထွန်းအောင်သည် ရုတ် တရက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖက်တောရေ ကျေးရွာခံအချို့က  ပြောသည်။

သေဆုံးရခြင်း  အကြောင်း ရင်းမှာ  ဦးနှောက်သွေးကြောပြတ် ၍ဟု  ဆရာဝန်က ပြောပြကြောင်း  သိရှိရသည်။သေဆုံးသွားသည့်လူငယ် သည် မူလတန်းကျောင်းသားဘဝ ကတည်းက အတက်၊အမူးရောဂါ မကြာမကြာ ဖြစ်ပွားခဲ့သော ကြောင့် ကျောင်းဆက်မထားခဲ့ ကြောင်း၊ မကြာခဏဆေးကုသမှု ခံယူခဲ့ရသူဖြစ်ကြောင်း ထိုသူ၏ အဖိုးဖြစ်သူ ဦးတင်ဆောင်က ပြောပြသည်။

ကျောက်ပန်းတောင်းမြို့ နယ် NLD ပါတီအနေဖြင့် ကပ် ရောဂါကြောင့် အင်အားမပြရန် မြို့နယ်အတွင်းရှိ ကျေးရွာများသို့  မေတ္တာရပ်ခံစာသုံးကြိမ်ပေးပို့ထား သော်လည်း ကျေးရွာများက ကျောက်ပန်းတောင်း မြို့ပေါ် လှည့်လည်နေဆဲဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဦးအေး ခိုင်က ပြောသည်

Leave a Reply